Latest News

*မေတ္တာပွားပုံ အစဉ်*

*မေတ္တာပွားပုံ အစဉ်*

မိမိချစ်သူ၊ လယ်လတ်သူနှင့်၊ ရန်သူတစ်ဖြာ မြတ်မေတ္တာ ပွားကာစဉ်တိုင်းသိ။

၁။ ငါသည် ဘေးရန် ကင်းရပါလို၏၊ စိတ်ဆင်းရဲ ကင်းရပါလို၏၊ ကိုယ်ဆင်းရဲ ကင်းရပါလို၏၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိရဲ့ ခန္ဓာ့ဝန်ကို ဆောင်ရွက်နိုင်ရပါလို၏။

၂။ ငါ၏အမေ၊ (အဖေ၊ သားသမီး၊ ဆရာသမား၊ အလုပ်ရှင်၊ သူငယ်ချင်း စသည်) စိတ်ဆင်းရဲ ကင်းပါစေ၊ ကိုယ်ဆင်းရဲ ကင်းပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိရဲ့ ခန္ဓာ့ဝန်ကို ဆောင်ရွက်နိုင်ပါစေ။

ငါ၏ အလုပ်ရှင် (------) သည် စိတ်ဆင်းရဲ ကင်းပါစေ၊ ကိုယ်ဆင်းရဲ ကင်းပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိရဲ့ ခန္ဓာ့ဝန်ကို ဆောင်ရွက်နိုင်ပါစေ။

(ကိုယ်ချစ်ကြည်ညိုရာ တစ်ယောက်ချင်းစီကို ကုန်အောင်ပွားပါ။ ချစ်ခင်တဲ့ မိတ်ဆွေတွေ များနေလို့ ရှေ့ဆက်မတက်နိုင်သေးရင်လည်း ကိစ္စမရှိပါဘူး။ ဆယ့်ငါးယောက်ရှိရင် ဆယ့်ငါးယောက်လုံးပေါ့။)

၃။ မချစ်မမုန်း အလယ်အလတ်ဖြစ်သော (------) သည် စိတ်ဆင်းရဲ ကင်းပါစေ၊ ကိုယ်ဆင်းရဲ ကင်းပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိရဲ့ ခန္ဓာ့ဝန်ကို ဆောင်ရွက်နိုင်ပါစေ။

၎။ ငါ၏ ရန်သူဖြစ်သော (------) သည် စိတ်ဆင်းရဲ ကင်းပါစေ၊ ကိုယ်ဆင်းရဲ ကင်းပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိရဲ့ ခန္ဓာ့ဝန်ကို ဆောင်ရွက်နိုင်ပါစေ။ (ပို့လို့ရရင် ပို့ပါ၊ မရရင်ကျော်လိုက်ပါ။)

*** *** ***

*သဗ္ဗေသင်္ဂါဟိက မေတ္တာဘာဝနာ*

၁။ အရပ်ဆယ်မျက်နှာနေ အားလုံးသောသတ္တ၀ါတွေ ဘေးရန်ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမတို့ရဲ့ ခန္ဓာ့ဝန်ကို ဆောင်ရွက်နိုင်ကြပါစေ။

*** *** ***

*တိက မေတ္တာဘာဝနာ*

ကြီးငယ်တိုရှည်၊ ဆူကြုံလှီ အလယ် သုံးဆင့်နှော။

၁။ ခန္ဓာကိုယ် ကြီးသောသတ္တ၀ါတွေ၊ ခန္ဓာကိုယ် ငယ်သော သတ္တ၀ါတွေ၊ ခန္ဓာကိုယ် မကြီးမငယ် အလယ်အလတ်ဖြစ်သော သတ္တ၀ါတွေ ဘေးရန်ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမတို့ရဲ့ ခန္ဓာ့ဝန်ကို ဆောင်ရွက်နိုင်ကြပါစေ။

၂။ ခန္ဓာကိုယ် တိုသောသတ္တ၀ါတွေ၊ ခန္ဓာကိုယ် ရှည်သော သတ္တ၀ါတွေ၊ ခန္ဓာကိုယ် မတိုမရှည် အလယ်အလတ်ဖြစ်သော သတ္တ၀ါတွေ ဘေးရန်ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမတို့ရဲ့ ခန္ဓာ့ဝန်ကို ဆောင်ရွက်နိုင်ကြပါစေ။

၃။ ခန္ဓာကိုယ် ဆူဖြိုးသော သတ္တ၀ါတွေ၊ ခန္ဓာကိုယ် ကြုံလှီသော သတ္တ၀ါတွေ၊ ခန္ဓာကိုယ် မဆူမဖြိုး မကြုံမလှီ အလယ်အလတ်ဖြစ်သော သတ္တ၀ါတွေ ဘေးရန်ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမတို့ရဲ့ ခန္ဓာ့ဝန်ကို ဆောင်ရွက်နိုင်ကြပါစေ။

*** *** ***

*ဒုကမေတ္တာ ဘာဝနာ*

မြင်မမြင်ရေး ၊နီးအဝေး၊ ဒွန်ဒွေး ယှက်၍ဟော။
သန္တေ ပ၀တ္တိ၊ ကြောက်ခြင်းရှိ၊ မရှိ နှစ်ချက်ဟော။

၁။ ငါမြင်ဖူးသော သတ္တ၀ါတွေ၊ ငါမမြင်ဖူးသော သတ္တ၀ါတွေ၊ ဘေးရန်ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမတို့ရဲ့ ခန္ဓာ့ဝန်ကို ဆောင်ရွက်နိုင်ကြပါစေ။

၂။ ငါ၏ အနီးမှာ ရှိနေကြသော သတ္တ၀ါတွေ၊ ငါ၏ အဝေးမှာ ရှိနေကြသော သတ္တ၀ါတွေ၊ ဘေးရန်ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမတို့ရဲ့ ခန္ဓာ့ဝန်ကို ဆောင်ရွက်နိုင်ကြပါစေ။

၃။ ပဋိသန္ဓေ တည်ဆဲသတ္တ၀ါတွေ (၀ါ) အမိဝမ်းတွင်းမှာ ကိန်းနေသော သတ္တ၀ါတွေ၊ ပ၀တ္တိ ပုဂ္ဂိုလ်တွေ (၀ါ) အမိဝမ်း အပြင်ဘက်ကို ရောက်နေကြတဲ့ သတ္တ၀ါတွေ ဘေးရန်ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမတို့ရဲ့ ခန္ဓာ့ဝန်ကို ဆောင်ရွက်နိုင်ကြပါစေ။

၎။ ကြောက်ခြင်းရှိသော ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ် ပုဂ္ဂိုလ်တွေ၊ ကြောက်ခြင်းမရှိသော အနာဂမ် ရဟန္တာ ပုဂ္ဂိုလ်တွေ ဘေးရန်ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမတို့ရဲ့ ခန္ဓာ့ဝန်ကို ဆောင်ရွက်နိုင်ကြပါစေ။

*** *** *** *** *** ***

>>> ဆရာတော် အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ) ၏ မေတ္တာ အတွေးများ စာအုပ်မှ ကောက်နုတ် ဖော်ပြ ရေးသား မျှဝေအပ်ပါတယ်ခင်ဗျာ။

>>> အားလုံးသော ဓမ္မ မိတ်ဆွေများ မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရားတို့ဖြင့် ကိုယ်စီ ကိုယ်ငှပြည့်စုံနိုင်ကြပါစေ။

လေးစားစွာဖြင့်
ဖိုးသား

20.01.2009, TUE:, 06:34:40 PM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply