အကျွန်ုပ်လေ…အသင်တို့ လိုအပ်ရင်
ခိုကပ်မနေ
တတ်သ၍
စွမ်းသမျှ
နွမ်းလျပါစေ
လမ်းပြချင်သူပါ။
အကျွန်ုပ်ကို…
အသင်တို့ မသုံးချင်လည်း
ဘ၀င်မငြှိုး
အစဉ်ရိုးကုပ်
သင်လုပ်သမျှ
ကျင်ထုတ်ပလည်း
ဒုက္ခမမြင်
သုခလည်းမထင်သူပါ။
အကျွန်ုပ်ဟာ…
သင်လိုရာနေ
သင်နှင်ရာစေ
သင်လိုရင်သုံး
သင်မလိုလည်း
ပြုံးပြုံးလေးနဲ့
သင်ထားသလိုစံမယ့်
အဖြည့်ခံ
ဖိနပ်တစ်ရံလေ။ ။
လောကအတွက် ဖြည့်ဆည်းရန် ရည်သန်လျက်...
လေးစားစွာဖြင့်
ဖိုးသား
20.01.2009, TUE: 11:51:10 PM
January 20, 2009 at 1:26 PM
It's amazing you can write such a good poem.U know,you 've already done it even though you don't notice your talent.Wish you can do more with enthusiasm!Your bro,Lynn.
January 21, 2009 at 10:53 PM
ဂုဏ်ယူပါတယ် သူငယ်ချင်း..။ ခုလို ရဲရဲတောက် ကြွေးကြွော်လိုက်တာကို..။ တကယ် လေးစားပါတယ်..။ ဖိနပ်တစ်ရံ အဖြစ် ဖွဲ့ဆို သုံးနှုန်းသွားတာလေးလဲ ကောင်းတယ်။