စင်ကြယ်သန့်ရှင်း
လင်းလက်ဖြိုးဖျက်
အမျက်မစွဲ
ခိုင်မြဲအသွင်
မဂ္ဂင်ရှစ်ရပ်
တရားမြတ်ကို
စိန်လိုပမာ
နှိုင်းဆာပြုသည်။
စိန်စစ်အထူး
မမြင်ဖူးလင့်
စိန်တုဖြင့်သာ
ဝမ်းမြောက်ရှာရ
ပျော်ပွဲချလျက်
အသေဆက်ကာ
ဝဋ္ဋ်သံသရာ
လည်ရရှာသည်…။
အစစ်အတု
ဉာဏ်ဖြင့်ထုခွဲ
ကြံတွေးသုံးသပ်
ပညာဖက်ဆော်
အတုကိုဝေး
အစစ်ဆွဲလျက်
သံသရာပြတ်
ဝဋ်ကျွတ်လွတ်က
သုခနိဗ္ဗာန် စံရသည်…။ ။
>>> အစ်ကိုဝင်းမြင့် ရေးစပ်ခဲ့တဲ့ ကဗျာလေးပါခင်ဗျာ…။
လေးစားရိုသေစွာဖြင့်
ဖိုးသား
21.01.2009, WED:, 01:42:30 AM
Latest News
January 21, 2009 at 10:39 PM
(ချေမှုန်းတဲ့)နိဗ္ဗာန်သို့သွားရာ တစ်ခုတည်းသော လမ်းကြောင်း (သို့) မဂ္ဂင်ရှစ်ပါး မြတ်တရား..။ ကဗျာလေးကို ဆင်ခြင်ဥာဏ်သွင်း သွားပါတယ်. သူငယ်ချင်း။ မျှဝေပေးတာ ကျေးဇူးတင်တယ်ကွာ။