Latest News

*ငိုမနေနဲ့ အပိုပဲ*

ဘုရားဘုရား ၊ ရွတ်ဆိုငြားလည်း
တရားမရှိ ၊ အသိမဲ့လူစား
လက်ကားရားနှင့် ၊ ဘုရားကိုကျော်
ဘိုးတော်ကိုတ ၊ ဘွားတော်မ နိုး
ရိုးရာကိုဖက် ၊ ကြက် အရက်ပူဇော်
ကိုကြီးကျော်တန်ခိုး၊ စီးပွားတိုးသတဲ့
ဥာဏ်မဲ့ဖျင်းပုံ ၊ ကံမယုံ ပစ်
လောဘနစ်ကျွံ ၊ မောဟနွံထဲ
အားသွန်ခွန်စိုက် ၊ စရိုက်ဝါသနာ
အလိုက်ဘာသာ ၊ ယတြာဗေဒင်
အားကိုးချင်ကြ
အန္ဓလူသား ခရီးသွား။

ဘုရားမှာသော် ၊ သောက်တော်ရေချမ်း
ပန်းလည်းနွမ်းခြောက် ၊အံ့သြလောက်စရာ
သို့ပါသော်မပျက်
နတ်စင်ထက်တွင် ၊ တစ်ရက်မပြတ်
မလပ်ခါခါ ၊ နံ့သာမွှေးတိုင်
ရနံ့လှိုင်ကြွယ် သီးမယ်စုံပေ
န၀င်းကျေတဲ့ ၊ ယပ်လေခတ်ပြီး
တောင်းဆိုညည်းသည်
ဂုဏ်ကြီးပါဘိ မဟာဂီရိ။

သြော် ပါပအယူ၊ ဗာလလူများ
မှောက်မှားနေရှာ၊ ပညာမကူ
မဖြူနှလုံး ၊ အယူရှုံးငြား
ဘုရားနှင့်နတ်၊ သတိချပ်စေချင်
ရှင်ကြီးကိုကိုး၊ ကျားထက်ဆိုးမှ
နောင်တရတာ၊ နှောင်းရှာပြီလေ
ငိုမနေနဲ့ အပိုပဲ။

ကိုသိင်္ခ(ကောက်တေး) ဘလော့ကနေ ကူးယူဖော်ပြအပ်ပါတယ်ခင်ဗျာ...

>>> အားကိုးရာအမှန် ရှာကြံကျိုးကုတ် အားထုတ်တတ်ပါစေ။

လေးစားစွာဖြင့်
ဖိုးသား

24.01.2009, SAT:, 05:46:10 PM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply