M ကိုဗစ်တာ: http//www.ahmayelattya.blogspot.com
>>> ဒီကဗျာလေးက ကိုဗစ်တာ ကျွန်တော် ရေးသားထားတာလေးကို ထပ်ပြီး မျှဝေထားတာပါ။
ကျွန်ုပ်နှင့် အဖြူရောင် မေတ္တာ ပိုင်ရှင်
*သစ္စာရှာဖို့ မြင်းစီးသူ*

အလိုဗျာ အရှည်တွေးလိုက်တော့
အို ‘နာ’ သေ ဘေး မကြိုက်တော့တာမို့
စရိုက်ကိုပြင်
အကြိုက်ကို နှင်ပြီ
အလျင်သာသော့လော့ ကဏ္ဍက
ရင်မှာတော့ မချိပါဘူးလေ…။
အို…
ခန်းတွင်း ကုတင်မှာ
မွေ့ပျော်နေပါသော
‘ယ’သော်ဓရာရေ..
တော်ရာမှာ
ပျော်သလိုသာ နေတော့ကွယ်။
ခင်နှမအပေါ်လေ..
မောင်တော်ဘုရား
မတရားပြုရက်တယ်လို့တော့
မစွပ်စွဲလိုက်ပါနဲ့
မုန်းရက်လေတာတော့
မဟုတ်ပါဘူး
သို့ပေမယ့်ကွာ
သစ္စာကိုရှာချင်တာမို့
အတိတ်ကပုံရိပ်တွေကိုခ၀ါချ
အကြင်နာတွေကိုစွန့်လွှတ်
အချစ်တွေကို သင်ပုန်းချေ
သွားပြီ ယသော်ဓရာရေ…။
အော်…
ရင်မှဖြစ်သော
ချစ်စရာ့ ‘က’လေးငယ်
လူမမယ်စာမမြောက်
သားတော်ရာဟုလာရယ်
သားငယ်လေးကိုလည်း
ဖခမည်းတော်လေ
ရက်စက်လေတာ
မဟုတ်ပါဘူးကွာ
အသက်တမျှချစ်ပေမယ့်
လောကအကျိုးရှေးရှု
လောကလူသားတွေ
လွတ်မြောက်ရေးအတွက်
ငဲ့ကွက်ကာပင်
ချစ်ခြင်းကိုစတေးလို့
ခရီးအဝေးနှင်လိုက်ရပါပြီ
ကျန်ရစ်လေဦး သားတော်…။
ငါကိုယ်တော်လေ
ရင်တွင်းမှာပူနေပေမယ့်
သူသူငါငါ အကျိုးအတွက်
မှန်းလို့သာတွေးကြည့်တော့
နန်းကိုကျောခိုင်း
စိတ်ပိုင်းလိုက်ပြီ
လှမ်းပေတော့ ကဏ္ဍက။
>>> ဒီကဗျာလေးက ဘုန်းဘုန်း နာယက ရဲ့ ဘွဲ့လေးကို စပ်ဆိုပူဇော်လိုက်တာပါ။
မြတ်ဘုရားအား လေးစားကြည်ညို ရိုရိုသေသေ ရှိခိုးကန်တော့လျက်
ဖိုးသား
17.01.2009, SAT:, 07:31:29 AM
Posted by sonesiyar.blogspot.com at 10:33 PM
Labels: ကိုယ်တိုင်ရေးကဗျာများ
@@@@@@@@@@@@@@@@@@@@@@@@@@@@
အချိန်တွေကုန်ဆုံးလာလို့ မျက်နှာပြင်ပေါ်က အရေးကြောင်းတွေနဲ့
ဆံပင်တွေဖြူလာတာ သိရချိန်.. အသက်ကြီးလာပီ၊ သေဖို့နီးလာပီ
ဆိုတာ သဘောပေါက်လို့ မနေ့က အချိန်တွေကို ပြန်စဉ်းစားမိရဲ့။
ငါ့အတွက်၊ ငါ့သားသမီးအတွက်၊ ပညာအတွက်၊ ရာထူးအတွက်…။ အသက်တွေ
တစ်နေ့ပြီးတစ်နေ့ ကြီးသာလာတယ်။ ဘာမှပြီးပြည့်စုံခြင်း မရှိသေးပါလား။
”ဘုရား..ဘုရား..ဘုရား” လို့ တသာတရတယ်။ ဘုရား.. တရား(တနည်း) ဓမ္မ
ရဲ့ အနှစ်သာရ၊ အဆုံးမတွေက ဘာတွေဆိုတာ ဘာမှမသိရသေးပါတကား…
ဒါနဲ့များ လူ့လောကမှာ ငါဆရာလူကြီး ဆိုပီး အထင်တွေရောက်၊ ဗုဒ္ဒဖာလာ
ဝင် ကြီးပေါ့။ ကိုယ့်ကိုယ်ကို ရှက်မိပါတယ်.. တကယ်ပါ။
”ကျွန်တော်က.. အကို့ထက်ငယ်ပါတယ်။ ၁၉၈၅ ဖွား ပါ။ ဗုဒ္ဓရဲ့အဆုံးအမနဲ့
ကြိုးစားကျင့်ကြံနေဆဲပါ၊” ကိုယ့်အကြောင်း ကိုယ်သိအောင်ပဲ ကြိုးစားနေသူ၊
တနည်း.. ဝိပဿနာ အမေးအဖြေ အကြောင်းလေးတွေ မျှဝေပေးသူ၊
ရာထူး၊ အာဏာ၊ နေရာ၊ ငွေကြေးတွေ မမက်မောသူ၊ ဗုဒ္ဓရဲ့ဓမ္မ အကြောင်းလေးတွေကို အင်တာနက် စာမျက်နှာမှာ အကျိုးရှိရှိ ကမ္ဘာတလွှား က မြန်မာဗုဒ္ဓဘာသာ
ဝင်တွေအတွက် အပင်ပန်းခံ ဖန်တီးသူ၊ ကျေးဇူးရှင် ဆရာသမားများကို ဦးနှိမ်
ရိုကျိုး စဉ်ရှိခိုးသူ................................................................
”အဖြူရောင် မေတ္တာ ပိုင်ရှင်” ....ကဒီမှာပါ
http//www.sonesiyar.blogspot.com
အားလုံးကျန်းမာ တရားနှလုံးသွင်းနိုင်ကြပါစေ။
သိနေဟဖြင့်...
သားရွှေနု
(အမေ့လက်ရာ)

M=ကိုဗစ်တာ
pyaesoneaung2007= ကျွန်တော်ဖိုးသား
pyaesoneaung2007: အစ်ကို.. ကဗျာအောက်မှာ ညီ့ကို အမွှန်းတင်ထားတာ တစ်မျိုးကြီးပဲ...
ဖတ်ရင်းနဲ့ မနေတတ်ဘူး
M: ခင်ဗျာ
ပြောပါဗျာ
ဘာမှားလို့လဲဗျာ
ပြင်ပါ့မယ်
pyaesoneaung2007: အာ .. မသိဘူး မှားလား မှန်လားကို မသိတာ.. အစ်ကိုရ..
ပြင်ဖို့ မဟုတ်ပါဘူး
အစ်ကိုကြိုက်သလို ရေးပါ
ရပါတယ်
M: မဟုတ်ပါဘူးဗျာ.. ကိုဖိုးသားကို စော်ကားမိသွားတာမျိုး၊ စိတ်အနှောင့်အယှက်ရှိသွားစေတာမျိုးကိုပြောပြမှ ပြင်လို့ရမှာပါ.... ကျွန်တော်က စာအရေးသား တော်တော် ကပျက်ကယက်နိုင်သွားတာ ဖြစ်မှာပါ။ ပွင့်ပွင့်လင်းလင်းဝေဖန်ပါဗျာ
pyaesoneaung2007: အဲလို မဟုတ်ပါဘူး အစ်ကို..
စော်ကားတာမျိုး မပါပါဘူး.. အဲလိုလည်းမထင်ပါနဲ့
ဘယ်လိုပြောရမှန်းမသိဘူး...
M: ကိုဖိုးသားပြောပြပါ...
pyaesoneaung2007: ညီလိုနေသေးတယ်လို့ ခံစားရလို့ပါ
တကယ်တမ်း ကျတော့ လေ
ရေးထားတာနဲ့
အစ်ကိုက ညီပြောတာတွေပဲ ရေးထားတာပါပဲ
ဒါပေမယ့် ညီ့စိတ်ထဲ မနေတတ်တာ တစ်ခုပါပဲအစ်ကို..
ဘာမှတော့မဖြစ်ပါဘူး
Sent at 4:34 PM on Saturday
M: ကျွန်တော်နားလည်ပါတယ်... ဒါဟာ သူတော်ကောင်း (တနည်း.. ဦးသူတော်ပေါက်စ.. လောင်းလျာများ)တိုင်း ဒီလိုပါပဲ..။သူတို့စိတ်ထဲမှာ သူတော်ကောင်း စိတ်ဓါတ် ကိန်းအောင်းနေတယ်၊ လောကမှာ ထင်ပေါ်ကျော်ဇော မာန ထောင်လွှား၊ ပကြွားရမှာမျိုးမလိုချင် မဖြစ်ချင်ကြဘူး
အမြဲရို့ကျိုး...အစဉ်
ပြေလျော့နေချင်တာမျိုးဖြစ်လို့
pyaesoneaung2007: အစ်ကို အဲလိုပြောလေ
မနေတတ်လေပဲ
အစ်ကိုထင်နေတာနေမှာပါ
ညီအဲလိုမဟုတ်သေးပါဘူး
M: ကောင်းပါပီ.....
ညီ...ခဏနားထောင်ပေးပါ
pyaesoneaung2007: ဟုတ်ကဲ့
နားထောင်နေပါတယ်
M: ဘဝကိုလာလည်သူတိုင်း...
တနည်း ပုထုဇဉ်တိုင်း
ပုထုဇဉ်..ပီပီ
လူပီပီ..လူလိုတွေး လူလိုရေး လူလိုနေရတာကို
ခုံမင်ကြတာ
ဓမ္မတာပါ
တို့ဗုဒ္ဓကလူထဲက..သူမတူအောင်
စစ်မှန်ဓမ္မ ကိုရှာဖွေ
လောကကိုအလင်းပြ
pyaesoneaung2007: ဟုတ်
M: သတ္တဝါအနန္တကိုကယ်တင်ခဲ့
လူထဲမှာ..
လူလိုနေကြတဲ့သူတွေကို
မမေ့မလျော့ မပေါ့မဆနဲ့ ဓမ္မကို ပွါးများဆင်ခြင်စေဖို့
ဟောကြားခဲ့တယ်
pyaesoneaung2007: ဟုတ်ကဲ့
M: ညီရော....အကိုရော
အားလုံးဟာ....ပုထုဇဉ်ချည်းမို့
ညီလည်း...ပုထုဇဉ်စရိုက်နဲ့နေမယ်
ကိုတို့လည်းဒိလိုပါပဲ
အရိယာရဟန်းမထေရ်ကြီးတွေမှလွဲပီး
သာမာန်ရဟန်းတွေတောင်...
ပုထုဇဉ်ဉာဉ်လေးတော့ ရှိကြတာပါပဲညီ
ညီ့ကို..အကိုက မွှန်းရတာက..
သာမာန်ပုထုဇဉ်ထဲက..ပုထုဇဉ်တွေနဲ့မတူဘဲ
ဗုဒ္ဓရဲ့အပ္ပမာဒ ဓမ္မကျင့်စဉ်ကို လေ့လာကျင်ကြံနေတဲ့
ထူးထူးခြားခြား...
သူတော်ကောင်းစိတ်ဝင်...ညီငယ်မို့လို့
ဦးညွှတ်အလေးပြုတာပါ
pyaesoneaung2007: အစ်ကို့စိတ်ဓါတ်ကိုတော့ လေးစားပြီးရင်း လေးစားမိပါတယ် အစ်ကိုရာ
M: ညီက... တဖြည်းဖြည်းအချိန်ရသရွေ့ လေ့လာ၊ ပြန့်ပွါးရေးအတွက် ဆောင်ရွက်ပါ
ဘယ်သူမှ... ရာခိုင်နှုန်းပြည့် သူတော်ကောင်းကြီး မဖြစ်ကြတာနားလည်ပါတယ်
ကောင်းတဲ့စိတ် အခြေခံအဆင့်ကို မွေးမြူမိပီဆိုမှ
ဆက်လက်ဆင့်ပွါး တိုးတက်ဖို့ကို..ကြိုးပမ်းပါ
pyaesoneaung2007: အစ်ကို့စကားတွေ နားထောင်ရတိုင်း ကြိုးစားဖို့ အားတွေ ဖြစ်ဖြစ်လာတယ် အစ်ကို... ကိုဝင်းမြင့်ပြီးရင် လူပုဂ္ဂိုလ်ထဲမှာ ညီ့ကို အဲလိုဖြစ်စေတာ အစ်ကိုပဲ
ကျေးဇူးပါ
M: အကိုက... အချိန်နှောင်းလမ်းဆုံး၊ လမ်းလွဲမှာပျော်နေတဲ့ လူမိုက်ညီရေ...
ညီတို့လို..
သူတော်ကောင်းစိတ်ဝင်..
ညီမျိုးက ဒီခေတ်မှာရှားလာပီ
pyaesoneaung2007: ညီ့အစ်ကို ကိုဥပါသကာလည်း အစ်ကိုပြောသလိုပြောဖူးတယ်.. ကိုယ့်ကိုယ်ကို လူမိုက်လို့
M: ဒါကြောင့်ညီတို့အတွက်.. လိုအပ်တာဝိုင်းဝန်းဆောင်ရွက်ရင်း.. ကုသိုလ်ရှဲယူတာပါ
pyaesoneaung2007: ဟုတ်
M: တို့ဖေဖေက..ငယ်ငယ်ကပြောတယ်
pyaesoneaung2007: ဟုတ်
M: အာခီမိဒီး... ကသူ့တပည့်တွေကို
သူ့အကြောင်းဝေဖန်ခိုင်းတယ်
သူဟာ.. စံထားရတဲ့လူ၊ အတွေးခေါ်ပညာရှင်၊ ကျောင်းဆရာအဖြစ် သမာသမတ်ကျကျ ရှင်သန်နေတာ..
တလောကလုံးက သိပီးသာပဲဟာ...
ဘာဝေဖန်ရမလဲလို့ ငယ်ငယ်က အကိုတွေးဖူးတယ်
တပည့်အားလုံးက.. တညီတညွတ်တည်း ကောင်းကြောင်းတွေပဲ ပြောကြတယ်။ ဘုန်းတော်ဘွဲ့မျိုးပေါ့
ဒါပေမယ့်.. တပည်တစ်ယောက်က.. ရဲရဲတောက် အင်္ဂဝိဇ္ဖာအတတ်နဲ့ အမှန်တိုင်းဟောလိုက်တယ်
pyaesoneaung2007: ဟုတ်
M: ဆရာဟာ... တဏှာကြီးတယ်၊ ဆိုးတယ်ဘာညာပေါ့
တပည့်တွေက.. ငါတို့ဆရာကြီးကို
မဟုတ်တာပြောပီလို့ထင်တော့
ဆရာကြီးက... တကယ်ပါပဲတဲ့.. သူ့ရဲ့အဇ္ဈတ္တ စိတ်အတွင်းမှာ.. တကယ်ဆိုးချင်တာပါတဲ့
ဒါပေမယ့်.. သူတော်ကောင်းစိတ် အကျင့်နဲ့အညီ ချွန်းအုပ်နေလို့သာပါတဲ့
ကို့အဖေဆိုလိုတာက... သူတော်ကောင်းစိတ် မွေးရမယ် ၊ထောင်ကြွားပလွှား မနေရဘူး၊ အမှားကိုလက္ခံ အမှန်ကိုပြင်ဆင်ရမယ်တဲ့
pyaesoneaung2007: ဟုတ်
M: မသေခင်မှာ… အထုပ္ပတ္တိအကြောင်း ချီးမွန်းမရေးလေနဲ့တဲ့..
လူ့စိတ်ဟာ..အမြဲမတည်ငြိမ် ပြေးလွှားပြောင်းလဲနေလို့
pyaesoneaung2007: ညီဖတ်ရင်းကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်နေပါတယ် အစ်ကို
M: လူတစ်ယောက်အကြောင်းရေးရင်... သေမှရေးတဲ့
ဒါကြောင့်.. သူ့အကြောင်းကို
ကိုခုထိမရေးဖြစ်သေးတာ
ကောင်းကြောင်းတွေရေးလို့အပီး......
ပြောင်းလဲတဲ့ စိတ်ရိုင်းကြောင့်...
မကောင်းတာတွေဖြစ်လာတော့...
လူတွေရယ်စရာဖြစ်မယ်တဲ့လေ
ဒါပေမယ့်.. ဒီနေ့ညီ့ကို ချီးမွန်းတာက လေးစားတာက
အရာရှိ.. ကွမ်းခြံကုန်းသား၊ ကိုဖိုးသားခေါ် မျက်မှန်နဲ့လူကိုမဟုတ်ဘူး...
သူတော်ကောင်းစိတ်လေးသွင်းထားတဲ့ ဓမ္မကိုကြည်ညိုလွန်းတဲ့ သဒ္ဓါစိတ်ကလေး...
တနည်း....ရင်ဘတ်ထဲက
တည်နေတဲ့
ဓမ္မစေတီကို
လေးစားကြည်ညိုတာပါ
pyaesoneaung2007: အစ်ကိုကတော့ ညီ့ကိုမြင်ဖူးသွားပြီ... ညီလည်း မြင်ဖူးချင်ပါသေးတယ်လေ.. ရုပ်ကိုလေးစားတာမဟုတ်ပေမယ့် အစ်ကိုပြောသလို ရင်ထဲကဓမ္မစေတီကို ရုပ်နဲ့ ထပ်ဖြည့်လိုက်တော့ ပိုကောင်းသွားတာပေါ့လေ
ညီ့ရဲ့ သင်ဆရာအဖြစ် အလေးဂရုပြု ဦးခိုက်ပါတယ် အစ်ကို
ကျေးဇူးပါ
M: ဘာဖြစ်ဖြစ်... လူချင်း တွေ့ဖူးတာထက် စိတ်အကျင့်ချင်း တူညီနေတယ်ဆိုလုံလောက်ပါပီ
ကျွန်တော့်ကို.. ဦးမခိုက်ပါနဲ့
ကျေးဇူးရှင်အဖေနဲ့အမေ.. ဆရာသခင်များကိုသာဦးခိုက်ပါ
pyaesoneaung2007: ညီလည်း အဲလိုပြောဖူးတယ်အစ်ကို... ညီ့ကိုကျေးဇူးမတင်ပါနဲ့လို့.. ဒီတရားတော်တွေကို ဟောကြားလမ်းပြသွားတဲ့ ဘုရားရှင်ကိုသာ ကျေးဇူးတင်သင့်တာပါလို့
ညီ့အဆင့်က တရားတွေကို အကုန်ရင်ထဲရောက်အောင်ုကော်ပီတောင် ကောင်းကောင်း မလုပ်တတ်သေးတဲ့ ကလေးသာသာပါ အစ်ကိုရာ
M: ကောင်းပါပီ..အုတ် ပနက်ချပီးနေမှတော့ အုတ်တလွှာပီးတလွှာ ဆင့်ကာစီကာ ဖြည့်ဆည်း ကျင့်ကြံပါညီ
pyaesoneaung2007: ဟုတ်
M: ပျော်ရွှင်ချမ်းမြေ့ပါစေ....ကောင်းသောညချမ်းပါ
ခွင့်ပြုအုံးညီ
pyaesoneaung2007: ဟုတ်ကဲ့ပါ
ကောင်းသောညလေးပါပဲအစ်ကို
အစ်ကိုလည်း စိတ်ချမ်းမြေ့ပါစေ
M: ကောင်းပါပီဗျာ
pyaesoneaung2007: ဒီညကတော့ မင်္ဂလာ ရှိသော ညချမ်းပါပဲအစ်ကို
နေ့စဉ်ရက်ဆက် မင်္ဂလာရှိအောင်တော့ ညီ ကြိုးစားရဦးမှာပါ
ခုလို သွန်သင်ပေးလို့လည်း ထပ်လောင်းကျေးဇူးတင်ပါတယ်
လေးစားပါတယ် အစ်ကို
M: သွန်သင်တာမဟုတ်ပါဘူးဗျာ၊ မျှဝေတာပါ
pyaesoneaung2007: ဟုတ်ကဲ့ပါ
အစ်ကို့မျှဝေမှုတွေက *စိတ်ဓါတ်ကိုတော့ အလေးအမြတ်ပြုပါတယ် ကိုဗစ်တာ(၃)* အဖြစ် ညီ့ဘလော့မှာ နေရာယူသွားဦးမှာပါ။
လေးစားစွာဖြင့်
ဖိုးသား
24.01.2009, SAT:, 06:51:24 PM

0 comments