Latest News

*တရားအားထုတ်မှုနှင့် စပ်လျဉ်း၍*

မင်္ဂလာပါအစ်ကို…

>>> တရားအားထုတ်မှုနဲ့ ပတ်သတ်လို့ ညီသိထားတာလေးတွေ ထပ်ဆင့်မျှဝေပါရစေ။

>>> တရားအားမထုတ်ခင် လိုအပ်တာက ပဋိစ္စသမုပ္ပါဒ်ကို အရင်နားလည်အောင် လုပ်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီပဋိစ္စသမုပ္ပါဒ်ကိုမှ နားမလည်ဘဲ တရားအားထုတ်ရင် အချိန်သာကုန်သွားမယ်၊ တရားမရနိုင်ဘူးလို့ ညီသိထားတယ်အစ်ကို။ မြတ်စွာဘုရားရှင်ရဲ့ ဖွားဖက်တော် ရှင်ဆန္ဒ (မြင်းမြီးဆွဲ မောင်ဆန်) ကို သာဓကယူုလို့ရပါတယ်။ ဒါနဲ့ပတ်သတ်တဲ့ တရားလေးလည်း ညီ့မှာရှိပါတယ်။ လိုအပ်ရင်ပြောပါအစ်ကို။

>>> နောက် ဒီပဋိစ္စသမုပ္ပါဒ် ဒေသနာကို နားလည်နိုင်ဖို့ဆိုရင် ကလျာဏမိတ္တဆိုတဲ့ မိတ်ကောင်းဆွေကောင်း၊ ဆရာကောင်းလိုတယ်အစ်ကို။ ဆရာကောင်းမဟုတ်ရင်လည်း တရားအားထုတ်မှုက အရာမရောက်ပါဘူး။ ဥပမာကတော့ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးပေါ့အစ်ကို။ ဘုရားရှင်နဲ့ မတွေ့ခင် တိတ္ထိဆရာကို ကိုးကွယ်မိလို့ တရားမရခဲ့ဘူးလေ။

>>> နောက်ပြီး တရားနာမှုနဲ့ တရားအားထုတ်မှုမှာ တရားနာမှုကို ဦးစားပေးရမယ်တဲ့၊
နာယူမှုကို ဦးစားမပေးဘဲ တရားချည်း အားထုတ်နေလို့လည်း အလုပ်မဖြစ်ပြန်ဘူးတဲ့လေ။ နာရာမှာလည်း သစ္စာတရားကို ဟောပြနိုင်တဲ့ ဆရာသမားဆီက သစ္စာတရား ကိုရွေးပြီးနာသင့်ပါတယ်တဲ့ အစ်ကို။

>>> **ဗုဒ္ဓ၏ တရားဓမ္မများကို နာယူပြီးတိုင်း အကျယ်အားဖြင့် သူတစ်ပါးကို ပြောပြခြင်း၊ ကိုယ်တိုင် ရွတ်ဖတ်ခြင်း၊ စိတ်ဖြင့် ကြံစည်သုံးသပ်ခြင်း၊ တရားတော်လာ သဘာဝတို့ကို ရှုမှတ်ခြင်း၊ ပညာရှိတို့ထံ မေးမြန်းခြင်းဖြင့် ယုံမှားမှုကို ပယ်ဖျောက်ခြင်းတို့အား တရားနာယူပြီးတိုင်း ဆောင်ရွက်ရမည့် ကျင့်စဉ်ဖြစ်၏။**

ဒါလေးကတော့ ဘုန်းဘုန်းကောသလ္လ မြွက်ကြားထားတာပါ။

လေးစားခင်မင် ကျေးဇူးတင်စွာဖြင့်
ညီငယ်
ဖိုးသား

13.01.2009, TUE:, 01:58:20 AM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply