8:28 AM အရှင်နာယကာလင်္ကာရ: ကဲ ဆက်မယ်
သင်တန်း
8:29 AM me: ခုပဲတင်လိုက်တာဘုန်းဘုန်းနဲ့ ခုနက ချက်ထားတာကို
တစ်နာရီ ကျန်သေးတယ် ဖိုးသားမှာ ပြီးရင် ဖိုးသား ကျောင်းသွားရဦးမှာ
ဘုန်းဘုန်းကော
အရှင်နာယကာလင်္ကာရ: ရပါတယ်
ကာမစိတ် ဘယ်နှစ်ပါး
me: ၅၄ ပါး
8:30 AM အရှင်နာယကာလင်္ကာရ: ကာမဘုံ
me: ၁၁ ဘုံ
အရှင်နာယကာလင်္ကာရ: အိုကေ
ဆက်မယ်
me: တင်ပါ့
8:31 AM အရှင်နာယကာလင်္ကာရ: ကာမစိတ် ၅၄ ပါးဆိုတာ (၁) အကုသိုလ်စိတ် -၁၂ပါး
(၂) အဟိတ်- ၁၈ ပါး
(၃) ကာမာဝစရသောဘနစိတ် ၂၄ပါး
me: တင်ပါ့ မှတ်လိုက်ဦးမယ်
8:32 AM အရှင်နာယကာလင်္ကာရ: ပေါင်းကြည့်
၅၄ ပါးပြည့်လား
me: တင်ပါ့ ပြည့်တယ် ဘုန်းဘုန်း
8:33 AM အရှင်နာယကာလင်္ကာရ: အကုသလ- အကုသိုလ်
me: တင်ပါ့
အရှင်နာယကာလင်္ကာရ: အကုသလ- ကို န+ကုသလ သိထား
8:34 AM ကုသလ ကုသိုလ်၏ ဆန့်ကျင်ဘက်ကို အကုသလ အကုသိုလ်လို့ခေါ်တယ်
me: တင်ပါ့ ဒါတော့ သိပါတယ် ဘုန်းဘုန်းရ ဖိုးသား
အရှင်နာယကာလင်္ကာရ: အဲဒီ အကုသိုလ်စိတ်က ဘယ်နှစ်ပါးလဲ
8:35 AM me: ၁၂ ပါး
အရှင်နာယကာလင်္ကာရ: ၁၂ပါးက ( ၁) လောဘမူစိတ် -၈ပါး
(၂) ဒေါသမူစိတ်- ၂ ပါး
(၃) မောဟမူစိတ် -၂ ပါး
ပေါင်းကြည့်
me: ပြည့်ပါတယ် ဘုန်းဘုန်း
8:37 AM အရှင်နာယကာလင်္ကာရ: အကုသိုလ် (၁၂)း
လော- ၈
ဒေါ -၂
မော -၂
အဲလိုအကျဉ်းမှတ်ထား
8:38 AM me: မှတ်မိပါပြီ
အရှင်နာယကာလင်္ကာရ: လောဘမူ ၈ ပါးကို ပြောကြည့်မယ်
me: တင်ပါ့
8:40 AM အရှင်နာယကာလင်္ကာရ: (၁)သောမနဿဝေဒနာနှင့် တကွဖြစ်သော ဒိဋ္ဌိဂတသမ္ပယုတ်နှင့်လည်း ယှဉ်သော အသင်္ခါရိက-မည်သူမှမတိုက်တွန်းသော လောဘမူစိတ် တစ်ပါး
8:41 AM (၂)သောမနဿဝေဒနာနှင့် တကွဖြစ်သော ဒိဋ္ဌိဂတသမ္ပယုတ်နှင့်လည်း ယှဉ်သော သသင်္ခါရိက-တပါးသူ၏တိုက်တွန်းမှုပါသော လောဘမူစိတ် တစ်ပါး
8:42 AM (၃)သောမနဿဝေဒနာနှင့် တကွဖြစ်သော ဒိဋ္ဌိဂတ၀ိပ္ပယုတ်နှင့်လည်း ယှဉ်သော အသင်္ခါရိက-မည်သူမှမတိုက်တွန်းသော လောဘမူစိတ် တစ်ပါး
(၄) သောမနဿဝေဒနာနှင့် တကွဖြစ်သော ဒိဋ္ဌိဂတ၀ိပ္ပယုတ်နှင့်လည်း ယှဉ်သော သသင်္ခါရိက-တပါးသူ၏ တိုက်တွန်းမှုပါသော လောဘမူစိတ် တစ်ပါး
me: တင်ပါ့
8:43 AM အရှင်နာယကာလင်္ကာရ: အဲဒီနောက် ဥက္ခောဝေဒနာနှင့်တကွဖြစ်သောလို့ ပြောင်း သောမနဿအစား၊ ဒါဆို ခုလို နောက်ထပ်လေးပါး ထပ်ထွက်လာမယ်။
အရှင်နာယကာလင်္ကာရ: (၅)ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော ဒိဋ္ဌိဂတသမ္ပယုတ်နှင့်လည်း ယှဉ်သော အသင်္ခါရိက-မည်သူမှမတိုက်တွန်းသော လောဘမူစိတ် တစ်ပါး
(၆)ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော ဒိဋ္ဌိဂတသမ္ပယုတ်နှင့်လည်း ယှဉ်သော သသင်္ခါရိက-တပါးသူ၏တိုက်တွန်းမှုပါသော လောဘမူစိတ် တစ်ပါး
(၇)ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော ဒိဋ္ဌိဂတ၀ိပ္ပယုတ်နှင့်လည်း ယှဉ်သော အသင်္ခါရိက-မည်သူမှမတိုက်တွန်းသော လောဘမူစိတ် တစ်ပါး
(၈)ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော ဒိဋ္ဌိဂတ၀ိပ္ပယုတ်နှင့်လည်း ယှဉ်သော သသင်္ခါရိက-တပါးသူ၏ တိုက်တွန်းမှုပါသော လောဘမူစိတ် တစ်ပါး
me: တင်ပါ့ ဘုန်းဘုန်း
________________________________________ 8 minutes
8:52 AM အရှင်နာယကာလင်္ကာရ: သောမနဿ ဝေဒနာနှင့်တကွဖြစ်သောဆိုတာ… သောမနဿ သဟဂုတ် လို့ခေါ်တယ်။ နောက် ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သောဆိုတကတော့… ဥပေက္ခာ သဟဂုတ်ပေါ့။
ဒီ ၈-ပါးကို အလွယ်ဘယ်လိုမှတ်မလဲဆိုတော့ နံပါတ် ၁ နဲ့ ၂ မှာ သူများမတိုက်တွန်းတာရယ်၊ တိုက်တွန်းတာရယ်ကို သမ္ပယုတ်နဲ့ ယှဉ်ထားတယ်၊ နံပါတ် ၃ နဲ့ နံပါတ် ၄ ကျတော့ ၀ိပ္ပယုတ်နဲ့ ယှဉ်ထားတယ်… ဒီ လေးခုလုံးက သောမနဿဝေဒနာနဲ့ယှဉ်ပြီးဖြစ်တာ.. အဲလိုမှတ်
သမ္ပယုတ်ဆိုတာက မိစ္ဆာဉာဏ်နှင့်တကွဖြစ်တာ ပြောရရင် မိစ္ဆာဒိဋ္ဌိ ကြောင့်ဖြစ်တာ
ဝိပ္ပယုတ်ကျတော့ မိစ္ဆာဉာဏ်နှင့်တကွ မဖြစ်တာ - သမ္မာဒိဋ္ဌိ ကြောင့် ဒီလိုမှတ်
ဥပမာပေးရရင် သမ္ပယုတ်သည် ဒုက္ခကို ဒုက္ခမှန်း သိသိနဲ့ လုပ်တာ၊ သူများပစ္စည်းကို ခိုးတယ် လောဘစိတ်ကြောင့် .. ဒါပေမယ့် ဒီလိုခိုးတာကို ခိုးတဲ့သူ ကိုယ်တိုင်က မကောင်းမှန်းသိတယ် ဒါသည် သမ္ပယုတ်
ဝိပ္ပယုတ်ကျတော့ ဒါနဲ့ ဆန့်ကျင်ဘက်ဖြစ်သွားပြီ.. သူများပစ္စည်းခိုးတာကို မကောင်းမှန်း မသိဘဲနဲ့ကို ခိုးတာ ဒီလိုမျိုးလေးပေါ့ ဖိုးသားရာ
နောက်လေးမျိုးကျတော့ နံပါတ် ၁ ကနေ ၄ အထိ ဒီလေးခုကို သောမနဿဝေဒနာနေရာမှာ ဥပေက္ခာဝေဒနာနဲ့ အစားထိုးလိုက်တယ်၊ ဒါဆို မှတ်ရလွယ်သွားတာပေါ့၊ ဟုတ်ဘူးလား ဖိုးသား
me: တင်ပါ့
အရှင်နာယကလင်္ကာရ: အေးဟုတ်ပြီ ဒါလေးကို ရအောင်လုပ်ထား၊ ခုတော့ ဘုန်းဘုန်းကျိန်းတော့မယ်၊ ဒီမှာ ည ၁၂ ထိုးတော့မယ် ဖိုးသားရ။
me: တင်ပါ့ ကျေးဇူးပါဘုန်းဘုန်း။ ဒီနေရာကပဲ ဖိုးသား ဘုန်းဘုန်းကို ဦးချလိုက်ပါတယ်။ ဘုန်းဘုန်း ကျန်းမာပါစေ။
အရှင်နာယကာလင်္ကာရ: အေးအေး သာဓု သာဓု သာဓု
လေးစားရိုသေစွာဖြင့်
ဖိုးသား
1/13/2009, TUE:, 06:36:13 PM
Latest News
0 comments