ဘုရားသာသနာကိုဤမြေကမ္ဘာမှ
မတိမ် “ကော”
မပပျောက်အောင်
စောင့်ရှောက်ကယ်တင်
သံဃာတော် အရှင်မြတ်တို့အား
အဟံ-ဘုရားတပည့်တော်သည်
နမေ နမာမိ-
ယုံကြည်မြတ်နိုး
လက်စုံမိုး၍
ရှိခိုးပါ၏ အရှင်ဘုရား။
၂၂၇ - သွယ်သော
သိက္ခာတော်
“၀ိ” နည်းတော်တို့နှင့်အညီ
ကြိုးကုတ်အားထုတ်
ပိုင်ပိုင်နိုင်နိုင်
ကျင့်ကြံနေထိုင်ကြသော
သံဃာတော် အရှင်မြတ်တို့အား
အဟံ-ဘုရားတပည့်တော်သည်
နမေ နမာမိ-
ယုံကြည်မြတ်နိုး
လက်စုံမိုး၍
ရှိခိုးပါ၏ အရှင်ဘုရား။
အပ္ပမာ “ဒ” ခေါ်
မမေ့ခြင်းတရားနှင့်
သစ္စာတရားတော်တို့ကို
ဟောပြောညွှန်ကြား
သွန်သင်လမ်းပြ
ဆုံးမတတ်ကုန်သော
သံဃာတော် အရှင်မြတ်တို့အား
အဟံ-ဘုရားတပည့်တော်သည်
နမေ နမာမိ-
ယုံကြည်မြတ်နိုး
လက်စုံမိုး၍
ရှိခိုးပါ၏ အရှင်ဘုရား။
>>> ဘုန်းဘုန်း ‘ကောဝိဒ’ ဘွဲ့တော်လေးကို အခြေတည်လို့ သံဃာတော် အရှင်သူမြတ်တို့အား ပူဇော်သမှုနဲ့ ရေးသားဖော်ကြူးအပ်ပါတယ် အရှင်မြတ်တို့ ဘုရား။ (မှားတာလေးတွေရှိရင် ဖိုးသားကို သွန်သင်လမ်းပြပါဦး ဘုရား)
ရိုသေလေးမြတ်စွာ ဦးခိုက်လျက်
ဖိုးသား
25.01.2009, SUN:, 03:42:21 PM
January 25, 2009 at 6:00 AM
ပူဇော်ထိုက်သူကို ပူဇော်တာ မင်္ဂလာ တစ်ပါးမို့ သာဓု ခေါ်ပါတယ် သူငယ်ချင်း။ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ..။