Latest News

*Chatting မှ Writing အဘိဓမ္မာ(၂)*

အဟိစိတ် (၁၈) ပါး

၁။ အဟိတ် အကုသလ ၀ိပါက်စိတ် ၇-ပါး
၂။ အဟိတ် ကုသလ ၀ိပါက်စိတ် ၈-ပါး
၃။ အဟိတ် ကြိယာစိတ် ၃-ပါး

ရှင်းလင်းချက်

အဟိတ်ဟုရှေ့ မှထည့်ခေါ်ဝေါ်ရခြင်းသည် အခြား ၀ိပါက် ကုသိုလ် ကြိယာစိတ်များ ရှိသောကြောင့် သီးသန့်ကွဲ ပြားစေလို၍ ထည့်ရသည်။ အဟိတ်ဟူသည် အကြောင်းတရား မဟုတ်သော စိတ်များကို အဟိတ်စိတ်ဟုခေါ်သည်။ အကျိုးတရားမှန်းသိစေ လို၍ ၀ိပါက-ဟုထည့်ရသည်။

အဟိတ် အကုသလ၀ိပါက်စိတ် -၇ပါး

၁။ ဥပေက္ခာ သဟဂုတ် စက္ခုဝိညာဉ်စိတ် ၁-ပါး
၂။ ---။---သောတ၀ိညာဉ်စိတ် ၁-ပါး
၃။ ---။---ဃာန၀ိညာဉ်စိတ် ၁-ပါး
၎။ ---။---ဇိဝှါဝိညာဉ်စိတ် ၁-ပါး
၅။ ဒုက္ခသဟဂုတ် ကာယ၀ိညာဉ်စိတ် ၁-ပါး
၆။ ဥပေက္ခာ သဟဂုတ် သမ္ပဋိ စ္ဆိုင်း ၁-ပါး
၇။ ---။---သန္တီရဏစိတ် ၁-ပါး စုစုပေါင်း -၇-ပါး

ဥပေက္ခာဝေဒနာနှင့်တကွဖြစ်သော အဟိတ် အကုသလ၀ိပါက် စက္ခုဝိညာဉ်စိတ် (မြင်သိစိတ်) သည် လူသား တစ်ယောက် အတွက် လမ်းသွားစဉ် မစင်ပုံကို မြင်ရသောအခါတွင် ဖြစ်၏။ ဥပမာ ဗုဒ္ဓဘာသာဝင် မဟုတ်သော ပုဂ္ဂိုလ်အတွက် ရွှေတိဂုံစေတီတော်သည် အဟိတ်အကုသလ ၀ိပါက် စက္ခုဝိညာဉ်စိတ် ဖြစ်၏။ မိမိ၏ အပြစ်ကိုပြောဆိုသော စကားသံကို ကြားရသောအခါတွင် အဟိတ် အကုသလ၀ိပါက် သောတ၀ိညာဉ် စိတ်ဖြစ်၏။ ဤကဲ့သို့ စသည် သိပါလေ။

သမ္ပဋိ စ္ဆိုင်းစိတ် ဟူသည် လက်ခံသည့်စိတ် ဖြစ်သည်။ စက္ခုဝိညာဉ်စသည်ဖြင့် မြင်၍ ဖြစ်ပေါ်လာသော ပေါ်လာသော အားရုံကို လက်ခံသည့်စိတ်ဟု ဆိုလိုသည်။

သန္တီရဏ ဟူသည် သုံသပ်သည့် စိတ်ဖြစ်သည်။ လက်ခံလာသော အာရုံကို ကောင်းသည် မကောင်းသည် သုံးသပ်သော စိတ်ဟုဆိုလိုသည်။

အဟိတ် ကုသလ၀ိပါက် စိတ်- ၈ပါး

၁။ ဥပေက္ခာ သဟဂုတ် စက္ခုဝိညာဉ်စိတ် ၁-ပါး
၂။ ---။---သောတ၀ိညာဉ်စိတ် ၁-ပါး
၃။ ---။---ဃာန၀ိညာဉ်စိတ် ၁-ပါး
၎။ ---။---ဇိဝှါဝိညာဉ်စိတ် ၁-ပါး
၅။ သုခ သဟဂုတ် ကာယ၀ိညာဉ်စိတ် ၁-ပါး
၆။ ဥပေက္ခာ သဟဂုတ် သမ္ပဋိ စ္ဆိုင်း ၁-ပါး
၇။ ဥပေက္ခာ သဟဂုတ် သန္တီရဏစိတ် ၁-ပါး
၈။ သောမနဿ သဟဂုတ် သန္တီရဏစိတ် ၁-ပါး စုစုပေါင်း -၈-ပါး

ရှင်းလင်းချက်

လူတစ်ယောက် လမ်းလျှောက်လာရင်း လမ်းဘေးတွင် မစင်ပုံကိုတွေ့သောအခါ ထိုလူအတွက် မစင်ပုံဟူသော အာရုံနှင့် စက္ခုပသာဒတို့ တွေ့ဆုံ၍ စက္ခုဝိညာဏ်စိတ် ဖြစ်သောအခါတွင် မစင်ပုံသည် လူသားတစ်အတွက် မကောင်းသော အာရုံဖြစ်သည်။ ထို့ကြောင့် လမ်းလျှောက်လာသော လူသားတစ်ယောက်၏ စက္ခုဝိညာဏ်စိတ်သည် အကုသလ၀ိပါက် စက္ခုဝိညာဏ်စိတ် ဖြစ်သည်။ ထိုအကုသလ ၀ိပါက်စက္ခုဝိညာဏ်စိတ်မှ တဆင့် အကုသလ၀ိပါက် သမ္ပဋိ စ္ဆိုင်း (လက်ခံစိတ်) စိတ်ဖြစ်လာပြန်သည်။ ထိုစိတ်မှလက်ခံလာသောစိတ်သည် အကုသလ၀ိပါက် သန္တီရဏစိတ် (သုံးသပ်သည့်စိတ်) ဖြစ်သည်။

သုံးသပ်သောစိတ်မှတဆင့် ဇောဖြစ်ပုံ

ဒီနေ့ လမ်းလာလျှောက်ရင်း မစင်ပုံကို တွေ့ရတာ မင်္ဂလာကိုမရှိဘူးဟု သုံးသပ်သောအခါ ဒေါသမူစိတ်သည် ဒေါသဇော စောကာဝင်ရောက် ဖျက်စီးသည်။ လမ်းလျှောက်လာရင်း တရားသံကြားသောအခါ သဒ္ဓါတရားရှိသူအတွက် တရားသံနှင့် သောတပသာဒတို့ တွေ့ဆုံသောအခါ ထိုပုဂ္ဂိုလ်အတွက် ကုသလ၀ိပါက် သောတ၀ိညာဏ် ဖြစ်လေသည်။ ထိုမှတဆင့် ကုသလ၀ိပါက် သမ္ပဋိ စ္ဆိုင်း ကုသလ၀ိပါက် သန္တီရဏဖြစ်ကာ မဟာကုသိုလ် ဇောစိတ်ဖြစ်သည်။

ဤသို့ ဒွါရငါးပါးမှရောက်လာသည့် အာရုံများ အဟိတ်စိတ်များ ဖြစ်ပေါ်လာပုံကို သတိပြုပါ။

အဟိတ်ကြိယာစိတ် (၃)ပါး

၁။ ဥပေက္ခာ သဟဂုတ် ပဉ္စဒွါရ၀ဇ္ဇန်း ၁ ပါး
၂။ ဥပေက္ခာ သဟဂုတ် မနောဒွါရ၀ဇ္ဇန်း ၁ ပါး
၃။ သောမနဿ သဟဂုတ် ဟသိတုပ္ပါဒ် ၁ ပါး

===== ===== =====

လေးစားစွာဖြင့်
ဖိုးသား

23.01.2009, FRI:, 04:10:31 AM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply