Latest News

*ငါ့ဘ၀*

လွမ်းဆွေး ၀မ်းနည်းစရာကောင်းပ
ကူညီသူ ကင်းမဲ့လို့...။

ငါ့သန္တာန်မှာ
ပူဆွေးတမ်းတမှုတွေက
ချိန်ခါမလပ်...။

ငါ...
ဘယ်လို ကောင်းကျိုးချမ်းသာ
ဘယ်လို ထာဝရ ပျော်ရွှင်မှုသက်သက်
အလိုရမ္မက် ရှိနေတာလဲ...။

သက္ကရာဇ်တွေ ကုန်လွန်
အားလုံးဟာ
ကောင်းသထက် ကောင်းတဲ့ နှစ်တွေပေါ့...။

ချစ်တယ်...
ဘယ်သူ့ကို ချစ်ရမလဲ...။

သေတပန် သက်တဆုံး
ထာဝရ ချစ်နိုင်ဖို့ဆိုတာ
မဖြစ်နိုင်သော စိတ်ကူးယဉ်မှု
အလုပ်လက်မဲ့ ခုလို အချိန်...။

ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိ
အဇ္ဈတ္တသန္တာန်မှာ
အတိတ်ဟာ အနှစ်မဲ့လို့...။

ပျော်ရွှင်ကြည်နူးမှု
ဝမ်းနည်းပူဆွေးမှုနဲ့
အခြားအခြား အရာတွေဟာ
ငါ့ဘ၀မှာ
ခြေရာမျှမထင်...။

ဘာကိုစွဲလမ်းလို့
တမ်းတနေတော့မလဲ...။

အသိဉာဏ်ကင်းမဲ့တဲ့
သေဆုံးခြင်းမရောက်ခင်
နာမှုဆိုတဲ့ ဗျာတိတရားက
စောစောရောက်လာမလား...
နောက်ကျမှ လာလေမလား...။

အေးမြငြိမ်းချမ်း
ဂရုစိုက်မှုတွေ ပြည့်လျှမ်းနေတဲ့ ဘ၀ကို
ဘယ်လိုမျိုး မြင်တွေ့နိုင်မလဲ...။

တကယ်တော့ ငါ့ဘ၀ဟာ
ဘာမှမရှိ အနှစ်မဲ့
ပေါ့ပျက်ပျက်နိုင်တဲ့
ဟာသလေးပါ...။


>>> ၂၇-နှစ် အရွယ်မှာ ကွယ်လွန် အနိစ္စ ရောက်ခဲ့တဲ့ ရုရှားစာရေးဆရာ *လျဲမန်သာ့ပ်* ရဲ့ ကဗျာလေးကို ဆီလျော်အောင် ဘာသာပြန် လိုက်ခြင်းပါ...။

>>> အားလုံးပဲ အေးမြငြိမ်းချမ်း သေခြင်းကင်းတဲ့ အသင်္ခတ မြတ်နိဗ္ဗာန်ကို အလွယ်ကူဆုံး နည်းနဲ့ အမြန်ဆုံး ရောက်နိုင်ကြပါစေ၊ ရောက်နိုင် အောင်လည်း အားထုတ်နိုင် ကြပါစေလို့ ဆန္ဒပြုလျက်...

လေးစားစွာဖြင့်
ဖိုးသား

01/03/2009, SUN:, 20:08:10 PM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

1 comments

  1. ဘာသာပြန်ထားတာလေး ကောင်းလှပါတယ် သူငယ်ချင်း။ အများအကျိုးကို ဆထက် သယ်ပိုးရင်း ကိုယ်ကျိုးလဲ အောင်မြင်နိုင်ပါစေ..။ လေးစားလျက်..။

Leave a Reply