Latest News

*မော်စကို ညနေခင်း*

သစ်ရွက်ကလေးတွေ

တိုးတိုးတိတ်တိတ် ပွတ်တိုက်သံတောင်

ဘာရယ်ကြောင့်များ

ငါမကြားတာပါလိမ့်....

ဒီနေရာလေးမှာ

အရာရာဟာ

မနက်ခင်းက အတိုင်းပါပဲလား...

ငါ့ကိုလေ

မင်းဘယ်လောက် ချစ်ခင်မြတ်နိုး

တန်ဖိုးထားသလဲလို့

သိချင်စမ်းပါဘိ...

ဒီမော်စကိုဝန်းကျင်ရဲ့

ညနေချမ်းမှာပေါ့...။



မြစ်ကလေးကလည်း

စီးသလိုလို မစီးသလိုလို...

အေးမြတဲ့လရောင်အောက်မှာ

အရာအားလုံးဟာ

ငွေရောင်လိုပြာကျနေ...

သီချင်းသံကလည်း

ကြားတစ်ချက် မကြားတစ်ချက်...

အဲဒီတိတ်ဆိတ်တဲ့

ညနေချမ်းမှာပေါ့...။



မင်းကလေးငါ့ကို

ဘာရယ်ကြောင့်များ

မယုံသင်္ကာမျက်ဝန်းတွေနဲ့

ကြည့်လေသလဲကွယ်...

ခေါင်းလေးညိတ်လိုက်လေသလား...

ပြောသလိုလို

မပြောသလိုလိုနဲ့ ခက်တယ်ကွာ...

အားလုံးဟာ

ငါ့နှလုံးသားထဲမှာ...။



အလို...

အရုဏ်တက်ဖို့

နီးလာပါပေါ့လား...

သို့အတွက်ကြောင့်မို့

ကျေးဇူးပြုပြီး

ကြင်နာလိုက်စမ်းပါ...

အဲဒီနွေရာသီကိုတော့

မင်းလေးမမေ့လေနဲ့ကွယ်...

ဒီမော်စကို ၀န်းကျင်ရဲ့

ညနေချမ်းမှာပေါ့...။



>>> ရုရှားကဗျာလေးကို ဘာသာပြန်ထားခြင်းပါခင်ဗျာ... တစ်ခါတစ်လေများ ကျတော့လည်း ပုထုဇဉ်ပီပီ ဘာကိုလွမ်းလို့ လွမ်းမှန်းမသိ လွမ်းကြည့်တာပါ... ရင်ဝယ် အလွမ်းငြိတွယ် နေသူတွေတော့ ခံစားနိုင်မလားပဲ... ခံစားချက်ခြင်း တူညီခဲ့ရင်ပေါ့လေ...

လေးစားစွာဖြင့်
ဖိုးသား

04/02/2009, WED:, 1:27:57 AM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

1 comments

  1. ဘာကိုလွမ်းလို့ လွမ်းမှန်းမသိတဲ့ ကောင်းကင်လည်း ကိုဖိုးသား ရဲ့ အလွမ်းကဗျာလေးကို ခံစားမှုနဲ့ လွမ်းပီ ဖတ်သွားတယ်နော်

Leave a Reply