Latest News

*မိုးမခပင်တွေ*

မိုးနဲ့မုန်တိုင်း ၊ ကဆုန်စိုင်းရင်း

လှိုင်းထန်မြင်ပြင် ၊ မုန်ယိုဆင်သည်

မြင်မြင်သမျှ ၊ ယမ်းခါချလို့

ဒေါသမီးတောက် ပေါက်ကွဲချိန်။



ကမ်းပါးစပ်က ၊ မိုးမခပင်ငယ်

အရွယ်မရောက် ၊ အပင်ပေါက်တွေ

လှိုင်းအောက်ပိပြား ၊ ကမ်းပါးရေလျှံ

နွံနစ်ခံရ ၊ မြစ်ဒေါသကြောင့်

မွမွညက်ညက် ကြေပြီလား...။



မြစ်ရေကျစဉ် ၊ နုံးတင်မြေသား

အမှိုက်ကြားက ၊ မိုးမခပင်ငယ်

ဘယ်လောက်များလေ ၊ ရေလွှမ်းတဲ့ဒဏ်

(သူတို့) ခံရဦးမလဲ...

နုံးတွေကြားမှာ ၊ အားခဲသက်ရှင်

(ကြာရင်) မြင်မှမြင်နိုင် ပါ့မလား...။



နှစ်များကြာလျှင် ၊ ဆံပင်ဖားလျား

လူငယ်များလေ ၊ မြစ်နားကမ်းစပ်

ရပ်နေသလိုမျိုး ၊ မိုးမခပင်တွေ

လေကြမ်းမုန်တိုင်း ၊ မြစ်အရိုင်းရဲ့

လှိုင်းလုံးတွေကို စိန်ခေါ်ရင်း...။ ။


ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့ လူငယ်တွေရဲ့ ဘ၀ကို လှလှပပ သေသေသပ်သပ် ဖွဲ့နွဲ့ ဖော်ကျူး ရေးစပ် ထားတဲ့ ကဗျာလေးပါ...

ဒီကဗျာလေးကို ကျွန်တော် စာထက်အက္ခရာ တင်မိတာက 06.10.2007 စနေနေ့... ဖြစ်ပါတယ်ခင်ဗျာ... ဆရာရေးသားတဲ့ *မိုးမခပင်တွေ* ဆိုတဲ့ စာအုပ်လေးထဲက ကူးယူမိခဲ့တာပါ...

လေးစားစွာဖြင့်
ဖိုးသား

03/02/2009, TUE:, 16:52:31 PM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply