Latest News

*ဆုံးမစကား လိုက်နာစေချင်*

ဘုန်းဘုန်းသာဓိန


B.A (Buddhism), သာသနတက္ကသီလဓမ္မာစရိယ M.A (Buddhism), သာသနတက္ကသီလမဟာဓမ္မာစရိယ M.A (Colombo), English Diploma (Colombo), Ph.D (Thesis) Bombay

****************************************************************************

5:03 PM me: ဘုန်းဘုန်းနာယကလည်း မြန်မာပြည်ပြန်သွားပြီ
၂-လလောက်ကြာမယ်တဲ့ ဘုန်းဘုန်း

5:04 PM အရှင်သာဓိန: အော်ဟုတ်လား သူတို့ကတော့ အဆင်ပြေတာပေါ့ကွာ အမေရိကားကဆိုတော့

me: တင်ပါ့..
ဘုန်းဘုန်းအိမ်နဲ့ကော တွေ့ပြီးပြီလား

5:05 PM အရှင်သာဓိန: တွေ့ပီးပီ ညီရ၊ အဖေကတော့ အသက်ကြီးပီ၊ လူအိုနာနဲ့ အိပ်ရာထဲမှာ ဒီလိုနဲ့သာဆို သွားတော့မှာပေါ့ကွာ

5:06 PM me: အော်...
ဖိုးသား အဖေ့ကိုတောင် သတိရလာတယ်
အဖေတုန်းကလည်း အဲလိုပဲ.. အိပ်ယာထဲလဲနေတာလေ...
ခုထက်ထိ မြင်ယောင်နေမိတယ်

5:07 PM အရှင်သာဓိန: ဒီလိုပဲပေါ့ ညီရာ၊ ဘ၀ဆိုတာ သေဘို့မွေးလာကြတာချည်းပဲ၊ အေး သေတတ်ဘို့ပဲလိုတာ၊ သေတတ်ဘို့ဆိုတာမှာ နေတတ်ဘို့က အရေးကြီုးံးပဲလေ

5:08 PM me: အဖေ့တုန်းကတော့ ဖိုးသား ဘာမှမသိလို့ မပြောပြနိုင်ခဲ့ဘူး... ဖိုးသား အမေကျရင်ကော .. ဘယ်လိုလာဦးမလဲမသိဘူး
တတ်သလောက်တော့ ပြောပြထားပြီးပြီ ဘုန်းဘုန်း

အရှင်သာဓိန: ဘုန်းဘုန်းကတော့ မသေခင်ဘဲ မိဘတွေကို အတတ်နိုင်ဆုံး ကျေးဇူးဆပ်ထားတယ်၊ သေခါမှ မျက်ရည်မကျချင်ဘူးကွာ

5:09 PM me: တင်ပါ့
ဘုန်းဘုန်းတို့ကျတော့ အများကြီးသိထားတော့ ကောင်းပါတယ်.. မိဘတွေကို အများကြီး ပြောပြနိုင်တာပေါ့

5:10 PM အရှင်သာဓိန: ညီလည်း အမေရှိသေးသားပဲ အတတ်နိုင်ဆုံး စိတ်မဆင်းရဲစေနဲ့ ကိုယ်သိထားတဲ့ သူတော်ကောင်းတရားတွေကို အမေ့ကိုလည်း သိအောင်ပြောပြ၊ ဆုံးမ၊ ဆုံးမကောင်းတယ်၊ ဘုရားတရားတွေ ပြန်ဟောပြတာ ကောင်းတဲ့အလုပ်ပဲ

me: တင်ပါ့ ဘုန်းဘုန်း
5:11 PM ဖိုးသား ကြိုးစားပြီး ပြောပြပါတယ်

အရှင်သာဓိန: ငါ့ညီတို့က သူတော်ကောင်းတွေနဲ့ အများကြီးတွေ့နေရတာပါကွာ ကုသိုလ်ပေါ့ညီရာ
အေးပေါ့

me: တင်ပါ့
5:12 PM ဘုန်းဘုန်းတို့ရဲ့ကျေးဇူးတွေကြောင့်ပါ
ခုလိုပြောပြနိုင်တာ

အရှင်သာဓိန: အေးပေါ့ ဒါလည်းပဲ ဘ၀ အဆက်ဆက်က ကုသိုလ်တရားတွေရဲ့ အကျိုးဆက်ပေါ့ ညီရာ
me: တင်ပါ့ ဘုန်းဘုန်း ကျေးဇူးပါ...

5:13 PM အရှင်သာဓိန: အေးအေး စာလည်း ကြိုးစားနော်၊ ကျောင်းသားကောင်း ၊ မိခင်အတွက် သားကောင်း၊ ပြည်ရွာအတွက် အမျိုးသားကောင်း၊ အမျိုးကောင်းသား ဖြစ်ပါစေညီရေ

5:14 PM me: တင်ပါ့ ဘုန်းဘုန်း... ဖိုးသား ဘုန်းဘုန်းဟောခဲ့တဲ့ အဇ္ဈတ္တဒိုင်ယာရီ ကိုလည်း ဖိုးသား ညစဉ် နှလုံးသွင်း ဆင်ခြင်ပါတယ် ဘုန်းဘုန်း
ဖိုးသား မနှောင့်ယှက်တော့ပါဘူး..
5:15 PM ဒီနေရာကပဲ ဦးချလိုက်ပါတယ်

အရှင်သာဓိန: အေးအေး ကောင်းတယ် ညီရေ ကျန်းမာပါစေကွာ

me: တင်ပါ့ ဘုန်းဘုန်း၊ ဘုန်းဘုန်း လည်း ကျန်းမာပါစေ


လေးစားရိုသေစွာ ဦးတင်လျက်
ချစ်တပည့်လေး
ဖိုးသား

2/5/2009, THU:, 10:18:51 PM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply