၄၄: ကျေးဇူးညီလေး
ကျန်တဲ့ပုံတွေရော?
me: အဲ ဒါပဲရှိတယ်အစ်ကို ကိုသုခပို့ပေးတာ ခုလေးတင်
8:20 PM ၄၄: အကိုတောင် သူတို့ဆီက ပြန်လာတာ
me: ဟုတ် ညီ့ကို ပြေပြတယ်လေ။
8:21 PM အစ်ကိုတို့ တရားနာနေတုန်းက ညီလည်း တရားနာနေတာပဲ အစ်ကို။
၄၄: အော်.. အေးအေးညီလေး
ကောင်းတယ်..
me: အစ်ကို အဆင်ပြေတယ်မို့လား
8:22 PM ၄၄: ပြေတယ်ညီလေး..
me: နေတော့ကောင်းတယ်လို့ပြောတယ်
၄၄: ညီလေးရော?
me: ဟုတ်ကဲ့
၄၄: အကိုလည်း အခုတလော စာဖက်လှည့်ရတော့မလို့
8:24 PM me: ဟုတ်ကဲ့။ ညီလည်း ခုတလော စာမေးပွဲတွေ လှိမ့်ဖြေနေရတယ်အစ်ကို။ နေ့တိုင်းနီးပါးပဲ။ ခုနလေးတင် ဘုန်းဘုန်း သာဓိန ဆီက တရားနာလိုက်တယ်။ ညီတောင်းဆိုလို့ ဘုန်းဘုန်း ဟောတာပါ။ တရားခေါင်းစဉ်က အဇ္ဈတ္တဒိုင်ယာရီ တဲ့အစ်ကို။
8:25 PM ၄၄: အေးအေးညီလေး
သူတော်ကောင်းတရား ကြားနာခွင့်ရတာသည် အခွင့်ထူးမှသာ ရတဲ့အခွင့်အရေးပါ
8:26 PM me: ညီက ဘုန်းဘုန်းမပြန်ခင် ဖိုးသားကို ဘုန်းဘုန်း အစမ်းလေ့ကျင့်တဲ့အနေနဲ့ တရားတစ်ပုဒ်လောက်ဟောပါဆိုလို့ ဟောတာအစ်ကို။
၄၄:း)
ညီက ဘာရည်ရွယ်ချက်နဲ့ တရားဟောခိုင်းတာလဲ?
8:28 PM me: ဘာမှ မရည်ရွယ်ပါဘူးအစ်ကို ။ ဘုန်းဘုန်းကောသလ္လနဲ့ သူငယ်ချင်းဆိုတော့ ဘုန်းဘုန်းကော တရားတွေကျတော့ နာဖူးပြီး ဘုန်းဘုန်းသာဓိန တရားတွေနာဖူးချင်လို့ပါ။ တခြားရည်ရွယ်ချက်မရှိပါဘူး အစ်ကို။ နောက်ပြီး ဘုန်းဘုန်းတွေကို ညီကြည်ညိုလို့ပါ
8:32 PM ၄၄: နက်ကျသွားလို့ ညီလေး
8:33 PM me: ဟုတ်ကဲ့အစ်ကို
၄၄: ခုနားက ဘယ်လောက်ထိ ညီ့ဆီစာရောက်သွားလဲ?
8:34 PM me: မရောက်ဘူး အစ်ကို
8:35 PM မေးခွန်းပဲ ရှိသေးတယ်
8:36 PM ၄၄: ဥပမာနဲ့ ပြောပြမယ်နော်..
me: ဟုတ်ကဲ့
8:37 PM ၄၄: ညီက ဈေးဆိုင်ကို တွေ့လို့ ဘာဝယ်ရမယ်လို့ ရည်ရွယ်ချက်မရှိဘဲ ဝင်သွားတယ်ပေါ့
ဝင်သွားမယ်ဆိုတဲ့ ဆန္ဒက ကျေးဇူးပြုသွားတာပေါ့။
ဒီဆန္ဒကိုပဲ ရည်ရွယ်ချက်လို့ သုံးတာပါပဲ
8:38 PM me: ဟုတ်
၄၄: ဒီတော့ ဈေးဆိုင်ကို တွေ့လို့ ဝင်သွားကြည့်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝင်သွားတယ်ပေါ့။
me: ညီ က ဘာရောင်းမှန်းလည်း မသိဘူးလေအစ်ကို။ ဒါကြောင့်ပါ
၄၄: အေးညီလေး..
8:39 PM ဒါနဲ့... ဝင်သွားပြီး ကြည့်ပြီး တွေ့တာလေးတွေ ဝယ်တာပေါ့
ဝယ်တော့ ရလာတာပေါ့။
me: ဟုတ်ကဲ့
၄၄: ဒါက သဘောတစ်မျိုးပြီးသွားပြီ
နောက်တစ်မျိုးက
တစ်ခုသော ပစ္စည်းကို လိုချင်လို့ အဲဒီဈေးဆိုင်ကို သွားတယ်။
8:40 PM အဲဒီ ပစ္စည်းကို ဝယ်လာတယ်။
ဝယ်တော့ ရတယ်။
ဒါက တစ်မျိုး
အပေါ်က သဘောနဲ့ ဘာကွာတုံးဆိုတော့
ရတာချင်းကွာ ခြားတယ်။
8:41 PM me: ညီကပြောပါသေးတယ်။ ဘုန်ူးဘုန်းဟောတာ ဖိုးသားသိပြီးသားဆိုနောက်တစ်မျိုးပြောင်းပေးလို့ ရမလားလို့။ ဘုန်းဘုန်ူးကလည်း ခွင့်ပြုတယ်လေ အစ်ကို။
၄၄: အေးညီလေး..
8:42 PM ဒီနေရာမှာ နာသမားနှင့် ဟောသမားတို့ ဆက်စပ်မှုအသွားအလာကို ပြောပြတာပါ။
me: ဘုန်းဘုန်းဟောတော့လည်း ညီသိပြီးသားပါပဲ ။ လိုက်မလုပ်နိုင်သေးတာရယ် နောက် ဘုန်းဘုန်းဟောတာကလည်း ကောင်းတော့ ညီအဲဒါပဲ ထပ်နာမိသွားတယ် အစ်ကို။
ဟုတ်
၄၄: ဟောသမားကတော့ ဈေးဆိုင်နဲ့ တူတယ်.. ပစ္စည်းတွေ အများကြီးရှိတယ်။
me: ဟုတ်ကဲ့
၄၄: နာသမားမှာတော့ ဘာပစ္စည်မှမရှိဘူး။
8:43 PM me: ဟုတ်
၄၄: သိပြီးသားလို့ ဆိုတတ်ကြတယ်...
သိပြီးသားဆိုတာသည် အဟောင်း။ ယခုထပ်သိရတာသည် အသစ်
me: ဟုတ်
၄၄: အဟောင်းနဲ့ အသစ်သည် မတူညီပါဘူး ဆိုရင် လက်ခံမလား?
8:44 PM me: ဟုတ်မတူဘူး အစ်ကို ဒီဇိုင်းကအစ ကွာသွားတယ်
၄၄: ဟုတ်တယ်...
me: ပစ္စည်းချင်းတူပေမယ့်လေ
8:45 PM ၄၄: လူတွေက တရားနာရတဲ့အခါမှာ ငါသိပြီးသားပါလေဆိုပြီး နှလုံးသွင်းမှု အားနည်းတတ်ကြတယ်။
me: ဟုတ်ကဲ့
၄၄: ဒါသည် အသစ်ကို မကြိုက်တဲ့သူတွေပဲ။
တစ်နည်းအားဖြင့် အသိဉာဏ်အသစ်တိုးမှုကို မလိုအပ်တဲ့သူပဲ ဆိုရင် အမှန်ပဲ။
8:46 PM ဒါပေမယ့် သူ့ကို မင်းက အသိဉာဏ်အသစ်ကို အလိုမရှိတဲ့သူပဲလို့ ပြောရင် သူလက်ခံမှာမဟုတ်ဘူး။
8:47 PM me: ဘယ်လိုလေးလည်းအစ်ကို
သိပ်မရှင်းဘူး
ညီ
၄၄: သူကတော့ ငြင်းပေမယ့် သဘောကတော့ အသိဉာဏ်အသစ်တိုးမှုကို မလိုအပ်တဲ့သဘောကို ရောက်နေတယ်..
:)
ဥပမာကွာ...
8:48 PM အကိုက မော်စကိုအကြောင်းကို ပြောပြတယ်ဆိုပါစို့
8:49 PM ညီက တစ်ခါမှ မကြားဖူးတော့ နားထောင်တယ်
me: ဟုတ်ကဲ့
၄၄: ဒါနဲ့ နောက်တစ်ယောက်ကလည်း တိုက်ဆိုင်လို့ မော်စကို အကြောင်းကို ပြောပြမယ်လို့ ဆိုလာပါရော..
me: ဟုတ်
၄၄: ညီက.. ကျွန်တော်သိပြီးသားပါဆိုပြီး.. ပြောလိုက်ရော..
သူက ပြောခွင့်မသာတော့ဘူးပေါ့
8:50 PM ဒီတော့ အကိုက ညီကို မေးခွန်းထုတ်မယ်.. ညီက ဖြေပါ
me: အော်အဲဒီတော့ ညီနောက်ထပ်သူ့ဆီက အသစ်လေးတွေ ထပ်မသိတော့ဘူးပေါ့။
ဟုတ်ကဲ့မေးပါအစ်ကို
8:51 PM ၄၄: ဟုတ်တယ်ညီ.. ထပ်မသိတော့ဘူး...
ဒါကို အနည်းငယ် စီစစ်ကြည့်တဲ့ သဘောပါ
8:52 PM အကိုပြောပြတဲ့ မော်စကိုအကြောင်းအရာနှင့် နောက်တစ်ယောက်ပြောပြမယ့် အကြောင်းအရာက ခေါင်းစဉ်တူနိုင်ပေမယ့် အတွင်းသားက မတူနိုင်ဘူးဆိုတာကို ညီက လက်ခံလား?
me: ဟုတ် လက်ခံရမှာပေါ့အစ်ကို
မတူဘူး
မတူနိုင်ဘူး အစ်ကို
8:53 PM ၄၄: အကြောင်းအရာက တူနေတော့ အတွင်းသားကတော့ လုံးလုံးကြီး ကွာခြားမှာမဟုတ်ဘူး.. သို့သော် အနည်းတော့ ကွာခြားနေမှာပဲ မဟုတ်လား?
me: ဟုတ်ကဲ့ ညီသဘောပေါက်ပါပြီ
၄၄: အနည်းငယ်ကွာခြားမှုသည် အသစ်တိုးလာခြင်းမဟုတ်လား?
me: ဟုတ်
8:54 PM ၄၄: ညီက.. ကျွန်တော်သိပြီးသားပါဆိုပြီး.. အစက ပြောလိုက်ခြင်းသည် တိုးမြှင့်ပြီး သိရမယ့် အကြောင်းအရာအသစ်ကို ကန့်ကွက်လိုက်တဲ့သဘောကို ရောက်မသွားဘူးလား?
8:55 PM me: ရောက်သွားတာပေါ့အစ်ကို
8:56 PM ၄၄: ဒါကြောင့် ကျွန်တော်သိပြီးသားပါ ဆိုပြီးပြောတာသည် အလုံးစုံအားဖြင့် မသိသေးသောပုဂ္ဂိုလ်ဖြစ်ခဲ့မယ်ဆိုရင် -
8:57 PM ကျွန်တော်မသိသေးသော အကြောင်းအရာများစွာ ရှိနိုင်ပါသေး၏ ဆိုတဲ့ အဖြေထွက်လာတယ်။
me: ဟုတ်ပါတယ်အစ်ကို
၄၄: အလုံးစုံအားဖြင့် သိပြီးသားပုဂ္ဂိုလ်ဆိုရင်တော့ ကျွန်တော်သိပြီးသားပါ ဆိုပြီးပြောတာသည် = ကျွန်တော်သိပြီးသားပါပဲ ။
8:58 PM me: ဒါလည်းမှန်ပါတယ် အစ်ကို
၄၄: ဒါသည် စကားထဲက ဒဿနနှစ်ဖြာထွက်လာတာပါပဲ
me: ဟုတ်
၄၄: ဖီလော်ဆော်ဖီပေါ့ ညီ
8:59 PM me: ဟုတ်ကဲ့ ညီလည်း တစ်ခုခုရလာရင် အဲလိုပဲတွေးရတာ ကြိုက်တယ် ။ အရင်ကတော့တခြားကိုတွေးတာပေါ့ ဆက်စပ်ပြီး။ ခုတော့ တရားနဲ့ဆက်စပ်ပြီး အကုန်လိုက်တွေးတယ် အစ်ကို။
9:00 PM ၄၄: ဒါကြောင့် သဘာဝတရားကို လေ့လာတဲ့သူက တစ်ခုသော သဘောကို သိရင် နောက်တစ်ခုသော သဘောတရားရှိရမယ်ဆိုပြီး ရှာတယ်။
မရှာတဲ့သူကတော့ သဘာဝတရားကို လေ့လာတဲ့သူ မဟုတ်ဘူး။
me: အစ်ကို့ရဲ့ သွန်သင်မှုတွေ အများကြီး ကျေးဇူးပြုပါတယ် အစ်ကို
ဟုတ်
9:01 PM ၄၄: ဥပမာ... အမှောင်ဆိုတဲ့ သဘာဝတရားကို လေ့လာတဲ့သူသည် သူ့၏ဆန့်ကျင်ဘက်ဖြစ်တဲ့ အလင်းသဘာဝကို ရှာဖွေသင့်တယ်။
me: ဟုတ်
9:02 PM ၄၄: အမှောင် ဆိုတဲ့ သဘာဝတရားကို ထိုးထွင်းပြီး သိသောပုဂ္ဂိုလ်သည် ဒီသဘောရှိရင် သူနဲ့ဆန့်ကျင်ဘက်သဘောတော့ ရှိမှာပဲ ဆိုပြီး ဆင်ခြင်ဉာဏ်ဖြင့် အသိပေါ်တယ်
me: ဟုတ်
၄၄: ထိုသို့ ဆင်ခြင်ဉာဏ်မပေါ်ပေါက်ခဲ့လျင် အမှောင် ဆိုတဲ့ သဘာဝတရားကို ထိုးထွင်းပြီး သိသော သူလို့လည်း မဆိုနိုင်ပါဘူး။
me: ဟုတ်ကဲ့
9:03 PM ၄၄: ပြောရရင်တော့ အများကြီးထွက်လာနိုင်တယ်..
9:04 PM ညီလေး..
အပြောနဲ့ ပြီးမြောက်နိုင်တယ်ဆိုရင်တော့ ပြောလို့ကောင်းတာပေါ့
9:05 PM me: ညီဆန့်တွေးတတ်ပါပြီ အစ်ကို။ အစ်ကိုလုပ်ပါ။ အစ်ကိုတို့ စာကြည့်ရဦးမယ် ထင်တယ်။
၄၄: အပြောနဲ့တင် မပြီးမြောက်နိုင်ဘူးဆိုရင်တော့ အပြောရပ်ပြီး တစ်ခုသော အလုပ်တော့ လုပ်ရမှာပေါ့
me: ဟုတ်ကဲ့
9:06 PM ၄၄: အပြောနဲ့ ပြီးမြောက်နိုင်တယ်ဆိုရင်တော့ အတွေးအခေါ်သက်သက်ဖြင့် သဘာဝတရားကို လေ့လာသွားကြတဲ့သူတွေ ဖြစ်သွားပါလိမ့်မယ်။
me: ဟုတ်
9:07 PM ၄၄: အပြောနဲ့တင် မပြီးမြောက်နိုင်ဘူးဆိုရင်တော့ အပြောရပ်ပြီး လုပ်ကြည့် စမ်းကြည့်ရမယ်ဆိုတာကို သိလို့ လုပ်ရင်တော့.. အတွေးသက်သက်မဟုတ်.. အလုပ်ဖြင့် သဘာဝတရားကို စစ်ဆေးတွေ့ရှိသည့်သူတွေ ဖြစ်သွားမှာပေါ့
9:08 PM me: အစ်ကို ဆိုလိုတာ ညီသိပါတယ် အစ်ကို။
၄၄: အေးအေးညီလေး
ကောင်းသော ညနေခင်းလေးဖြစ်ပါစေ..
me: ကျေးဇူးပါ အစ်ကိုရာ။
9:09 PM ချမ်းမြလှပ သပ်ရပ်တဲ့ ညနေခင်းလေးပါ။ အစ်ကိုကျန်းမာပါစေ။ လေးစားရိုသေလျက်ပါ အစ်ကို။
၄၄: လေးစားပါတယ် ညီလေး..
လေးစားရိုသေစွာဖြင့်
ဖိုးသား
09/02/2009, MON:, 02:22:28 AM
Latest News
0 comments