သီလသည် မည်မျှသောတရား၏ စုပေါင်းရာ ဖြစ်သနည်း ဆိုသော်...
သီလသည် စောင့်စည်းခြင်း၏ စုပေါင်းရာဖြစ်၏။
သီလသည် မလွန်ကျူးခြင်း၏ စုပေါင်းရာဖြစ်၏။
သီလသည် ထိုသို့ဖြစ်သော စောင့်စည်းမှု စေတနာ၏ စုပေါင်းရာဖြစ်၏။
သူ့အသက်သတ်မှုကို စောင့်စည်းတတ်သော အနက်ကြောင့် သီလမည်၏။
မလွန်ကျူးတတ်သော အနက်ကြောင့် သီလမည်၏။
မပေးသော သူ့ဥစ္စာခိုးမှုကို စောင့်စည်းတတ်သော အနက်ကြောင့်သီလ မည်၏။
မလွန်ကျူးတတ်သော အနက်ကြောင့် သီလမည်၏။
သူ့သားမယားတို့၌ မှောက်မှားကျင့်မှုကို စောင့်စည်းတတ်သော အနက်ကြောင့်....
မလွန်ကျူးတတ်သော အနက်ကြောင့် သီလမည်၏။
မဟုတ်မမှန်ပြောဆိုမှုကို စောင့်စည်းတတ်သော အနက်ကြောင့် သီလမည်၏။
မလွန်ကျူးတတ်သော အနက်ကြောင့် သီလမည်၏။
ကုန်းတိုက်စကား ပြောဆိုမှုကို စောင့်စည်း တတ်သောအနက်ကြောင့် သီလ...
မလွန်ကျူးတတ်သော အနက်ကြောင့် သီလမည်၏။
ကြမ်းတမ်းသောစကားပြောဆိုမှုကို စောင့်စည်းတတ်သော အနက်ကြောင့် သီလ..
မလွန်ကျူးတတ်သော အနက်ကြောင့် သီလမည်၏။
ပြိန်ဖျင်းသော စကားပြောဆိုမှုကို စောင့်စည်းတတ်သော အနက်ကြောင့် သီလ..
မလွန်ကျူးတတ်သော အနက်ကြောင့် သီလမည်၏။
သူ့စည်းစိမ်ကို ရှေးရှုကြံမှု 'အဘိဇ္ဈာ'ကို စောင့်စည်းတတ်သော အနက်ကြောင့်....
မလွန်ကျူးတတ်သော အနက်ကြောင့် သီလမည်၏။
သူတစ်ပါး ပျက်စီးစေလိုမှု 'ဗျာပါဒ' ကို စောင့်စည်း တတ်သော အနက်ကြောင့်....
မလွန်ကျူးတတ်သော အနက်ကြောင့် သီလမည်၏။
မှားသောအယူ စွဲယူမှုကို စောင့်စည်းတတ်သော အနက်ကြောင့် သီလမည်၏။
မလွန်ကျူးတတ်သော အနက်ကြောင့် သီလမည်၏။
ဈာန်ဖြင့် ကာမစ္ဆန္ဒကို စောင့်စည်းတတ်သော အနက်ကြောင့် သီလမည်၏။
မလွန်ကျူးတတ်သော အနက်ကြောင့် သီလမည်၏။
သောတာပတ္တိမဂ်ဖြင့် မိစ္ဆာအယူနှင့် တကွတည်သော ကိလေသာတို့ကို၊ စောင့် စည်းတတ်သော အနက်ကြောင့် သီလ မည်၏။
သကဒါဂါမိမဂ်ဖြင့် ရုန့်ရင်းသော ကိလေသာတို့ကို၊ စောင့်စည်းတတ်သော အနက် ကြောင့် သီလ မည်၏။
အနာဂါမိမဂ်ဖြင့် အသေးအဖွဲနှင့် တကွဖြစ်သော ကိလေသာတို့ကို၊ စောင့်စည်း တတ်သော အနက်ကြောင့် သီလ မည်၏။
အရဟတ္တမဂ်ဖြင့် ကိလေသာအားလုံးတို့ကို စောင့်စည်းတတ်သော အနက်ကြောင့် သီလ မည်၏။
မလွန်ကျူးတတ်သော အနက်ကြောင့် သီလ မည်၏။
ဤသို့ သဘော ရှိကုန်သော သီလတို့သည်...
စိတ်နှလုံး သာကြည်ရွှင်ပြခြင်းငှါ ဖြစ်ကုန်၏။
ဝမ်းမြောက်ခြင်းငှါ ဖြစ်ကုန်၏။
နှစ်သိမ့်ခြင်းငှါ ဖြစ်ကုန်၏။
ကိုယ်စိတ်ငြိမ်းခြင်းငှါ ဖြစ်ကုန်၏။
စိတ်ချမ်းသာခြင်းငှါ ဖြစ်ကုန်၏။
ပွါးထုံခြင်းငှါ ဖြစ်ကုန်၏။
ပွါးများခြင်းငှါ ဖြစ်ကုန်၏။
ကြိမ်ဖန်များစွာလေ့လာခြင်းငှါ ဖြစ်ကုန်၏။
ဆင်ယင်ခြင်းငှါ ဖြစ်ကုန်၏။
အခြံအရံအလို့ငှါ ဖြစ်ကုန်၏။
ဝိုင်းဝန်းရန် အလို့ငှါ ဖြစ်ကုန်၏။
ပြည့်စုံစေခြင်းငှါ ဖြစ်ကုန်၏။
စင်စစ်ငြီးငွေ့ခြင်းငှါ၊ ရာဂကင်းခြင်းငှါ၊ ချုပ်ငြိမ်းခြင်းငှါ၊ ငြိမ်းအေးခြင်းငှါ၊ ထူးခြားစွာ သိခြင်းငှါ၊ သစ္စာဉာဏ်ပွင့်လင်းခြင်းငှါ၊ ကိလေသာမီးငြိမ်းခြင်းငှါ ဖြစ်ကုန်၏။
၂ - သီလမယဉာဏ် အကျယ်ပြခြင်း-မှ၊ မဟာဝဂ်၊ ပဋိသမ္ဘိဒါမဂ်ပါဠိတော်။
ဘုန်းဘုန်းလောကနာထ ဘလော့မှ ကူးယူဖော်ပြ မျှဝေအပ်ပါတယ် ခင်ဗျာ…။
>>> အားလုံးပဲ မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရားတို့ဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံနိုင်ကြပါစေ...။
လေးစားရိုသေစွာဖြင့်
ဖိုးသား
2/18/2009, TUE:, 12:19:54 AM

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကောင်းလှပေ၏။
သာဓု... သာဓု... သာဓု...။

0 comments