မြှောက်၍ မြောက်ပါသည်။
ခွဲ၍ ကွဲပါသည်၊
ဖြဲ၍ ပြဲပါသည်။
နှဲ့၍ နဲ့ပါသည်၊
နှပ်၍ နပ်ပါသည်။
ခွါ၍ ကွာပါသည်၊
ချန်၍ ကျန်ပါသည်၊
ဖျောက်၍ ပျောက်ပါသည်။
ဖောက်၍ ပေါက်ပါသည်။
မကြောက်ချင်ရင် မခြောက်နဲ့၊
မမြောက်ချင်ရင် မမြှောက်နဲ့။
မကွဲချင်ရင် မခွဲနဲ့၊
မပြဲချင်ရင် မဖြဲနဲ့။
မနဲ့ချင်ရင် မနှဲ့နဲ့၊
မနပ်ချင်ရင် မနှပ်နဲ့။
မကွာချင်ရင် မခွါနဲ့၊
မကျန်ချင်ရင် မချန်နဲ့။
မပျောက်ချင်ရင် မဖျောက်နဲ့၊
မပေါက်ချင်ရင် မဖောက်နဲ့။
ကြောင်းကျိုးဆက်နေတာ ဆက်နေတာ။
ကြောင်းကျိုးဖြတ်နေပါ ဖြတ်နေပါ။
ကြောင်းကျိုးပြတ်စေမှာ ပြတ်စေမှာ။ ။
>>> အကြောင်းနဲ့အကျိုး(၁) ကိုတော့ ကျွန်တော်ရေးခဲ့ ပြီးပါပြီ... အခု အကြောင်းနဲ့ အကျိုး (၂)ကို ဆက်လက်ရေးသား လိုက်ပါတယ်...။
အားလုံးသော ဓမ္မမိတ်ဆွေများအားလုံး ကြောင်းကျိုးဆက် တရားမှ ကြောင်းကျိုးပြတ် တရားသို့ အရောက် လှမ်းနိုင်ပါစေ၊ အရောက် လှမ်းနိုင်အောင်လည်း အားထုတ်နိုင်ပါစေ။
အားလုံးသော ဓမ္မမိတ်ဆွေများအားလုံး ကြောင်းကျိုးဆက် တရားမှ ကြောင်းကျိုးပြတ် တရားသို့ အရောက် လှမ်းနိုင်ပါစေ၊ အရောက် လှမ်းနိုင်အောင်လည်း အားထုတ်နိုင်ပါစေ။
လေးစားစွာဖြင့်
ဖိုးသား
2/18/2009, WED:, 4:34:29 PM
February 18, 2009 at 7:05 AM
စကားလုံးတွေက တန်ဖိုးရှိတယ် မောင်လေးရေ... လောကမှာ အကြောင်းနဲ့ အကျိုး စပ်ဆက်နေတာလေးတွေကို ပြောပြပေးတာ ကျေးဇူးတင်ပါတယ်...
နောက်ရေးမယ့် သုံး တွေ လေးတွေ ကိုလည်း စောင့်မျှော်ဖတ်ရှု ပါ့မယ်.. နော်..