သူ့ဟာသူ နေတာကိုမနေနိုင် မထိုင်နိုင်
ဘာရယ်ကြောင့်များ
အဓိပ္ပါယ် ဖွင့်ကြ…
အချစ်ကိုပြောပါတယ်…။
ဖြစ်နိုင်မယ်ဆိုရင်လေ
အဓိပ္ပါယ် မဖွင့်ပါနဲ့လား
တန်ဖိုးလျော့လို့ပါ...။
သင်လည်းသိတယ်
ကျွန်ုပ်လည်းသိတယ်
လူတိုင်းသိတယ်
ချစ်ဖူးသူတိုင်းသိတယ်
ဒီ အချစ်ရဲ့အဓိပ္ပါယ်…။
မသိသေးသူများ
သူများရေးတာသာ အားမကိုး
ကိုယ်တိုင်ကြိုးစား
လက်တွေ့ချစ်ကြည့်မှရမယ်
ဒါဆို…
အဖြေညှိစရာ မလို…။
တရားသဘောလဲ
တော်တော်များများ
ဟောကြတာပဲ
ရေးကြတာပဲ…
သင်လည်း နာတယ်
ကျွန်ုပ်လည်း နာတယ်၊
သင်လည်းဖတ်တယ်
ကျွန်ုလည်းဖတ်တယ်၊
သို့သော်…
အဖြေညှိရတုန်း။
ကမ္ဘာတွေခြားလဲ
ဒီအချစ်ရဲ့သဘော
ဒီတရားရဲ့သဘော
ဘယ်သူ့သန္တာန်မှာ ဖြစ်ဖြစ်
ပြောင်းလဲရိုးမရှိ
သိပြီးသားမို့
ပရမတ်လို့ ဆိုရင်
လက်ခံရမည်ပ…။
အသင်ကော
ပရမတ်နှောတဲ့
ချစ်တဲ့သဘော သိပြီလား…
သိချင်ရင် ကိုယ်တိုင်ချစ်ကြည့်၊
တရားသဘောကော
သိချင်ရင် ကိုယ်တိုင်ကျင့်ကြည့်…
အဖြေညှိစရာ မလို…။
>>> စာရှုသူ ဓမ္မမိတ်ဆွေများ အားလုံး အဖြေရှာတွေ့ နိုင်ပါစေ။
လေးစားစွာဖြင့်
ဖိုးသား
19/02/2009, THU:, 16:32:35 PM
February 20, 2009 at 6:59 AM
ပရမတ် အချစ် အကြောင်းလေး ကို ဖတ်သွားပါတယ်...
အချစ်ကို ကိုယ်တိုင်သိချင် ကိုယ်တိုင်ချစ်ကြည့် ရသလို
တရားကိုလည်း ကိုယ်တိုင်သိချင် ကိုယ်တိုင်ကျင့်မှ ရတယ်ဆိုတာလေးကို မှတ်သွားပါတယ်.. ကျေးဇူးပါ
ဖိုးသားရေ