အရှင်ပညာသာမိ (ခေတ္တ-အမေရိက)

ယနေ့ ကမ္ဘာကြီးမှာ လူသားပေါင်းများစွာတို့ဟာ မိမိတို့၏ ကိုးကွယ်ခြင်းကို ယုံကြည်မှုအပေါ် အခြေခံပြီး ရွေးချယ်လာကြပါသည်။
ယခင်က ဘာသာကြီးလေးခုဟာ သူ့ဟာနဲ့သူ ရပ်တည်နိုင်ခဲ့သော်လည်း ယနေ့လူသားတို့၏ လက်တွေ့ ကျသော တွေးခေါ်မှုကိုသာ နှစ်သက်လာကြခြင်းကြောင့် ကိုးကွယ်မူမှ တိကျသော အကျိုးကို ပေးစွမ်းနိုင်ခြင်း ရှိမရှိကို အလေးထား လာကြသည်။ ထို့ကြောင့် ဘာသာရေးတစ်ခုကို ကိုးကွယ်သည့်အခါ သူတစ်ပါး၏ တိုက်တွန်းခြင်းကြောင့်၊ မိရိုးဖလာအရ ကိုးကွယ် လာခြင်းကြောင့် ဆိုတာထက် ကိုယ်ကိုယ်တိုင်က တိကျစွာ လေ့လာ သုံးသပ်ပြီးပါမှ ကိုးကွယ်သင့်ပါသည်။ မိမိ၏ နှလုံးသားမှ အခြေခံ ယုံကြည်လာမှုမျိုးကို ဘယ်ပယောဂ ဘယ်သံသယ အပေါင်းတို့ကမှ တိုက်ဖျက်၍ မရနိုင်ပါ။ ထို့ကြောင့် ဗုဒ္ဓဘာသာကို ယုံကြည်လျှင် ဗုဒ္ဓဘာသာ၏ အခြေခံကျသော တရားများနဲ့ တကယ့် လက်တွေ့ကျကျ ပေးစွမ်းနိုင်သော အကျိုးတရားများကို သိရှိအောင် လေ့လာထားသင့်သည်။ ကိုယ်တိုင်လည်း ကျင့်နိုင်တာမျိုးကို ကျင့်ပြပြီး သူများကိုလည်း ပြောပြနိုင်စွမ်း ရှိသင့်သည်။
“တကယ်တော့ ဗုဒ္ဓဘာသာဟာ အများအကျိုးဆောင် ဘာသာဖြစ်သလို ကိုယ်ကျိုးအောင်သော ဘာသာလည်းဖြစ်သည်။”
တစ်ပါးသူ အသက်ကို မသတ်လျှင် ထိုသူ အေးချမ်းမှုကို ရသကဲ့သို့ သူတစ်ပါးမှ မိမိအပေါ် ပြုကျင့်လာမည့် ရန်မှလည်း ကင်းဝေးစေသည်။ သူတစ်ပါး၏ ပစ္စည်းဥစ္စာကို မခိုးယူလျှင် သူတစ်ပါး၏ ပစ္စည်းဥစ္စာ လုံခြုံ စိတ်ချရဘိသကဲ့သို့ ကိုယ့်ပစ္စည်း ဥစ္စာသည်လည်း လုံခြုံစိတ်ချမှု အပြည့်အဝ ရရှိနိုင်ပါသည်။ သို့ပါ၍ သာသနာ့ အလုပ်ဟူသည် မိမိတို့၏ ပစ္စုပ္ပါန် လောကအကျိုးကို တိုက်ရိုက်ပေးစွမ်းနိုင်သော သတ္တိနှင့် ပြည့်စုံသည်။
"အလုပ်လုပ်လျှင် စေတနာထားပြီးသာ လုပ်ပါ၊ အများအကျိုးကို ရည်ရွယ်ပါ၊ ကိုယ်ကျိုးကို မမျှော်တွေးပါနှင့်၊ အများအကျိုးအတွက် ကိုယ်လိုလားလျှင် ကိုယ့်အကျိုး အတွက်လည်း အများက လိုလားကြပါလိမ့်မည်။"
မြစ်သို့ ရောက်သွားသူတိုင်း မြစ်ရေ သောက်ရမည်သာ။ နွားနို့ စစ်စစ်ကို သောက်သောသူသည် ကောင်းသော အရသာကို ခံစားရပြီး ကောင်းသောခွန်အားကို ဖြစ်စေသကဲ့သို့ စေတနာအမှန်၊ မေတ္တာအစစ်ကို ရရှိသောသူသည် အေးချမ်းသော စိတ်နှလုံးကို ဖြစ်စေပြီး ဖြူစင်သောအကျိုးကို ရရှိမည်သာဖြစ်ပါသည်။
ဦးပညာသာမိ(အမေရိက)
သက်တော်(၃၃)၊ ဝါတော်(၁၃)
လေးစားရိုသေစွာဖြင့်
ဖိုးသား
2/20/2009, FRI:, 3:48:58 PM

February 20, 2009 at 7:08 AM
စေသနာကောင်းသည်သာ ပဓာန လို့ မှတ်သွားပါတယ်... ဖတ်ခွင့်ရအောင် ဖော်ပြပေးတာ ကျေးဇူးပါ ဖိုးသားေ၇...
စိတ်ချမ်းသာပါစေ