Latest News

*အရှင်ဝိစိတ္တ၏ သွန်သင်ဆုံးမမှု*

အရှင်ဝိစိတ္တ (သက်တော်-၃၄ နှစ်)(ခေတ္တ-ကိုရီးယား)


လောကသားတိုင်း လိုက်နာ ကျင့်ဆောင်သင့်တဲ့ ၀တ်နှစ်မျိုး ရှိပါတယ်။ တစ်မျိုးက လောက၀တ်ဖြစ်ပြီး နောက်တစ်မျိုးက ဓမ္မ၀တ်ပါ။

လောက၀တ်ဆိုတာ လောကကြောင်းအရ သတ်မှတ်ထားတဲ့ မိဘနဲ့ သားသမီး ပြုကျင့်ရမယ့် ၀တ်များ၊ ဆရာနဲ့တပည့်၊ လင်နဲ့မယား၊ မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းများ အချင်းချင်း ကျင့်ရမယ့် ၀တ်များ စတာတွေကို ဆိုပါတယ်။

ဓမ္မ၀တ်ဆိုတာ ဘာသာတရားက သွန်သင်ဆုံးမ သတ်မှတ် ပေးထားတဲ့ ငါးပါးသီလကို လုံအောင်ထိန်းမှု၊ ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်မှု၊ သီလ သမာဓိ ပညာ ပြည့်စုံအောင် အားထုတ်မှု စတာတွေပါ။

ဒီတော့ကာ လောက၀တ်ကို မလိုက်နာဘဲ ဖောက်ဖျက်ရင် ပစ္စုပ္ပန်မှာ ဆင်းရဲဒုက္ခ ရောက်ရတတ်ပြီး ဓမ္မ၀တ်ကို မလိုက်နာ မကျင့်သုံးရင် သံသရာမှာ ဆင်းရဲဒုက္ခ ရောက်တတ်ပါတယ်။ ဒါကြောင့် အတိုချုပ် ပြောရရင် …လောက၀တ်လည်း မချွတ်စေနဲ့ ဓမ္မ၀တ်လည်း မလွတ်စေနဲ့… ဆိုတာပါပဲကွယ်…။


လေးစားရိုသေစွာဖြင့်
ဖိုးသား

21.02.2009, SAT:, 09:35:20 AM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply