အရင်ကတော့လေစာလေးတွေဖွဲ့ထုံး
ကဗျာလေးတွေ သီကုံးဖို့
ကလောင်တံကို သုံးကြ။
ရုံးတွေကအစ
ဈေးသည်အဆုံး
စာရင်းဇယား
အချင်းမများဖို့အရေးနဲ့
အတွေးအကြံ
အမှန်အကန်တွေရော
အကြံအဖန်တွေပါ
ကလောင်တံကို သုံးမြဲ။
ခုတော့လည်းလေ
ခေတ်တွေကညောင်း
စနစ်တွေပြောင်းတော့
ကလောင်တံထက်ကောင်းတဲ့
သပ်သပ်ရပ်ရပ်
ချပ်ချပ်ရပ်ရပ်
အသွင်သဏ္ဍာန်တစ်မျိုးဖော်ထုတ်
ကီးဘုတ်တဲ့လေ။
ဟိုဟာဒီဟာဆွေး
ကဗျာစာတွေရေးနေတဲ့
အတွေးသမားကျွန်ုပ်လည်း
ဒီကီးဘုတ်ကိုအသုံးချ
စာလုံးလှတွေရွရွစီ
ကြွကြွညီညာတဲ့
ဒီကီးဘုတ်ကား
အကျွန်ုပ်အတွက်တော့
ကလောင်ပြားပေါ့...။ ။
ညီလေး Craton ရဲ့ ကလောင်ပြားဆိုတဲ့ ခေါင်းစဉ်လေးကို ယူသုံးလို့ ကဗျာလေးအဖြစ် သီကုံးလိုက်ပါတယ်။ အားလုံးလည်း ဒီအသုံးအနှုန်းကို သဘောကျမည်ထင်ပ...
လေးစားစွာဖြင့်
ဖိုးသား
31/01/2009, SAT:, 22:59:52 PM
February 1, 2009 at 12:22 AM
အစ်ကိုရေ.. ညီ့ပို့စ်လေးကို ကဗျာလေးအဖြစ် ဖန်တီးပေးလို့ ကျေးဇူးတင်ပါတယ်..
သဘောတရားတူအောင် ရေးပေးနိုင်လို့လည်း
ဝမ်းသာပါတယ်။း)
အားပေးလျက်..
ညီ
February 1, 2009 at 5:58 AM
ကလောင်ပြားတဲ့
နာမည်ပေးရော
ဖော်မြမှုရော
တော်တော်ကို
ကောင်းတယ်
ငါကြိုက်သွားပီ ဒီကဗျာကို