Latest News

ကြောင်းကျိုးဆက်မှ ကြောင်းကျိုးပြတ်သို့ (၂)

1:56 PM ၄၄: ညီလေး

me: ဟုတ်
အစ်ကို
မင်္ဂလာပါ

၄၄: မင်္ဂလာပါ ညီလေး
1:57 PM မနေ့က မပြီးမပြတ်ရပ်ထားခဲ့တာကို အကို ပြန်ဆက်ပေးမယ်နော

me: ဟုတ်ကဲ့အစ်ကို

1:58 PM ၄၄: မနေ့က ဘယ်စာကြောင်းမှာ ဆုံးခဲ့တုံး

>>> 1:59 PM me: ဒါသည် သုံးမျိုးနဲ့လည်တယ်ဆိုတော့ ခွဲပြတဲ့သဘောပါ.. ဒါပေမယ့် ဘယ်လိုသဘောတုံးဆိုတော့
မောဟ မြင်းလှည်းသမားက လောဘ၊ဒေါသမြင်းနှစ်ကောင်းကို ဒုံးစိုင်းပြီးတော့ အပယ်စခန်းကို မောင်းနေတာနဲ့ တူတယ်
6:43 PM ဒါကြောင့် ဘုရားရှင်က လူတစ်သိန်း တစ်ယောက် သုဂတိမရောက်ဘူးလို့ ပြောတာ
me: ဟုတ် <<<

အဲဒီမှာ ဆုံးသွားတာအစ်ကို

၄၄: အေး.. ညီလေး...
2:00 PM ကျောင်းသာတစ်ယောက်အတွက် ရင်ဆိုင်ရမယ့်အရာတစ်ခုက စာမေးပွဲအောင်ခြင်း၊ ထူးချွန်စွာ အောင်မြင်ခြင်း နှင့် ကျဆုံးခြင်း ဖြစ်တယ်


me: ဟုတ်
2:01 PM ၄၄: အဲဒီလိုပါပဲ.. လူအတွက်ကတော့ သုဂတိသွားခြင်း၊ နိဗ္ဗာန်ရောက်ခြင်း၊ ဒုဂတိသွားခြင်း ဆိုတာပဲ ရှိတယ်

me: ဟုတ်ကဲ့

2:02 PM ၄၄: တို့တွေ တရားနာ၊ တရားအားထုတ်တာသည် စာကျက်တာနဲ့တူတယ်။
ဘာကြောင့်တုန်းဆိုတော့ စာမေးပွဲ မကျချင်လို့။

me: ဟုတ်

၄၄: ဒီအဖြေနောက်မှာ စာမေးပွဲအောင်ချင်လို့ ထူးချွန်စွာ အောင်ချင်လို့ဆိုတဲ့သဘောတွေက ပါပြီးသားဖြစ်နေတာကိုပါ သတိပြုပါ

2:03 PM me: ဟုတ်ကဲ့ အစ်ကို

၄၄: အပယ်ဒုက္ခလို့ ပြောတော့ လူတွေက မဖြစ်သေးတော့ သိပ်အလေးနက်မထားကြဘူး။
ဒါပေမယ့် တကယ်ကို တွေ့ကြုံရမယ့် ဘေးတစ်ခုဖြစ်နေတာတော့ အထင်းအသား

me: ဟုတ်

2:04 PM ၄၄: ကျောင်းသားတစ်ယောက်အတွက်တော့ ချက်ချင်းတော့ အောင်မှု၊ ကျမှုက မဖြစ်သေးဘူးလေ။ သို့သော် အောင်မှု၊ ကျမှုက ဆိုက်ရောက်မလားဘူးလားဆိုတော့ ကျရောက်လာမယ်ဆိုတဲ့ အဖြေက ထင်ရှားတယ်

me: ဟုတ်

2:05 PM ၄၄: ထို အောင်မှု ကျမှုဆိုတာက ကျရောက်တဲ့အချိန်နဲ့ မဆိုင်ဘူး၊ အခုအခါမှာ ကျောင်းတက်၊ စာကျက်အလုပ်နဲ့ ဆိုင်နေတယ်

2:06 PM အဲဒီဥပမာအတိုင်းဘဲ.. တို့အခု တရားနာ၊တရားအားထုတ်တာသည် ကျောင်းတက်၊စာကျက်အလုပ်ကို လုပ်နေတာနဲ့တူတယ်

me: ဟုတ်ကဲ့

2:07 PM ၄၄: ဒီလို စာကျက်နေတဲ့အချိန်မှာ ဘောလုံးပွဲအာရုံ၊ အချစ်အာရုံ၊ ပျော်ပါးစရာ အာရုံဆိုတဲ့ သုံးခုသော အရာက ကင်းမနေဘူးလား

me: ကင်းတယ်အစ်ကို

၄၄: ဥပမာအားဖြင့် ပြောတာလေနော်..

me: ဟုတ်ကဲ့

၄၄: ဒီအာရုံကင်းတော့ ဒီအာရုံနှင့်ဆိုင်တဲ့ စိတ် ဖြစ်ပါ့မလား

me: မဖြစ်တော့ဘူး အစ်ကို

2:09 PM ၄၄: ဒီစိတ်မဖြစ်တာသည် တစ်နည်း သူနဲ့ယှဉ်နေတဲ့ စေတသိက်တွေပါ ကင်းနေတယ်
ထိုစေတသိက်တွေက အခြားမှ မဟုတ်ဘဲ။ ကိလေသာတွေ

me: ဟုတ်ကဲ့

2:10 PM ၄၄: ခုနားက အာရုံသုံးမျိုး၊ စိတ်သုံးစိတ်ထိုစိတ်နဲ့ ယှဉ်တဲ့ စေတသိက်ဆိုတာ .. လောဘအာရုံ-လောဘစိတ်+လောဘစေတသိက်
2:11 PM ဒေါသအာရုံ-ဒေါသစိတ်+ဒေါသစေတသိက်
မောဟအာရုံ-မောဟစိတ်+မောဟစေတသိက်
ဆိုတဲ့ သုံးခုသော အခြင်းအရာကိစ္စတွေ ကင်းနေတယ်ဆိုတာကိုပြောတာပဲနော

me: ဟုတ်ကဲ့

2:12 PM ၄၄: ဒီတော့ ပဋိစ္စသမုပ္ပာဒ်သုံးမျိုး ပြတ်ထွက်သွားတယ်ဆိုတာသည် ဒါကို ပြောတာပဲ ဆိုတာ ထင်ရှားလား

me: ဟုတ် ထင်ရှားပြီ အစ်ကို

၄၄: ဘယ်အချိန်ကျမှ ပြတ်တုံးဆိုတော့ မဂ်ဝင်စွက်ဖက်မှ ပြတ်တယ်

2:13 PM me: ဟုတ်ကဲ့

၄၄: နားလည်အောင်ပြောရင် ဝိပဿနာအသိကလေးလိုက်ပေးမှ ပြတ်တယ်
ပြတ်တဲ့အရာက ကိလေသာ - သင်္ခါရ -ရုပ်သစ်နာမ်သစ် ဆိုတဲ့ အစဉ်

2:14 PM me: ဟုတ်

၄၄: ကိလေသာ ချုပ်တော့ သင်္ခါရ ချုပ်တယ်.. သင်္ခါရချုပ်တော့ သင်္ခါရနဲ့ သဟဇာကမ္မဇရုပ်လို့ဆိုတဲ့ အတူတကွ ကျေးဇူးပြုဖြစ်တဲ့ ရုပ်သစ်နာမ်သစ်တွေ ချုပ်ပျောက်ရတယ်
2:15 PM ဒီရုပ်သစ်နာမ်သစ်တွေဆိုတာ ဘာကို ပြောတုံးဆိုတော့ နောက်ဖြစ်မယ့် အပယ်ခန္ဓာကို တည်ဆောက်တဲ့ သစ်စ ဝါးစ လေးတွေကို ပြောတာ

me: ဟုတ်

၄၄: ဒါကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီးပြောတာ.. တရားအားထုတ်တဲ့အချိန်မှာ မတရားတာအားမထုတ်တဲ့အချိန်ပဲ။
2:16 PM အဲ.. ပြောင်းပြန်ယူတော့.. တရားအားမထုတ်တဲ့အချိန်မှာ မတရားတာအားထုတ်နေတဲ့အချိန်ပဲ

me: ဟုတ်ကဲ့

2:17 PM ၄၄: ဒီတော့ တို့တော့ တရားအားမထုတ်နိုင်သေးပါဘူးဟဲ့..လို့ ငြီးလုံးလေးထုတ်လိုက်တာသည်
တို့က မတရားတာတွေ အားထုတ်နေရလို့ဟဲ့.. မတရားတာတွေ အားထုတ်ပျော်နေလို့ဟဲ့ ဆိုတဲ့ အပြော သဘောပဲ ဆိုတာ
သူတို့ မသိဘူး

me: ဟုတ်

2:18 PM ၄၄: မတရားတာအားထုတ်တော့ ဘာဖြစ်တုံးဆိုတော့ ကိလေသာ-သင်္ခါရ-အပယ်ရုပ်နာမ်အသစ် ဆိုပြီး အားထုတ်ပြီးသားဖြစ်သွားတယ်
စာမကျက်တာသည် စာမေးပွဲကျဆုံးဖို့အတွက် အားထုတ်ခြင်းတစ်ခုပဲ

me: ဟုတ်ကဲ့

2:19 PM ၄၄: စာမေးပွဲကျအောင် အားပေးထောက်ပံ့လိုက်တာနဲ့ တူနေတယ်
မကျက်လို့ ကျတယ်လို့ အပေါ်ယံမြင်လို့ မရဘူး... အားပေးထောက်ပံ့ မှုသဖွယ်ဖြစ်နေတယ်ဆိုတာကို မြင်ရမယ်

me: ဟုတ်

2:20 PM ၄၄: ထိုသို့ မြင်တဲ့အခါကျမှသာလျင် ထိုအားပေးထောက်ပံ့မှုသည် အခြေခိုင်လာပြီးတော့ ထပ်ပြီးတော့ ပျင်းရိလာအောင် ကျေးဇူးပြုတဲ့သဘောသတ္တိပြလာတတ်တယ်ဆိုတာကို မြင်ရမှာ
2:21 PM မကျလို့ မရဆိုတဲ့သဘောနဲ့တင် ပြီးပြတ်မသွားဘူးမှတ်ပါ

me: ဟုတ်

၄၄: မကောင်းတဲ့ အထုံအားဖြင့် အာသေဝနပစ္စယောနဲ့ ပါသွားတာ
ကောင်းတာကျတော့ ထိုမကောင်းတာကို ပြောင်းပြန်ယူပြီးမြင်လိုက်ပေါ့

me: ဟုတ်

2:22 PM ၄၄: ဒီတော့ ပဋိစ္စသမုပ္ပာဒ် သုံးမျိုးလည်ပုံကို သဘောအားဖြင့် ထင်ရှားသိပြီလား

me: အစ်ကို သုံးမျိုးဆိုတာ ကိုမသိဘူး...

2:23 PM ၄၄: သုံးမျိုးဆိုတာက ပဋိစ္စသမုပ္ပာဒ် သုံးမျိုးရှိတယ်လို့ ပြောတာမဟုတ်ဘူး

me: ဟုတ်

၄၄: ဥပမာဖြင့် ပြောမယ်

2:24 PM ညီက ဘူတာမှာ ရပ်နေတယ်ဆိုပါစို့

me: ဟုတ်ကဲ့

၄၄: သံသရာရထားကြီးက ညီရှေ့ဖြတ်သွားတယ်ဆိုပါစို့

me: ဟုတ်

2:25 PM ၄၄: ထိုရထားမှာ အစပိုင်း၊ အလယ်ပိုင်း၊ အဆုံးပိုင်း ဆိုပြီးတော့ သုံးပိုင်းအားဖြင့် ရှိတယ်ပေါ့

me: အော် ဟုတ်

၄၄: ဒီတော့ ရထားဖြတ်တဲ့အခါမှာ - တစ်ခါကြည့်တော့ အစပိုင်းအားဖြင့် ထင်ရှားမြင်တယ်
2:26 PM ဒီလို အစပိုင်းအားဖြင့် ထင်ရှားစွာမြင်တာက မိမိ၊ အမြင်ခံရတာက ရထားနော်

me: ဟုတ်

၄၄: ဒီတော့ အမြင်ခံရတဲ့ ရထားမှာက အစပိုင်းအားဖြင့် မိမိအနေဖြင့် ထင်ရှားပေမယ့်လို့ အလယ်၊ အဆုံးဆိုတာကတော့ တွဲပြီး ပါမနေဘူးလား

me: ပါနေတယ်အစ်ကို

2:27 PM ၄၄: ဟုတ်ပြီ
ဒါက ၁ ခုပေါ့
နောက်တစ်ခုက
အစမြင်ပြီးတော့
နောက်ထပ် တစ်ခုမြင်တာက
အလယ်ပိုင်း

2:28 PM me: ဟုတ်ကဲ့

၄၄: ညီမြင်တာက အလယ်ပိုင်းအားဖြင့် ထင်ရှားစွာ မြင်နေတဲ့အခိုက်မှာ အမြင်ခံရတဲ့ ရထားမှာက အစ၊ အဆုံးပိုင်းက ပါမနေဘူးလား

ဒါပေမယ့် ညီက အကုန်လုံးကိုမှ မမြင်နိုင်ဘူး။ အကြည့်ရောက်တဲ့ အပိုင်းကိုမှသာ မြင်နိုင်တာကိုးနော

2:29 PM ဒါကြောင့် ထင်ရှားမြင်အပိုင်းနှင့် မထင်ရှားတဲ့အပိုင်းဆိုပြီးတော့ နှစ်ပိုင်းခွဲလိုက်ပေါ့

2:30 PM ထင်ရှားစွာ မြင်တဲ့ အခါမှာ မထင်ရှားတာကလည်း ထင်ရှားစွာမြင်ရတဲ့ရထားအပိုင်းနဲ့ တွဲလျက်ပါနေတယ်ဆိုတာ သဘောပေါက်ပေါ့
ဟုတ်ပြီလား
ဒီအထိ ရှင်းလား
မရှင်းရင် မရှင်းဘူးလို့ ပြောပါနော

2:31 PM me: ဟုတ်ရှင်းတယ်အစ်ကို

၄၄: ဟုတ်ပြီ ၂ အပိုင်းပြီးသွားပြီ
၃ အပိုင်းဖြစ်တဲ့ ရထားရဲ့ အဆုံးပိုင်းကို မြင်တဲ့အခါလည်း
2:32 PM အပေါ်က သဘောအတိုင်းပဲပေါ့နော

2:33 PM ဒီဥပမာမှာက ရထားဆိုတာသည် ပဋိစ္စသမုပ္ပာဒ်အစဉ်တန်းကြီး၊ တစ်နည်း ဘဝတစ်ခု၊ တစ်နည်း ခန္ဓာ့ဖြစ်စဉ်တစ်ခုပေါ့

me: ဟုတ်

2:34 PM ၄၄: ပဋိစ္စသမုပ္ပာဒ်က တစက္ကန့်တစ်ခါမက ဖြစ်နေတာ
တစက္ကန့်ကို ရထားပေါင်း မြောက်များစွာ ဖြတ်နေတာပေါ့

me: ဟုတ်

၄၄: စိတ်ကလေးဖြစ်ပြီဆိုရင် ပျက်ရပြီ..

2:35 PM ဒါသည် ပဋိစ္စသမုပ္ပာဒ်တစ်ခု ဖြစ်သွားတာပဲ

me: ဟုတ်ကဲ့

၄၄: ဝိပဿနာမရှုရင် အဝိဇ္ဇာကနေ စပြီးတော့ မရဏ မှာ ဆုံးတယ်

2:36 PM me: ဟုတ်

၄၄: ဝိပဿနာရှုလို့ မဂ်သွင်းရင် ထို ပဋိစ္စသမုပ္ပာဒ်က အစဉ်ပြတ်ရတယ်
ဒါကို ဘယ်လိုပြတ်တယ်ဆိုတာကို အခုပြောဖို့အတွက် ရှေ့က ဥပမာ ခင်းနေတာပါ

2:37 PM အခု.. ပဋိစ္စသမုပ္ပာဒ်ဆိုတာ ခန္ဓာပေါ်ပြီးပျက်သွားတာ
မှာတစ်ကြိမ်ပြီးတယ်
ဆိုတာကို သဘောပေါက်လား
2:38 PM ညီလေး..ဘာအလုပ်ကိစ္စတွေ ရှိလဲ

me: ဟုတ်ကဲ့

၄၄: ရှိရင် ပြောနော

me: မရှိဘူးအစ်ကို
သူငယ်ချင်းသုံးနေလို့ပါ

၄၄: အေးအေး.. အကိုလည်း အဲလိုတော့ ထင်ပါတယ်

2:39 PM ခန္ဓာဆိုတာက ငါးပါးသော အခြင်းအရာဖြင့် ရှိတယ်ဆိုတော့ ငါးပါးသော သဘောစုဖြင့် ပေါ်ပြီးပျက်သွားတာသည် ပဋိစ္စသမုပ္ပာဒ် ရထားတစ်စီးက မိမိရှေ့ဖြတ်သွားတာနဲ့ တူတယ်နော

2:40 PM me: ဟုတ်ကဲ့

၄၄: တစ်စီးဖြတ်တော့ အစပိုင်းကို ထင်ရှားမြင်တယ်

me: ဟုတ်

၄၄: နောက်တစ်စီးဖြတ်တော့ အလယ်ပိုင်း

me: ဟုတ်

၄၄: နောက်တစ်စီးကျပြန်တော့ အဆုံးပိုင်း

me: ဟုတ်ကဲ့

2:41 PM ၄၄: ဒီတော့..
ဥပမာ ဝေဒနာကလေးပေါ်တယ်ဆိုပါစို့
ဝေဒနာမှာက သုခဝေဒနာ
2:42 PM ဒုက္ခ၊ ဥပေက္ခာ ဆိုပြီးတော့ သုံးမျိုးပေါ့

me: ဟုတ်

၄၄: ကောင်းတာလေးကို စားရတော့
ကောင်းတာလေးကို ခင်တယ် မက်တယ်
2:43 PM ဆိုတာက နောက်က လိုက်ဖြစ်တယ် မလား

me: ဟုတ်ကဲ့

၄၄: ဒါသည် သုခဝေဒနာနောက်က လောဘ လိုက်တာ

2:44 PM လောဘလိုက်တော့ - တဏှာ-ဥပါဒါန် ဆိုပြီးတော့ ပဋိစ္စသမုပ္ပာဒ် အစဉ်က ဆက်ပြီးတော့ အဆုံးတိုင်အောင် ဖြစ်သွားတယ်

me: ဟုတ်

၄၄: ဒါသည် ရထားရဲ့ အလယ်ပိုင်း
2:45 PM အလယ်ပိုင်းကနေ စမြင်သွားသလို၊ အခုလည်း အလယ်ပိုင်းက ဖြစ်တယ်ဆိုပေမယ့်.. အစပိုင်း၊ အဆုံးပိုင်းကပါ ပါသွားတယ်နော

me: ဟုတ်ကဲ့

၄၄: ပါသွားပယ်မယ့် မထင်ရှားဘူး.. ငုပ်လျှိုးပြီးတော့ ပါသွားတာ

me: ဟုတ်

2:46 PM ၄၄: ထင်ရှားတာက တဏှာက ထင်ရှားတော့ တဏှာ - ဥပါဒါန်ဆိုပြီးတော့
ခေါင်းစဉ်တပ်လိုက်တာ

me: ဟုတ်ကဲ့

၄၄: ဥပမာနဲ့ ပြောရရင်.. ကောင်းတဲ့အရသာ ဆိုတာက အာရုံနော

me: ဟုတ်

2:47 PM ၄၄: ထိုအာရုံရဲ့ ဓမ္မသဘော သဘာဝအမှန်ကို မသိလို့သာ ခင်မင်၊ တပ်မက် ဆိုတာ ကပ်ဖြစ်တာ

ဒီတော့ ထိုအာရုံရဲ့ ဓမ္မသဘော သဘာဝအမှန်ကို မသိတာက - မောဟဆိုတဲ့ အဝိဇ္ဇာက ကျေးဇူးပြုတာ

me: ဟုတ်ကဲ့

၄၄: တစ်ပြိုင်တည်းမှာ ကျေးဇူးပြုတာ

me: ဟုတ်

2:48 PM ၄၄: background ကနေ ကြိုးကိုင်တာပေါ့

me: ဟုတ်

၄၄: ဒါပေမယ့် ဘေးအမြင်မှာ ထင်ရှားသွားတာက တပ်မက်တယ်ဆိုတော့ တဏှာပေါ့

me: ဟုတ်ကဲ့

2:49 PM ၄၄: လက်ပေါ်မှာ မီးခဲတင်တဲ့အခိုက် ပူမလား အေးမလား

me: ပူမယ်အစ်ကို

2:50 PM ၄၄: တင်တာနဲ့ ပူတာက တစ်ပြိုင်တည်းမှာ ကျေးဇူးပြုတာနော်

me: ဟုတ်

၄၄: တင်ပြီးမှာ တော်ကြာမှ ပူတာမဟုတ်ဘူး

me: ဟုတ်

2:51 PM ၄၄: ဒီလိုပဲ တဏှာဆိုတဲ့ ကိလေသာမီးခဲ့သည် ခန္ဓာလက်ပေါ်တင်ပြီဆိုရင်တော့

2:52 PM ကိုယ်ဆင်းရဲ ဒုက္ခ၊ စိတ်ဆင်းရဲ ဒေါမနဿ၊ ပူဆွေးခြင်း၊ သောက၊ ငိုကြွေးခြင်း ပရိဒေဝ၊ ပြင်းစွာ ပူဆွေးခြင်း ဥပါယာသ ဆိုတဲ့တရားတွေက မထင်ရှားပဲ ငုပ်လျှိုးစွာ ပါပြီးသားဖြစ်သွားတယ်နော

2:53 PM အပေါ်က သုခဝေဒနာ ထင်ရှားဖြစ်တဲ့ အခါမှာ တဏှာကနေ ပဋိစ္စသမုပ္ပာဒ်လည်သွားတယ်

me: ဟုတ်ကဲ့

၄၄: နောက်တစ်မျိုးက ဒုက္ခဝေဒနာ
2:54 PM အရသာမကောင်းတော့ ဆိုးလိုက်တာကွ ဆိုတဲ့ ဒေါသသံက ထွက်လာတယ်

me: ဟုတ်

၄၄: အရသာ မကောင်းတာက အရသာ၏ လက္ခဏာ၊ ဆိုးလိုက်တာကွ ဆိုတာက ဒုက္ခဝေဒနာ၊ ဒေါသသံက ကိလေသာ

2:55 PM ဒီတော့ ထင်ရှားသွားတာကတော့ ဒေါသ ပေါ့

me: ဟုတ်ကဲ့

2:56 PM ၄၄: ဒီတော့ ဒေါသ ဖြစ်တော့ ထင်ရှားဖြစ်တဲ့ သဘောက ဒုက္ခ၊ ဒေါမနဿ၊ သောက ဆိုတဲ့ အစဉ်ပေါ့

ဒေါသ က ဆင်းရဲတယ်ဆိုတဲ့ စကားကို အများသုံးတာ ဒီအစဉ်ကို သုံးတာပေါ့

me: ဟုတ်

၄၄: အပေါ်က တဏှာက ဆင်းရဲတယ် ဆိုတာကိုတော့ လူတိုင်းမသုံးဘူး
2:57 PM အရပ်မသုံးပေမယ့် အရိယာအသုံးကတော့ ဆင်းရဲတာပဲနော

me: ဟုတ်

2:58 PM ၄၄: ဒုက္ခရှိလျက် ချမ်းသာတယ်ဆိုတာ အမှောင်ထဲမှာ လင်းပါတယ်လို့ အော်နေတာနဲ့ တူသလိုပေါ့

me: ဟုတ်

၄၄: အခုလည်း ရထား အဆုံးပိုင်းက ဖြစ်သွားတယ်
အဝိဇ္ဇာ× တဏှာတွေက ခြံရံပြီးပါနေတယ်

2:59 PM me: ဟုတ်

3:00 PM ၄၄: တရားက ထင်ရှားတာကို ပြပါဆိုရင်တော့ ပဋိဃာနုသယ လို့ဆိုတဲ့ ဒေါသ

me: ဟုတ်

၄၄: ဒီဒေါသပေါ်တော့ ပဋိစ္စသမုပ္ပာဒ် အဆုံးကနေ လည်သွားတယ်ဆိုပြီး သုံးလိုက်တယ်
3:01 PM သို့သော် အစ၊ အလယ်ပါ ငုပ်လျှိုးပြီးတော့ တစ်ပါတည်း ပါသွားတယ်လို့ သိရမယ်

me: ဟုတ်

၄၄: နောက်တစ်ခုက
ဥပေက္ခာဝေဒနာပေါ့

3:02 PM မကောင်းမဆိုးတဲ့ အလတ်စား ဆိုတော့ မကြမ်းတဲ့သဘောရှိတဲ့ နူးညံ့သိမ်မွေ့တဲ့ သဘောရှိတဲ့ အာရုံပေါ့

me: ဟုတ်

3:03 PM ၄၄: ဒီလို အာရုံ နဲ့ တိုက်တဲ့အခါကျတော့ ဥပေက္ခာဝေဒနာဖြစ်တယ်...
3:04 PM ဒီဥပေက္ခာဝေဒနာရဲ့ သဘာဝအမှန်ကို မသိတာက အဝိဇ္ဇာ

me: ဟုတ်

၄၄: ဖောက်ပြန်တာ ဝေဒနာ
ဖောက်ပြန်ပြီးတော့ ပျက်စီးရတာက ဝေဒနာ၏ လက္ခဏာ
ဒီလို ဝေဒနာမှာ ဖောက်ပြန်ပျက်စီးရတဲ့ ဒုက္ခရှိနေတယ်
3:05 PM ဒီဒုက္ခရှိတာ အမှန် ဒုက္ခသစ္စာ ကို မသိတာက အဝိဇ္ဇာ

me: ဟုတ်

3:07 PM ၄၄: ဒီတော့ ဒီအနုစားဝေဒနာပေါ်တော့ ထိုဝေဒနာ၏ အမှန်သဘာဝကို သတိဥာဏ်မကူရင် မသိဘူး။ ဒါကြောင့် မသိတာက အဝိဇ္ဇာ..
ဒီအဝိဇ္ဇာက သင်္ခါရ..စသည်ဖြင့် ပဋိစ္စသမုပ္ပာဒ်က ဖျက်ခနဲဆို လည်သွားပြန်ရော

me: ဟုတ်ကဲ့

၄၄: တစ်ကြိမ်လည်သွားတာသည် နောက်ခန္ဓာတစ်စုံဖြစ်အောင် အားထုတ်လိုက်တာပဲ

3:08 PM me: ဟုတ်

3:09 PM ၄၄: ဒီတော့ ဝေဒနာပေါ်တိုင်း ပဋိစ္စသမုပ္ပာဒ်က မရှုသူမှာ လည်နေတယ်

me: ဟုတ်

3:11 PM ၄၄: ဘယ်လို လည်တုန်းလို့ ထုတ်ပြပါ ဆိုတဲ့ မေးခွန်းမေးလာရင်သာ
ဒီလို ထင်ရှားတာကို ဆွဲထုတ်ပြပြီးတော့ အဖြေပေးရတာ
ဒါက ရှုတဲ့အခါ သုံးရတဲ့ အလုပ်မဟုတ်ဘူး

me: ဟုတ်

3:12 PM ၄၄: မရှုတဲ့အခါ လည်ခြင်းသုံးမျိုးကို ပြရတဲ့အခါ သုံးရတဲ့ ကိစ္စလို့ မှတ်

me: ဟုတ်ကဲ့

3:14 PM ၄၄: ဝိပဿာနာရှုတဲ့ အခါ ဒါကတော့ သံပုရာသီး၊ ဒါကတော့ ရှောက်သီး၊ ဒါကတော့ မရမ်းသီး ဆိုပြီးတော့ ခွဲမနေဘူး

me: ဟုတ်

၄၄: ချဉ်တဲ့သဘော သဘာဝ ကိုသာ ယူလိုက်တာ

me: ဟုတ်ကဲ့

3:15 PM ၄၄: ဒါကတော့ သံပုရာသီး၊ ဒါကတော့ ရှောက်သီး၊ ဒါကတော့ မရမ်းသီးဆိုတာက ဒါကတော့ လောဘ၊ ဒေါသ၊ မောဟ လို့ ခွဲမနေတော့ဘဲ

3:18 PM ထိုထို လောဘ၊ ဒေါသ၊ မောဟ တို့၏ ပေါ်တိုင်း အပျက်ပြတဲ့ သဘာဝလက္ခဏာကို သတိနဲ့ စောင့်ပြီး ပညာနဲ့ ဆင်ခြင်တာကတော့ ဝိပဿနာအသွားပေါ့

3:19 PM me: ဟုတ်ကဲ့

3:20 PM ၄၄: အေးဒါဆိုရင် ညီလေးအဖြေကို အကို ဖြေပြီးပြီပေါ့
ညီလေး ဘာမ ရှင်းတာရှိတုန်း

me: မရှိတော့ပါဘူးအစ်ကို
3:21 PM ညီတောင်းပန်တယ်နော်အစ်ကို.. ကြားထဲမှာ ပြတ်ပြတ်သွားလို့
သူငယ်ချင်းသုံးနေလို့ပါ
လေးစားလျက်ပါအစ်ကို

3:22 PM ၄၄: ဒါက တောင်းပန်ရမယ့် ကိစ္စမဟုတ်ပါဘူး
အကို နားလည်ပါတယ်

me: ဟုတ်

၄၄: အေးအေးညီ.. လုပ်လုပ်နော

me: ဟုတ်ကဲ့အစ်ကို

၄၄: လေးစားပါတယ် ညီလေး

me: လေးစားလျက်ပါအစ်ကို


လေးစားထိုက်သူများကို လေးစားလျက်
အဖြူရောင်မေတ္တာများဖြင့်
ဖိုးသား

2/2/2009, MON:, 7:23:54 PM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply