Latest News

*ကြောင်းကျိုးဆက်မှ ကြောင်းကျိုးပြတ်သို့(၁)*

5:51 PM me: အစ်ကို မင်္ဂလာပါ
အစ်ကို အားလားမသိဘူး

5:52 PM ၄၄: ညီလေး
မင်္ဂလာပါ

me: ညီမေးစရာလေး ရှိလို့

5:53 PM ၄၄: မေးပါ ညီလေး

me: ဒီနေ့နာလိုက်ရတဲ့ တရားထဲမှာ..

၄၄: အေးညီလေး ပြောပါ ညီလေး

5:54 PM me: ဇရာ မရဏကနေ..

5:55 PM ၄၄: စကားနဲ့ပြောလည်း ရတယ်ညီလေး

me: အ၀ိဇ္ဇာကို ပြန်ကူး ပုံလေး နားမလည်ဘူး အစ်ကို... သူက သောက ပရိဒေ ဒုက္ခ ဒေမနဿု ပါယာသာ
အဲဒါကနေ

အာသဝေါ တရားလေးပါး ဖြစ်တယ်လို့ပြောတယ် အစ်ကို
အဲဒါလေး နားမလည် ဘူး

5:56 PM အဲဒီအာသဝေါတရားလေးပါးကနေ

၄၄: ညီလေး..
ဒီလိုပါ

me: အ၀ိဇ္ဇာကိုကူးတာလေး
ဟုတ်

၄၄: ပဋိစ္စသမုပ္ပာဒ် ဆိုတာကို ညီလေး ဘယ်လို နားလည်လဲ?

me: ကြောင်းကျိုးဆက်နေတာ.. နောက်
5:57 PM ဒုက္ခသစ္စာ အ၀ိုင်း

၄၄: မြင်တာတွေသာ အကုန်ပြောချ

5:58 PM me: တစ်ခုနဲ့ တစ်ခုဟာာ ကြောင်းကျိုးဆက်နေတယ်.. တစ်ခုက သမုဒယ ဖြစ်ရင် နောက်တစ်ခုက အဲဒီသမုဒယက ကျေးဇူးပြုပြီး ဒုက္ခ သစ္စာ ဖြစ်တယ်
နောက်

၄၄: အဲပြောညီလေး
5:59 PM ထင်သမျှသာ အကုန်ပြော
ထင်တာ မြင်တာနဲ့ အတူ.. မြင်တာ သိထားတာနဲ့ အတူပဲ

me: ထွက်ပေါက်က ဝေဒနာနဲ့ တဏှာကြားမှာပဲ ရှိတယ်..
6:00 PM အဲဒီ ၂ ခုကြားမှာ ဘုရားပွင့်နိုင်သလို သောတာပန် သဒါဂါမ် အနာဂမ်လည်း တည်နိုင်တယ်

၄၄: အဲဒါဆိုရပြီညီလေး
အကို ပြောမယ်နော်

me: ဟုတ်

6:01 PM ၄၄: ပဋိစ္စသမုပ္ပာဒ် ဆိုတာ စာပြော ပြောရင်တော့ အကြောင်းအကျိုး ကျေးဇူးပြု လည်နေတဲ့ တရားပေါ့

me: ဟုတ်

၄၄: တနည်းပြောရရင် ဓမ္မနိယာမတရား သဘာဝ နိယာမတရား

me: ဟုတ်ကဲ့

၄၄: ဘုရားမပွင့်လည်း ဒီနိယာမက ရှိတယ်
6:02 PM ဘုရားနဲ့ မဆိုင်ဘူး

me: ဟုတ်

၄၄: ဘုရားနဲ့ ဆိုင်တာက ဒီနိယာမကို ထိုးထွင်းပြီး သိဖို့၊ ပိုင်းခြားပြီးသိဖို့
6:03 PM ပြီးတော့ ဒီနိယာမတရားသည် ဘယ်တရားက ကျေးဇူးပြု လည်နေရတာလဲ
ဒီနိယာမတရားကို ချုပ်ငြိမ်းချင်တယ်ဆိုရင် ဘယ်တရားကို သတ်ရမလဲ
ဘယ်လို သတ်ရမလဲ ဆိုတာက ဘုရားအလုပ်

me: ဟုတ်ကဲ့

6:05 PM ၄၄: ဒီတော့ ဘုရားအလုပ်ကို ဘုရားကလုပ်တယ်။
ပြီးတော့ ဘုရားက လောကကြီးကို ဆင်ခြင်တယ်...
သတ္တဝါတွေကို ပေါ့

6:06 PM me: ဟုတ်ကဲ့

၄၄: သူတို့ကိုကော ငါလုပ်တဲ့အလုပ်ကို ဟောလို့ ပြောလို့ လိုက်လုပ်နိုင်ပါ့မလား...
ရှင်းရှင်းပြောရင် ဘုရားအဆုံးမကို ခံယူနိုင်တဲ့ နှလုံးသားရှိကြလားပေါ့
မြင်သာအောင်ပြောရင်တော့ -
6:07 PM ဘုရားက သစ္စာမျိုးစေ့ကို ကြဲချင်တာ..ဒီတော့ လယ်ယာမြေနဲ့တူတဲ့ သတ္တဝါတွေကို ဆင်ခြင်တယ်..
ဩဇာဓာတ်ရှိတဲ့ လယ်ယာမြေတွေလားပေါ့

me: ဟုတ်ကဲ့

6:08 PM ၄၄: ဒီတော့
ဩဇာဓာတ်ရှိတဲ့ လယ်ယာမြေတွေကို ဘုရားဥာဏ်ဖြင့် မြင်တော့
မျိုးကြဲချတယ်
လယ်ယာမြေတိုင်း မျိုးမကြဲဘူး

me: ဟုတ်ကဲ့

၄၄: ဆုံးမထိုက်သူကိုသာ ဘုရားက ဆုံးမတာ
6:09 PM မဆုံးမထိုက်သူကို မဆုံးမဘူး

me: ဟုတ်နားလည်တယ် အစ်ကို

၄၄: ဘုရားက တွေ့ရာသူကို မဆုံးမဘူး

6:10 PM me: ဟုတ်ကဲ့

၄၄: ဒီတော့ လောကနိယာမ ပဋိစ္စသမုပ္ပာဒ် (ခန္ဓာ ပဋိစ္စသမုပ္ပာဒ်=ခန္ဓာစဉ်)
ဒါကို ဥပမာနဲ့ ပြောရင်
6:11 PM ပဋိစ္စသမုပ္ပာဒ်ဆိုတာ သံသရာ ရထားတစ်စင်းလို့ မြင်လိုက်

me: ဟုတ်ကဲ့

၄၄: ဒီရထား ဘာကြောင့် သွားနေတာမသိရင် ဒီရထားကို ဘယ်လို ရပ်ရမလဲဆိုတာ မသိနိုင်ဘူး

me: ဟုတ်

6:12 PM ၄၄: ဒီတော့ ဘုရားသာ မပွင့်ရင် ဒီရထားဘာကြောင့် သွားနေတာတို့ ဘာလိုရပ်ရမလဲတို့ ဆိုတာတို့က တို့အနေနဲ့ သိအပ်တဲ့အရာမဟုတ်ဘူး
6:13 PM ဘုရားဥာဏ်နဲ့သာ ပါရမီအဟုန်ကြောင့် ထိုးထွင်းသိနိုင်တာနော

me: ဟုတ်ကဲ့

6:14 PM ၄၄: ဒီရထားကို ဘာကြောင့် စိတ်ဝင်စားစွာဖြင့် ဘာကြောင့် သွားနေတာတို့၊ ဘယ်လိုလုပ်ရင် ရပ်နားနိုင်တာတို့ကို ဖော်ထုတ်သုံးသပ်ရသလဲဆိုတော့
6:16 PM ဒီရထားသည် မွေးဘူတာ၊ နာဘူတာ၊ သေဘူတာ၊ တွေကို ဖြတ်သန်းသွားပြီးတော့ ဒီဘူတာတွေကိုပဲ ဆိုက်နေလို့တဲ့

me: ဟုတ်ကဲ့

6:18 PM ၄၄: ဟုတ်ပြီ.. ဒီတော့
6:19 PM ဒီရထားမှာက အဝိဇ္ဇာ ရထားထိန်းက တဏှာ ရထားခေါင်းကို မောင်းနေတာတဲ့ဗျ

me: ဟုတ်

၄၄: ဒီတော့ ဘုရားက ရထားခေါင်းကို ဖျက်ချင်တော့ သုံးသပ်တယ်တဲ့
ဒီအတိုင်း ဖျက်လို့ကတော့ သူ့မပျက်နိုင်ဘူး

6:20 PM me: ဟုတ်ကဲ့

၄၄: ရထားထိန်းက ရှိနေတာကိုး
6:21 PM ဒီတော့ အဝိဇ္ဇာရထားထိန်းကို ဝိဇ္ဇာရထားထိန်း ပြောင်းလိုက်မယ် ဆိုရင်တော့ဖြင့် ရထားခေါင်းကပါ ခေါင်းလွဲသွားနိုင်တာကို မြင်တော့
6:22 PM ဘုရားက အဝိဇ္ဇာကို ဝိဇ္ဇာဖြစ်စေတဲ့ နည်းကို ဘုရားက ရှာတာ တဏှာရထားခေါင်းကို တည့်ဖြုတ်တာမဟုတ်ဘူး

me: ဟုတ်ကဲ့

6:23 PM ၄၄: အဝိဇ္ဇာဦးဆောင်မှ တဏှာက ရွပိုးထတာကို ဘုရားက သိတာကိုး

me: ဟုတ်

၄၄: ဒီတော့ တဏှာမရွအောင် အဝိဇ္ဇာကို မကြွအောင် လုပ်လိုက်တာ
6:24 PM ပဋ္ဌာန်းနည်းနဲ့ ပြောရရင် - စိတ္တာဓိပတိကို ဝိမံသာဓိပတိ ပြောင်းလိုက်တာ
နဂိုက စိတ်က သမ္မတလုပ်နေတော့ ဝိမံသာက ပြည်နယ်မှူးဖြစ်နေတယ်

6:25 PM me: ၀ိမံသာ အဓိပ္ပာယ်လေး မသိဘူး အစ်ကို

၄၄: ဒီတော့ ဘုရားက ပါရမီအဟုန်ဖြင့် စိတ်ကို ပြည်နယ်မှူးခန့်ပြီးတော့ ဝိမံသာ(ပညာ)ကို သမ္မတခန့်လိုက်တာ.. အဓိပတိ ပစ္စယောမှာ

me: ဟုတ်

6:26 PM ၄၄: စိတ်၊ ဆန္ဒ၊ ဝီရိယ၊ ပညာ ဆိုပြီးတော့ လေးပါးရှိတယ်
တစ်ခု ဦးဆောင်ရာကို နောက်သုံးခုက လိုက်ပါဆောင်ရွက်ပေးရတယ်
တစ်ယောက်က သမ္မတ ဆိုရင် ကျန်သုံးယောက်က ပြည်နယ်မှူးပေါ့

me: ဟုတ် နားလည်ပြီ အစ်ကို

6:27 PM ၄၄: ဒီတော့ ဘာကြောင့် စိတ်ကို ဖြုတ်ပြီးတော့ ပညာကို သမ္မတ တင်မြှောက်ရတုံးဆိုတော့
စိတ်သည် မကောင်းတဲ့ အာရုံမှာ ကျက်စား ပျော်တဲ့သဘောမှာ ရှိတယ်တဲ့

6:28 PM me: ဟုတ်ကဲ့

၄၄: ပညာ က သမ္မတဖြစ်တော့ စိတ်က နိုက်ကလက်ဖွင့်ဖို့ သမ္မတကိုအဆိုတင်သွင်းတော့ ပညာက ချင့်ချိန်စဉ်းစားပြီးတော့ ဒါသည် မလုပ်သင့်လို့ သိတယ်..ဒီတော့ လက်မခံဘူး
ပညာက ဦးဆောင်ခန်း

6:29 PM me: ကောင်းတယ် အစ်ကို ဥပမာက..
ပိုနားလည်တယ်

6:30 PM ၄၄: ဒီတော့ ဘုရားက ခုနားက အဝိဇ္ဇာရထားထိန်း ကို ဝိဇ္ဇာရထားထိန်းသို့ ပြောင်းလိုက်တာသည်
6:31 PM ပြဋ္ဌာန်းနည်းနဲ့ပြောရင် စိတ္တာဓိပတိကို ဝီမံသာဓိပတိပြောင်းလိုက်တာပဲမှတ်

me: ဟုတ်ကဲ့

၄၄: ဝိပဿနာရှုတယ်ဆိုတာလည်း ဒါပဲ
6:32 PM အာလုံးကို ခြုံပြီးတော့ ဥာဏ်နဲစုပြီးတော့ မြင်တတ်ရမယ်နော

me: ဟုတ်

၄၄: စုနိုင်မှ ဧကောဓမ္မောဆိုက်မှ တစ်ခုသော သဘောတရားကို ဥာဏ်က ထိုးလင်းသိပါမှ ပညာစခန်းလို့ ခေါ်တယ်

6:33 PM me: ဟုတ်ကဲ့

၄၄: အများကြီးသဘောကြားမှာ ထိုမောင် ဗျာများနေပြီဆိုရင်တော့ အုတ်ရောရော ကျောက်ရောရောက်ထဲ ပါပြီမှတ်

me: ဟုတ်
6:34 PM အစ်ကိုပြောတာ သဘောပေါက်ပါတယ် ညီ

၄၄: ဟုတ်ပြီ..ဒီတော့ ခုနားက ဘုရားက အဝိဇ္ဇာရထားထိန်းကို ပြောင်းတယ်လို့ ဆိုထားပါတယ်..

me: ဟုတ်

6:35 PM ၄၄: ဝိဇ္ဇာရထားထိန်းအစားထိုးတယ်ဆိုတာသည် ဘာကို ပြောတုံးဆိုတော့ မိစ္ဆာဒိဋ္ဌိနေရာမှာ သမ္မာဒိဋ္ဌိကို အစားထိုးလိုက်တာ

ဝိပလ္လာသ လို့ဆိုတဲ့ မှားယွင်းဖောက်ပြန်တဲ့တရားနေရမှာ သစ္စာတရားကို အစားထိုးလိုက်တာ

6:36 PM ရှင်းရှင်းပြောရင် ပုံမှန်လုပ်နေကြ အလုပ်စဉ်မှာ ဝိပဿနာအသိကလေး ထည့်ပေးလိုက်တာပဲ

me: ဟုတ်

6:37 PM ၄၄: ပုံမှန်လုပ်နေကြအလုပ်က သံသရာရေကြော
သံသရာအသွားလေ.. ဒီကြားမှာ ဝိပဿနာအသိထည့်တော့ ဒီအသွားပြတ်တယ်

me: ဟုတ်ကဲ့

၄၄: ဒီအသွားပြတ်တော့ ဘယ်ကို ထိုးထွက်သွားတုံးဆိုတော့
သံသရာရဲ့ အပြင်ကို ထွက်တယ်
6:38 PM ဒါကြောင့် မဂ် ဆိုတဲ့ စကားကို ဘုရားရှင်က သုံးတော်မူတာ
မဂ်ဆိုတာ ထွက်ပေါက်ပေါ့
သံသရာက ထွက်ပေါက်

me: ဟုတ်ကဲ့

၄၄: ပထမတော့ ဝိပဿနာမဂ်နဲ့ အားယူရတယ်
6:39 PM ပြီးတော့မှာ လောကုတ္တရာမဂ်နဲ့ ထွက်ကျသွားတာ

me: ဟုတ်

၄၄: ဒီတော့ ခုနားက ပြောသွားတဲ့ သံသရာရေစီးကြောင်းဆိုတဲ့ နေရာမှာ
6:40 PM မြတ်စွာဘုရားရှင်က သဠာယတနဝဂ်- ဆဆက္ကသုတ်မှာ ပဋိစ္စသမုပ္ပာဒ်လည်ပုံသုံးမျိုး ကို ဟောတော်မူပါတယ်
6:41 PM ရာဂနုသယ၊ ပဋိဃာနုသယ၊ အဝိဇ္ဇာနုသယ ဆိုပြီးတော့
လောဘနဲ့ လည်တယ်
ဒေါသနဲ့လည်တယ်
မောဟနဲ့ လည်တယ်

6:42 PM me: ဟုတ်ကဲ့

၄၄: ဒါသည် သုံးမျိုးနဲ့လည်တယ်ဆိုတော့ ခွဲပြတဲ့သဘောပါ.. ဒါပေမယ့် ဘယ်လိုသဘောတုံးဆိုတော့
မောဟ မြင်းလှည်းသမားက လောဘ၊ ဒေါသမြင်းနှစ်ကောင်းကို ဒုံးစိုင်းပြီးတော့ အပယ်စခန်းကို မောင်းနေတာနဲ့ တူတယ်
6:43 PM ဒါကြောင့် ဘုရားရှင်က လူတစ်သိန်း တစ်ယောက် သုဂတိမရောက်ဘူးလို့ ပြောတာ

me: ဟုတ်

6:44 PM ၄၄: ညီခဏ

me: ဟုတ်ရတယ် အစ်ကို
လုပ်ပါ

၄၄: ခဏပဲညီလေး

________________________________________ 18 minutes

7:03 PM me: အစ်ကို .. သူငယ်ချင်း စက်မို့လို့.. ညီကနက်မချိတ်ရသေးဘူး.. နောက် အစ်ကိုအားမှပဲ ထပ်မေတော့မယ်..
ကျေးဇူးပါအစ်ကို

၄၄: အေးညီလေး..
ဆောရီးနော

me: အာ ရတယ် အစ်ကိုကလည်း
ညီကတောင်းပန်ရမှာကို

7:04 PM ၄၄: မဟုတ်ဘူး ညီလေး
တရားကို အကိုက ဖြတ်ထားလိုက်တာ
မကောင်းဘူး

me: ဟုတ် ရပါတယ် အစ်ကို
ရိုသေလေးစားလျက်ပါအစ်ကို

လေးစားစွာဖြင့်
ဖိုးသား

2/2/2009, MON:, 6:12:07 PM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply