တချို့က ဖြေးဖြေးကူးတယ်တချို့က အေးအေးကူးတယ်
တချို့က မြန်မြန်ကူးတယ်
တချို့က မှန်မှန်ကူးတယ်။
ဘ၀ဆိုတဲ့ ဒီသမုဒ္ဒရာမှာ
ကိုယ့်အထာကိုယ့်အစွမ်းနဲ့ အပြိုင်ကူးနေကြပေမယ့်
တကယ်တမ်းရှိနေတဲ့ အဆုံးပန်းတိုင်ကတော့
အပြိုင်အဆိုင်လဲမရှိ
(အားလုံးအတွက်) တစ်တိုင်ထဲ... အတိ... အကျပါပဲ
သေပွဲတဲ့...။
တကယ်ရှိရက်နဲ့ မျက်နှာလွှဲလိုက်မိကြသလို
တကယ်သိရက်နဲ့လည်း ဆက်မိုက်မဲမိကြတယ်...၊
ဆင်ခြင်ဖို့ နှောင့်နှေးကြသလို
ပြင်ဆင်ဖို့လည်း (ဘာကိုမှန်းမသိ) စောင့်နေကြသေးတယ်...။
တကယ်ပါပဲကွယ်...
မြုပ်ချည်ပေါ်ချည် ဒီဘ၀ကို
အကျအန ဟုတ်လှပြီထင်ပြီး...
မရမကကြီးကို ကူးနေမိကြတယ်...။
လှမ်းပြိုင်ကူးရင်း အငိုအပြောတွေနဲ့
မောရဦးမယ်...
ပန်းတိုင်ဆီကိုလည်း ဘယ်လိုပဲရှောင်လွှဲပေမယ့်
တည့်တည့်ကြီးကို မျောရဦးမယ်...။
(ည ၁၁း၁၁ နာရီ ~ ၁၃.၀၂.၂၀၀၉)
ရွှေပြည်သူ
ဒီနေ့မနက်စောစောမှာပဲ ဘ၀တပါးကို ကူးပြောင်းသွားရှာတဲ့ ကျွန်မရဲ့ အဒေါ်အကြောင်းကို တွေးရင်း ဒီကဗျာကို သံဝေဂတစ်ဝက် ဆို့နင့်မှုတစ်ဝက်နဲ့ ရေးမိပါတယ်။ တစ်ဆက်ထဲ အားလုံးအတွက် ဓမ္မဒါနအနေနဲ့ ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)ရဲ့ “မသေခင် ဘာလုပ်ကြမလဲ” စာအုပ်ရဲ့ E-book လေးကို ပြန်ဝေမျှပါရစေရှင်။ E-book မူရင်းကတော့ ရွှေဟင်္သာ Website က ဖြစ်ပါတယ်။
ဒီနေရာကနေ Download လုပ်နိုင်ပါတယ်ရှင်။
အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ တန်ဖိုးရှိတဲ့ အသက်ရှင် ချိန်တွေမှာ မလွဲမသွေကြုံရမယ့် သေခြင်းတရားကို ရင်ဆိုင်အံတုနိုင်မယ့် အဖိုးတန် ကုသိုလ် ဘာဝနာတွေ လုပ်ဆောင် ပွားများနိုင်ကြပါစေရှင်...
ဒီနေရာကနေ Download လုပ်နိုင်ပါတယ်ရှင်။
အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ တန်ဖိုးရှိတဲ့ အသက်ရှင် ချိန်တွေမှာ မလွဲမသွေကြုံရမယ့် သေခြင်းတရားကို ရင်ဆိုင်အံတုနိုင်မယ့် အဖိုးတန် ကုသိုလ် ဘာဝနာတွေ လုပ်ဆောင် ပွားများနိုင်ကြပါစေရှင်...
လေးစားစွာဖြင့်
ဖိုးသား
14.02.2009, SAT:, 03:55:32 AM
0 comments