ဆူနာမီဆရာတော် အရှင်ဥတ္တမသာရ
မင်္ဂလာပါ။ ဓမ္မမိတ်ဆွေ အပေါင်းတို့အား သတင်း ကောင်းလေး တစ်ခုပေးပါရစေ။ မြန်မာနိုင်ငံ အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့ ၄၅လမ်း တရားရိပ်သာနှင့် သန်လျင် ဘုရားကုန်း ရိပ်သာမှ အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့ ဆူနာမီ ဆရာတော် အရှင်ဥတ္တမသာရသည် စင်္ကာပူနိုင်ငံသို့ သာသနာပြုရန် ခေတ္တခဏ ရောက်ရှိ လာပါသည်။ ယခုကဲ့သို့ ခေတ္တခဏ လာရောက် နေစဉ်တွင် Block 310 Camberra Road #14-143 Sambawang Dr.S-750310 နေအိမ်တွင် 12.3.2009 မှ 21.03.2009 ထိ ၁၀ ရက် အချိန်ပြည့် တရားပွဲ ကျင်းပပေးမည် ဖြစ်ပါ သောကြောင့် တရားအား ထုတ်လိုသူ ဓမ္မမိတ်ဆွေ သူတော်ကောင်း အပေါင်းတို့အား သတင်းကောင်း ပါးပေးလိုက် ပါတယ်နော်။ တပိုင်တနိုင် မိမိ အားလပ်သည့် အချိန်တွင် တရားဘာဝနာ အားထုတ်ချင်လျှင် လာရောက်တရား အားထုတ်ရန် ဖိတ်ခေါ်ပါတယ်။ ဒါ့အပြင် အားလပ်သည့် အချိန်တွင်လည်း သိချင်သည့် အရာများနှင့် မရှင်းလင်းသည်များ ရှိခဲ့ပါက ဆရာတော်နှင့် ဆွေးနွေးမေး မြန်းနိုင်ပါတယ်။
ထို့နောက် ဆရာတော်သည် စင်္ကာပူမှတဆင့် မလေးရှားနိုင်ငံ ကေအယ်လ်တွင် 24.03.09 ကနေ 2.04.2009 အထိ သာသနာပြု သွားရောက်မှာ ဖြစ်ပြီး ထိုမှတဆင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် 4.04.09 မှ 8.04.2009 အထိသာသနာပြု သွားရောက်မည် ဖြစ်ပါကြောင်း ဓမ္မမိတ်ဆွေ အပေါင်းတို့အား မင်္ဂလာသတင်း ဖြန့်ပွားပေးပါတယ်။
လေးစားစွာဖြင့်
ဖိုးသား
14.03.2009, SAT:, 11;02:05 AM
ထို့နောက် ဆရာတော်သည် စင်္ကာပူမှတဆင့် မလေးရှားနိုင်ငံ ကေအယ်လ်တွင် 24.03.09 ကနေ 2.04.2009 အထိ သာသနာပြု သွားရောက်မှာ ဖြစ်ပြီး ထိုမှတဆင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် 4.04.09 မှ 8.04.2009 အထိသာသနာပြု သွားရောက်မည် ဖြစ်ပါကြောင်း ဓမ္မမိတ်ဆွေ အပေါင်းတို့အား မင်္ဂလာသတင်း ဖြန့်ပွားပေးပါတယ်။
လေးစားစွာဖြင့်
ဖိုးသား
14.03.2009, SAT:, 11;02:05 AM
March 14, 2009 at 7:21 AM
ကိုဖိုးသားရေ။ ဓမ္မသတင်းကောင်းပါးတဲ့အတွက် ကျေးဇူးကြီးလှပါတယ်။ အခြားနိုင်ငံက ဒကာတွေ ဆရာတော် စင်ကာပူမှာ သီတင်းသုံးတဲ့ကျောင်းကို ဆက်သွယ်ချင်ရင် ဖုန်းနံပါတ် သိရနိုင်မလား။
မြန်မာပြည်တွင်းမှာ ဆင်းရဲချို့ငဲ့တဲ့ စာသင်တိုက်တွေ၊ တရားစခန်း ရိပ်သာတွေ ဘယ်နားမှာ ရှိတယ်ဆိုတာလေး စုံစမ်းပြီး သွားရောက်လှူဒါန်းဖို့ ဆက်သွယ်ရမယ့် လိပ်စာ၊ ဖုန်းနံပါတ်လေးတွေ ဖော်ပြပေးပါလားဗျာ။
အပန်းမကြီးရင် ဘယ်စာဝါတန်း ဖြေမယ့် သံဃာတွေအတွက် ဘယ်အမည်နာမနဲ့ သင်ရိုးစာအုပ် ဘယ်နှစ်ဆယ်၊ ဆွမ်းရိက္ခာလဲ ဘာတွေ လှူနိုင်တယ် လှူသင့်တယ်၊ မကျန်းမာတဲ့ ကိုယ်တွေတွေအတွက် ဘယ်ဆေးတွေဖြင့် လိုအပ်တယ်၊ ဘယ်မှာ လှူနိုင်တယ် ဆိုတာလေး ဘလော့မှာ ဖော်ပြပေးစေချင်ပါတယ်ဗျာ။