Latest News

*ကို TZN နှင့် အများသိစေရန်*

TZN has left a new comment on your post "*သတင်းကောင်းပါးအပ်ပါတယ်*":

ကိုဖိုးသားရေ။ ဓမ္မသတင်းကောင်း ပါးတဲ့အတွက် ကျေးဇူး ကြီးလှပါတယ်။ အခြားနိုင်ငံက ဒကာတွေ ဆရာတော် စင်ကာပူမှာ သီတင်းသုံးတဲ့ ကျောင်းကို ဆက်သွယ်ချင်ရင် ဖုန်းနံပါတ် သိရနိုင်မလား။

မြန်မာပြည် တွင်းမှာ ဆင်းရဲချို့ငဲ့တဲ့ စာသင်တိုက်တွေ၊ တရားစခန်း ရိပ်သာတွေ ဘယ်နားမှာ ရှိတယ် ဆိုတာလေး စုံစမ်းပြီး သွားရောက် လှူဒါန်းဖို့ ဆက်သွယ်ရမယ့် လိပ်စာ၊ ဖုန်းနံပါတ်လေးတွေ ဖော်ပြပေးပါလားဗျာ။

အပန်းမကြီးရင် ဘယ်စာဝါတန်း ဖြေမယ့် သံဃာတွေအတွက် ဘယ်အမည် နာမနဲ့ သင်ရိုးစာအုပ် ဘယ်နှစ်ဆယ်၊ ဆွမ်းရိက္ခာလည်း ဘာတွေ လှူနိုင်တယ် လှူသင့်တယ်၊ မကျန်းမာတဲ့ ကိုယ်တော်တွေ အတွက် ဘယ်ဆေးတွေဖြင့် လိုအပ်တယ်၊ ဘယ်မှာ လှူနိုင်တယ် ဆိုတာလေး ဘလော့မှာ ဖော်ပြပေးစေချင်ပါတယ်ဗျာ။

*************************************

ဆူနာမီ ဆရာတော် ဦးဥတ္တမသာရ ကို ဆက်သွယ်ရမည့် လိပ်စာများမှာ


10 days retreat at Singapore Tel: 83483383

Mar 14, '09 6:30 AM

for everyone

Start: Mar 14, '09 07:00a

Subject : Explaination and Introducing How to use limitless mind power

Limitless Mind Power Specialist : Sayadaw U Ottamasara from 45st Meditation Centre and

Thanlyin Pagoda Hill Centre (Thanlyin) Yangon, Myanmar. MTSM45@gmail.com

Time : 12Mar to 22Mar 2009 ;

Place : Block 310 Camberra Road #14-143 Sambawang Dr.(in front of sambawang MRT) S-750310 Singapore

Languages: Myanmar, English, Chinese

****************************

For General Information: info@realenlightment.org

To contact Sayadaw: ottamasara@gmail.com

For web related info: dobsonflorian@gmial.com

comMailing Address: No 45, 45th street, Botahtaun Tsp, Downtown, Yangon, Myanmar

infoPhone Number: 95-1-298-196

http://realenlightenment.org/

http://mtsm45an.multiply.com/

***************************************

ကို TZN ရေ…

အစ်ကိုက လှူမယ်ဆိုရင် ဘယ်လို လှူချင်တာလဲ၊ စုပေါင်းပြီး လှူမှာလား၊ တစ်ဦးချင်းလား၊ ဘယ်လောက် လှူချင်တာလဲ၊ နောက် ဆင်းရဲချို့ငဲ့တယ် ဆိုတာ ဘယ်လို အတိုင်းအတာလောက် အထိ ချို့ငဲ့တာကို ဆိုလိုတာလဲ အစ်ကို…

ဆရာတော် ဦးကုမာရကတော့ အဲဒီလိုမျိုး စာသင်တိုက်တွေနဲ့ ချိတ်ပေးလို့ ရပါတယ်တဲ့.. ဒါပေမယ့် အပေါ်က အချက် အလက်လေးတွေ သိရရင် ပိုအဆင်ပြေမယ်တဲ့ အစ်ကို…

ဆရာတော်၊ သံဃာတော်တွေ အနေနဲ့ ဒီနှစ် စာမေးပွဲက 20.03.2009 ရက်နေ့ စမယ်အစ်ကို.. အဲဒီတော့ အစ်ကို လှူချင်ရင် ဒီနှစ်တော့ မမှီနိုင်တော့ဘူး... နောက်နှစ်အတွက်ပဲ လှူလို့ ရတော့မယ်... အဲဒါကိုလည်း ဘုန်းဘုန်း ကုမာရနဲ့ တိုင်ပင်ပြီး လှူဒါန်းနိုင်ပါတယ်...

ညီ့ကို ဆက်သွယ်ချင်ရင် pyaesoneaung2007@gmail.com

ဆရာတော့်ကို တိုက်ရိုက် ဆက်သွယ်ချင်ရင် ashinkumara@gmail.com

******************************************

အောက်က ဖော်ပြထားတာတွေကတော့ ဆင်းရဲနွမ်းပါးတဲ့ နေရာ အချို့ပါ အစ်ကို...

ဧဒင် မသန်စွမ်းသက်ငယ်များ ပြုစုရာရိပ်မြုံ

အမှတ်-၅၆၊ ၀ါဦးကျောင်း-၄လမ်း၊ ဖော့ကန်ရပ်ကွက်၊

အင်းစိန်မြို့နယ်၊ ရန်ကုန်။

ဖုန်း- 95-1-640 399

Web site- http://www.edencentre.org


၁။ မသန်စွမ်း ကလေးများ၏ ၀န်ဆောင်မှု စရိတ်များ ကျခံပေး၍ မွေးစားခြင်း (တစ်ယောက်၊ တစ်လ-၃၀၀၀၀ိ/-)

၂။ နေ့စဉ်ထမင်း၊ မုန့်၊ အအေး၊ သစ်သီး ကျွေးမွေးခြင်း (ရိုးရိုး- ၃၂၀၀၀ိ/-၊ အထူး-၄၀၀၀၀ိ/-)

၃။ လိုအပ်သော ပစ္စည်းများ၊ အ၀တ် အစားများ၊စာရေး ကိရိယာများ၊ ကစားစရာများ လှူဒါန်းခြင်း။

…………………………………………………………………………………

အမျိုးသမီးကလေးများ သင်တန်းကျောင်း

အမှတ်-၁၈၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။

ဖုန်း- 95-01-554248

…………………………………………………………………………………….

ငှက်အော်စမ်း လူငယ်သင်တန်းကျောင်း

ကော့မှူးမြို့နယ်၊ ရန်ကုန်တိုင်း၊

ဖုန်း- 09 860 2040၊ 01-244 764

…………………………………………………………

မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာယ

ရန်ကုန် မျက်မမြင်ကျောင်း (ခ၀ဲခြံ)

အမှတ်-၁၆၅၊ ဗဟိုလမ်း၊ ၂ ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း- 661 689၊ 662 034

Web site- www.mcfblind.com


……………………………………………………………

ကမ္ဘာအေး လူငယ်သင်တန်းကျောင်း

အမှတ်-၆၄၊ ကမ္ဘာအေး စေတီလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့

ဖုန်း- 01-660 802

…………………………………………………………

မေရီချက်(ပ်)မင်း

နားမကြားသောကလေးများကျောင်း

အမှတ်-၂၊ သံတမန်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း- 01- 221 872
……………………………………………………………………

လေးစားစွာဖြင့်
ဖိုးသား

3/14/2009, SAT:, 10:17:46 PM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

4 comments

  1. ညီလေးရေ
    ဒီမျိုး ညီမျိုး ရတဲ့ မိသားစုတော့ ကံကောင်းတာပါပဲကွာ။ အစ်ကို တကယ် အားကျပါတယ်။
    အစ်ကို လှူမယ်ဆိုတာက အများနဲ့ မဟုတ်ပါဘူး။ ကိုယ် လစဉ် ရတဲ့ ဝင်ငွေထဲက တတ်နိုင်သလောက် တစ်နိုင်ပါ။
    ညီ ပြောတဲ့ စာရင်းထဲက မျက်မမြင်ကျောင်းနဲ့ ဆွံ့အနားမကြားကျောင်းကို အစ်ကို အရင် ကြိုးစားလိုက်ပါ့မယ်။ သူတို့ဘဝ သူတို့အခက်အခဲကို ကိုယ်ချင်းစာလို့ပါ။
    မျက်ကြည်လွှာတွေ ဒါနပြုမယ့်လူ အရေအတွက်က မျက်ကြည်လွှာ လိုအပ်တဲ့ မျက်မမြင် လူနာအရေအတွက်ထက် အပုံကြီး နည်းနေမယ် ထင်တယ်။ လှူနိုင်တဲ့လူ နည်းနေရင် မျက်ကြည်လွှာ ဝယ်ပေးလို့ရော ဖြစ်နိုင်မလား သိချင်တယ် ညီလေးရာ။ ဥပမာ လူနာရှင်တစ်ယောက်က ဆေးရုံမှာ ဆုံးပါးသွားကာစ သူ့လူနာရဲ့ မျက်ကြည်လွှာကို တစ်သိန်းနဲ့ ရောင်းမယ် ဆိုပါတော့။ မျက်စိကွယ်နေရှာတဲ့ တခြားလူသားတစ်ယောက် အကျိုးအတွက် အစ်ကို ဝယ်ပေးချင်ပါတယ်။
    မြန်မာပြည် အလယ်ပိုင်းမှာလဲ မိုးခေါင်ရေရှားဒေသဆိုတော့ နေပူရွှံ့ပူထဲ အလုပ်လုပ်ရတဲ့ လယ်သမားကြီးတွေ လယ်သူမကြီးတွေ မျက်စိကွယ်ကြတာ မျက်ကြည်လွှာ အလှူရှင် ရရင် ပြန်မြင်နိုင်တယ်လို့ ဖတ်ရတယ်။
    ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ရောင်းချတာ မသင့်တော်ဘူးလို့ မြင်ရင်လဲ သူတို့က မျက်ကြည်လွှာ ဒါနပြု၊ ကိုယ်က လက်ဆောင်ငွေကြေး၊ သို့မဟုတ် နာရေးစရိတ် ပြန်ကူညီတဲ့ သဘောမျိုးပါ။
    မျက်ကြည်လွှာ ရမယ့်သူကတော့ ဘယ်သူဖြစ်ဖြစ် လိုအပ်နေတဲ့ ရသင့်တဲ့ လူသားတစ်ယောက်ဆိုရင် ပြီးတာပါပဲ။
    ဒါမျိုးရှိရင် အကြောင်းကြားစေချင်ပါတယ်။ အစ်ကို မျက်ကြည်လွှာတစ်စုံ တစ်သိန်းဆိုလဲ လေးငါးစုံ လှူချင်ပါတယ်။ ငွေကို ပြည်တွင်းဖြစ်ဖြစ် ပြည်ပဖြစ်ဖြစ် လွှဲဆိုတဲ့နေရာ ရောက်အောင်လွှဲပါ့မယ်။

  2. ကို TZN ကိုလည်းလေးစားတယ်ဗျာ၊ အင်တိုင်အားတိုင် ဆောင်ရွက်နေတဲ့ ကိုဖိုးသားကိုလည်း ကျေးဇူး။ ကျွန်တော်လည်း မြန်မာကို ရောက်တော့မယ်၊ နေပြည်တော်တ၀ိုက် ဆောင်ရွက်စရာရှိလို.ကတော့ ကျွန်တော့ကို ခိုင်းဗျို.။

  3. ညီလေးရေ။
    ပညာရေးရော ဘဝတက်လမ်းရော တရားဓမ္မပါ အစစ တိုးတက်အောင်မြင်ပါစေ။
    ညီလေးစာဖတ်ပြီး မျက်မမြင်ကျောင်းကို ဆက်သွယ်လိုက်ပါတယ်။ မျက်မမြင်ကျောင်းမှာ နေ့စဉ် ထမင်းဟင်းကအစ အများစာဆိုတော့ ချို့ချို့ငဲ့ငဲ့ အသီးအရွက်ဟင်းပဲ ကျွေးနိုင်တာ ပြောပြပါတယ်။ ကလေးတွေဆို ငှက်ပျောသီး၊ ဆီးသီးတို့လို သစ်သီးဝလံတောင် စားရခဲတယ်တဲ့။ ဆပ်ပြာ သွားတိုက်ဆေးကအစ လိုအပ်တယ်တဲ့။
    မျက်မမြင် ကလေးတွေက အတန်းကျောင်းတွေ တက်နေကြတာဆိုတော့ လိုအပ်တဲ့ စာအုပ်စာတမ်း လှူချင်လို့ မေးတော့ မျက်မမြင်သုံး beaille စာအုပ်တွေက အပြင်လူ ဝယ်ပေးတတ်မှာ မဟုတ်ဘူးလို့ ပြောပြပါတယ်။
    ကျောင်းမှာ မျက်မမြင်၁၀ တန်းကျောင်းသားတွေရော၊ တက္ကသိုလ် ကျောင်းသားတွေပါ တော်တော် ရှိပါတယ်။ ကက်ဆက်လေးတွေ ရရင် သူတို့ ဆရာဆရာမတွေ စာသင်တာတွေကို အသံဖမ်းပြီး ပြန်ပြန်နားထောင်နိုင်မယ်ဆိုတော့ ဝေါ့က်မန်း ကက်ဆက်လေးတွေ လာလှူမယ်ဆို ကောင်းကြောင်း အကြံပေးပါတယ်။ မျက်မမြင်ကလေးတွေ စာလိုက်ရတဲ့ ကိစ္စက ရိုးရိုးကလေးတွေထက် ပိုပင်ပန်းတာမို့လို့။
    တရုတ်ကက်ဆက် ပေါက်စလေးတွေ ရန်ကုန်မှာဆို ဘယ်ဈေးလောက် ရှိမလဲ ညီလေး။ အလွယ်ပြောရရင် တစ်သိန်းဖိုး ဘယ်နှစ်လုံးလောက် ရနိုင်မလဲ။ ဟိုနေရာနည်းနည်း ဒီနေရာနည်းနည်း တတ်နိုင်တာလေး လုပ်ပေးချင်လို့ပါ။
    စာပြန်ပွဲဝင်မယ့် ကိုယ်တော်တွေအတွက် ကော်ဖီမစ်တို့၊ ခေါက်ဆွဲခြောက်တို့ တတ်နိုင်သလောက်လေး လှူချင်တယ်။ အဲဒါ ညီ့အမြင် ပြောပါဦး။ အစ်ကိုတို့ ည စာကျက်ရင်တော့ အိပ်မငိုက်အောင် ကော်ဖီကြမ်းဖြစ်ဖြစ် သောက်ကြတယ်။ ကိုယ်တော်တွေကို ကော်ဖီမစ် ကပ်လို့ တချို့ဦးဇင်းငယ်က ညဥ့်နက်ခံ စာကျက်နိုင်အောင် ဘုဉ်းပေးမိပြီတဲ့၊ လှူတဲ့အစ်ကို အပြစ်ဖြစ်နိုင်လား။ တခြား စားစရာ အခြောက်အခြမ်းဆိုလဲ ဒီလိုပဲ။ ဆွမ်းအဆင်မပြေတဲ့ရက်ဆို ဘုဉ်းပေးနိုင်အောင် ကပ်ထားတဲ့ ရယ်ဒီမိတ်ထုပ်တွေကို စားကောင်းသောက်ကောင်း ခဏခဏ ဆာတတ်တဲ့ ငယ်ရွယ်တဲ့ ကိုရင်၊ ဦးဇင်းငယ် တစ်ပါးပါးက ဆာတာနဲ့ ညနေ ဘုဉ်းပေးမိရင် လှူသူ အပြစ်ဖြစ်နိုင်လား။
    မလှူရင်ရော-- အစ်ကိုတို့ လူတွေကျတော့ နေ့စဉ်စားဖို့ ကရိကထ မများရအောင် သုံးလေးရက်စာ တစ်ပတ်စာ ကြိုကြိုတင်တင် စီစဉ်ထားတယ်။ စာမေးပွဲရက် ဘာညာဆိုလဲ အခက်အခဲ ရှိခဲ့ရင် အဆင်ပြေအောင် အကုန်စီမံထားတယ်။ သံဃာတွေအပေါ်တော့ ကိုယ်လိုပဲ အရေးအရေးမှာ အခက်အခဲ ရှိနိုင်တယ်ဆိုတာ မစာနာရာ ရောက်မလား။ ညီ အကြံပေးပါဦး။ အစ်ကို့ထက် ငယ်ပေမယ့် ဘာသာရေးအသိမှာတော့ ချဉ်းကပ်မေးမြန်းသင့်သူလို့ သဘောထားလို့ပါ။ အစ်ကို မလှူတတ်လို့ ငရဲကြီးတာ မဖြစ်ချင်ဘူး။

    ညီညွှန်တဲ့ ဆရာဝန်ကြီးကိုလဲ ဆက်သွယ်ဖို့ ကြိုးစားပါ့မယ်။ နတ်လမ်းညွှန်တာ ကျေးဇူးအထူးပါ ညီလေးရေ။

  4. ကိုရဲကြီးရေ... ကြားရတာ ဝမ်းသာပါတယ်။ နေပြည်တော်တစ်ဝိုက်မှာလဲ ကူညီသင့်တဲ့ လှူသင့်တဲ့ နေရာတွေ ဟိုရောက်ရင် တွေ့တဲ့အခါ တစ်ဆင့် အကြောင်းကြားပေးရင် ကောင်းမယ်ဗျာ။ ကိုဖိုးသားဘလော့ကနေဆို ကျွန်တော်တို့ အားလုံး သိနိုင်တာပေါ့။

Leave a Reply