Latest News

*နှလုံးသားဝယ် ကြွင်းကျန်လေသော…*

ငယ်ငယ်က ဒဏ်ရာတွေလား
အတိတ်က ၀ဋ်တွေလား
ထား…။

အသေအချာ စံမထားရက်ပေမယ့်
ခံစားချက်တော့ ရှိတယ်။

သိမ်ငယ်တာလား
ခံစားရတာ
အကြိမ်အရေအတွက် မနည်းတော့။

သနားစဖွယ်
အားငယ်တာလား
သေချာတော့ နားမလည်ဘူး။

သြော်…
တိတိကျကျ စမ်းစစ်တော့
ရမ်းပစ်လိုက်တဲ့ စကားတွေက
အများအတွက် အားဖြစ်ပေမယ့်
ငါ့အတွက်တော့
ဟူးးးးးးးးးး။

ခုတော့
လေပူတစ်ချက်လောက်တောင်မှ
ကူသူမရှိ
ဗလာနတ္ထိ။ ။

++++++++++

>>> စာရှုသူတို့ကို တောင်းပန် ပါတယ်ဗျာ…။ ဒီကဗျာက ကြည့်တော့ ဟုတ်သယောင်ယောင် ထင်ရပေမယ့် တကယ်တန်းက အနှစ် မဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ တစ်ပါးသူကို အားကိုးရာ ရှာချင်နေတဲ့ သဘောတွေ သက်ဝင် နေလို့ပါ။ အမှန်က ကိုယ့်ကိုယ်ကို အားကိုးရမှာပါ။ တခါတလေ ကျတော့လည်း သူတစ်ပါး စိတ်အားငယ် နေရင်သာ ကိုယ်က အားပေးတတ် ပေမယ့် ကိုယ် စိတ်ဓါတ်ကျတဲ့ အခါမျိုးမှာတော့ အားပေးတဲ့သူ ရှားပါးကောင်း ရှားပါးတတ် ပါတယ်။ ဒီသဘောလေးကို စာတွေ့ကော လက်တွေ့ပါ ခံစားမိလို့ ဒီကဗျာလေးကို ရေးမိတာပါ။ ဓမ္မ မောင်နှမတို့ နားလည် ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

လေးစားစွာဖြင့်
ဖိုးသား

5/24/2009, SUN:, 2:46:34 AM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply