Latest News

*ကုသိုလ်နှင့် အကုသိုလ်*

ဆရာ ဦးရွှေအောင် ရေးသားတဲ့ *ကုသိုလ်နှင့် အကုသိုလ်* စာအုပ်နဲ့ ပိုင်းလော့ ဆရာတော်ဘုရား ဟောကြားတော်မူတဲ့ *ကုသိုလ်နှင့် အကုသိုလ်* MP3 တရားတော်တွေကို ဓမ္မဒါန မျှဝေလိုက်ပါတယ် ခင်ဗျာ..

ဆရာဦးရွှေအောင် စာအုပ်ကိုတော့ ဒေါင်းထားတာ ကြာပြီဖြစ်ပေမယ့် မဖတ်ဖြစ်ခဲ့ပါဘူး.. ဒါပေမယ့်လည်း တစ်နေ့က ညီငယ် တစ်ယောက်ကနေ အစ်ကို အဲဒီစာအုပ်ကို ဖတ်ကြည့်ပါလား.. စကားဝါမြေမှာ ဒေါင်းလို့ရတယ်.. အစ်ကို ကြိုက်မှာပါ ဆိုတာနဲ့ ဖတ်ဖြစ်ခဲ့ပါတယ်.. ဖတ်တာ မပြီးသေးပေမယ့် တော်တော် အကျိုးများ အသိပွားစေတာမို့ ဓမ္မမောင်နှမတို့အတွက် ကုသိုလ်ပြု မျှဝေလိုက်တာပါ။

ပိုင်းလော့ဆရာတော် ဘုရား ဟောကြားတာကိုတော့ နာဖြစ်ခဲ့တာ ဒီနေ့ပါဆို ၄ ခေါက်လောက် ရှိပါပြီ။ တရားတော်တွေကတော့ ဘယ်အချိန်နာနာ ရိုးတယ်လို့ကို မရှိပါဘူး.. နာပြီးသား ထပ်နာတာတောင် တစ်ခါနဲ့ တစ်ခါ ရတဲ့ အသိက မတူပါဘူး.. ဒါကိုတော့ တရားနာဖူးသူတိုင်း သိမှာပါ။ ဒါကြောင့်လည်း ပညာရှိ သူတော်ကောင်းတွေက *နာဖူးထပ်မံ* လို့ ဆိုခဲ့ကြတာ ဖြစ်ပါလိမ့်မယ်..

ကုသိုလ် အကုသိုလ်ဆိုတာ စကားလုံးတွေပါ.. မြတ်စွာ ဘုရားရှင်က ကျွန်တော်တို့တတွေ နားလည်အောင် တကယ့် အရှိတရားကို ပညတ်ထားတာပါ။ တရားသား မဟုတ်သေးပါဘူး.. တရား ကျင့်လိုတဲ့ ပုဂ္ဂိုလ်တွေကလည်း စကားလုံးတွေရဲ့ ညွှန်ကြားခံ တရားသားတွေကို အရင်သိအောင် အားထုတ်ရမှာပါ.. ဒီလို သိမှလည်း စကားလုံး တစ်လုံးဟာ ကိုယ့်သန္တာန်မှာ ဘာကိုရည်ညွှန်းတယ် ဆိုတာ နားလည်ပြီး ကျင့်သုံးလို့ ရမှာပါ.. *အသိမှန်မှ အကျင့်မှန်မယ်* ဆိုတဲ့ တိပိဋက ယောဆရာတော် ဘုရားရဲ့ အဆုံးအမကလည်း ဒါကိုပဲ သတိပေးနေတာပါ.. မိုးကုတ် ဆရာတော် ဘုရားကလည်း *သိအောင်အရင် သင်ပေးပါဦး.. သိမှ ကျင့်လို့ရတာဟဲ့* ဆိုပြီး ခဏခဏ ဆိုဆုံးမတော် မူခဲ့တာပါ..

၁။ တရားနာယူ ဖတ်ရှုခြင်း
၂။ တရားဆွေးနွေးခြင်း
၃။ တရားအားထုတ်ခြင်း
ဆိုပြီး တရား အားထုတ်နည်း သုံးမျိုးရှိတယ် ဆိုတာကို ဆရာတော် အရှင်ဇ၀နနဲ့ မြောက်ဦး ဆရာတော်ဘုရားတို့ရဲ့ အဆုံးအမတွေကနေ မှတ်သားမိခဲ့ဖူးလေတော့ တရားအားထုတ်နေသူ ဓမ္မမိတ်ဆွေများအတွက် အခု ကျွန်တော် ပေးပို့လိုက်တဲ့ *ကုသိုလ်နဲ့ အကုသိုလ်* တရားစာအုပ်နဲ့ MP3 တရားဖိုင်တွေဟာ နိဗ္ဗာန်သို့သွား ခြေလှမ်းများ အဖြစ် တစ်ထောင့် တစ်နေရာကနေ အကျိုးပြုမှာပါ။

ဒါ့အပြင် *တရားမနာ၊ စာပေမသင်၊ နှုတ်တွင်မဆောင်၊ သိအောင်မမှတ်၊ ပဋိပတ်ကွာ၊ ဤငါးဖြာ သာသနာကွယ် ကြောင်းတည်း* ဆိုပြီး သာသနာ ကွယ်ကြောင်း ငါးမျိုးရှိလေတော့ အခုလို တရားနာယူ ဖတ်ရှုမှုဟာလည်း သာသနာကို တစ်ဖက်တစ်လမ်းကနေ စောင့်ရှောက်နေတာဖြစ်လို့ ခံယူတတ်မယ် ဆိုရင် တကယ် ၀မ်းမြောက်စရာပါ..

ဘာပဲပြောပြော သင့်လျော်တဲ့ အချိန်မှာ တရားနာယူခြင်းဟာ မင်္ဂလာ တစ်ပါးဖြစ်သလို အလှူတကာ့ အလှူမှာလည်း တရားအလှူဟာ အမြတ်ဆုံးဖြစ်လို့.. ဓမ္မမောင်နှမတို့အနေနဲ့လည်း မိမိတို့နဲ့ နီးစပ်ရာများကိုလည်း ဆက်လက်ဖြန့်ဝေ ဓမ္မဒါန ပြုကြပြီး ကုသိုလ်ရိက္ခာများ ထုတ်ပိုးကြပါဦးလို့ တိုက်တွန်းပြောကြားရင်း..

လေးစားစွာဖြင့်
ဖိုးသား


2 attachmentsDownload all attachments (zipped for
English (US)
Filename encoding menu
)
UShweAung-Kutho.pdfUShweAung-Kutho.pdf
836K View Download
ကုသိုလ်နှင့် အကုသိုလ် PilotSayardaw-Kutho.mp3ကုသိုလ်နှင့် အကုသိုလ် PilotSayardaw-Kutho.mp3
11196K Play Download
Tags: ,

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply