Latest News

*၀ိမုတ္တိသုခသို့*

ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ

ဘုရား ကိုယ်တိုင်လည်း ဟောပြီးသား.. အနှစ်သာရ က ဘာလဲဆိုရင် အချိန်မရွေး လွတ်မြောက်မှုပဲ.. သဘောပေါက်လား.. သီလပိုင်းကလည်း ဘာအတွက်လည်း ဆိုရင် လွတ်မြောက်ဖို့ အတွက်ပဲ.. သမာဓိကလည်း ဘာအတွက်လည်း ဆိုရင် လွတ်မြောက်ဖို့ အတွက်ပဲ.. အဲဒီအတွက်သာ ဘုရားဟောတာ.. ဒါမှသာ တဏှာအစပ် ပြတ်မှ ဇာတိ မလာမှာကိုး.. နားလည်ပြီနော်.. မဟာသာရောပမ သုတ္တန်မှာ ဟောထားပြီးသား.. ဒါလည်းပဲ ဘုန်းကြီးတို့ လူကော၊ ရဟန်းကော သတိထားရမယ့် အချက်ပဲနော.. တစ်နေ့ ဘုရားက ရဟန်းတွေကို အမိန့်ရှိတယ်၊ တရားကို မှတ်ကြတဲ့.. ငါဘုရား ရှိတုန်းမှာ ကြိုးစားမှတ်ကြ၊ ငါဘုရား မရှိမှ နောင်တတဖန် မဖြစ်ကြနဲ့လို့ အမိန့်ရှိတယ်။ ဒေ၀ဒတ်ကြီး အကြောင်းပြုပြီးတော့ကာ ဘုရားဟောတဲ့ တရား.. မဟာ သာရောပမ သုတ္တန် ဆိုတာရှိတယ်..

တစ်နေ့တဲ့ သစ်ပင်ရဲ့ အနှစ် ကို ရှာတဲ့ ပုဂ္ဂိုလ်တစ်ယောက် အနှစ်ကို မသိဘဲနဲ့ကာ တောထဲသွားတယ်.. သစ်ပင်တွေ့တဲ့ အခါမှာ သူက အခက်အရွက် ကလေးတွေကို အနှစ်ထင်ပြီး ပြန်လာတယ်တဲ့.. ဒါ တစ်ယောက်ပေါ့နော.. ချစ်သားတို့.. အနှစ်နဲ့မှပြီးမယ့် ကိစ္စမှာ ပြီးပါ့မလားလို့ မေးတော့.. ပြီးပါ့မလား.. မပြီးဘူးနော်.. တစ်ခါ နောက်တစ်ယောက်လည်း သွားပြန်တယ်.. သူလည်း အနှစ် မသိဘူးတဲ့.. သူကျတော့ အပွေးလေးတွေ ကို အနှစ်ထင်ပြီး ခွါလာတယ်.. ဒီတစ်ယောက်က ဘာတုန်း.. အပွေး.. နောက်တစ်ယောက်ကလည်း အနှစ်မသိဘူး.. တစ်ခါ အခေါက် ကလေးကို အနှစ်ထင်ပြီး ခွါလာတယ်.. မှတ်ထားနော်.. နောက်တစ်ယောက် ကျတော့ကာ အကာ ရောက်သွားပြီ.. တော်တော် ကောင်းပြီ.. အကာကိုလည်း အနှစ်ထင်ပြီး ခွါလာတယ်.. အနှစ် မရောက်သေးဘူးနော်.. နောက်ဆုံး တစ်ယောက်ကျမှ အနှစ်ကို သိလို့ အနှစ် ကို ယူလာတယ်တဲ့..

ဘယ်နှစ်ဦးလဲ.. ငါးဦး.. ပထမက အခက်အရွက်၊ ပြီးတော့ အပွေး၊ အခေါက်၊ အကာ၊ အနှစ် မရောက်သေးဘူးနော်.. အနှစ် က နောက်ဆုံးမှ ရောက်တာ..

အဲဒီလိုပဲ.. ဘုရား သာသနာမှာကွယ်.. ပထမ အခက်အရွက် ကိုခူးတဲ့ သာသနာတွင်း ပုဂ္ဂိုလ် ရှိတယ်တဲ့.. ဘုရားရှင် မိန့်တာက အခက်အရွက် ကို ခူးကြတယ်တဲ့.. ဘာလဲ ဆိုတော့.. လာဘ်လာဘ အပူဇော် အကျော်စော တဲ့.. စပြီ ဆိုကတည်းကိုက လာဘ်လာဘ ဗဟိဒ္ဒ အခြွေရံ အကျော်စောကို အနှစ်ထင်တာတဲ့.. ငါက ထင်ပေါ် ကျော်စောတယ်၊ ငါက ကျောင်းကြီး အကြီးကြီး၊ ဖုန်း ဘယ်လောက်.. မျိုးစုံ ကြွားတာ.. အဲဒါတွေကို အနှစ်သာရ ထင်ပြီးတော့ကာ၊ ပန်းတိုင် ထင်ပြီးတော့ကာ အားထုတ်ကြတာ.. ကျောင်းကြီး ဆောက်ပြီးပြီ၊ ကားတွေ ပိုင်မယ်၊ ဖုန်းတွေ ပိုင်မယ်.. ဘုန်းကြီးတဲ့ သံဃာတစ်ပါး.. ဘုန်းကြီးတဲ့ ရဟန်း.. ဘုန်းကြီးတဲ့ ယောဂီ.. အမျိုးမျိုးပေါ့နော.. လာဘ်ပသက္ကာ အပူဇော် အကျော်စောကိုပဲ အဆုံး ထင်ပြီးတော့ကာ ပန်းတိုင် ထင်ပြီးတော့ ကျင့်ပြီးတော့ “ငါသာလျှင် ပြည့်စုံတယ်.. သူများက မပြည့်စုံဘူး ဆိုပြီး နှိမ့်ချတာ” ကိုယ့်ကိုယ်ကို မာန်ရစ်ပြီးတော့ တင်နေတယ်တဲ့.. အဲဒါဟာ အခက်အရွက် ခူးတဲ့ ပုဂ္ဂိုလ်.. ဘာမှ အနှစ် မရောက်ဘူးတဲ့..

နောက် ဒုတိယ တစ်ဆင့်.. သီလ ကို စောင့်ထိန်းတဲ့ ပုဂ္ဂိုလ်.. သီလကို ဩော်.. လာဘ်လာဘတွေ အရေးမကြီးဘူး.. သီလမြဲဖို့ အဓိကပဲ ဆိုပြီး သီလကို အားစိုက်တာ.. စိုက်တော့ သီလမှာ လုံနေတဲ့ အခါကျတော့.. မာန တက်သွားတယ်.. သီလမာန.. “ငါသာ သီလလုံတာ.. ဒင့်ဖြင့် ပုဂ္ဂိုလ်တွေက ငါ့လို မဟုတ်ဘူး.. ဖိုးသူတော်လောက်ပဲ အောက်မေ့တာ” တစ်ဖက်သားကို သီလ မလုံဘူးဆိုပြီး နှိမ့်ချတာ.. ကိုယ့်ကိုယ်ကို မြှင့်တင်တာ.. အဲမှာ သောင်တင်ပြန်ရော.. သဘောပေါက်လား.. ပြောရရင် မျက်မှောင်ကုတ် ကြည့်တာပေါ့.. သီလ မလုံတဲ့သူတွေကို မျက်မှောင်ကုတ် ကြည့်တာ.. သင်္ကန်းရုံတာလေး စောင်းရင်တောင် မှပဲ.. ကိုယ်က တည့်ထားတော့ မျက်မှောင်ကုတ် ကြည့်တယ်ဆိုတာ မာန တက်တာ.. သဘောပေါက်လား.. နားလည် ခွင့်လွှတ်စိတ် မရှိတော့ဘူး.. သီလ သဘောတရားကလည်း ဘာအတွက် ဆိုတာ သိမထားတာ.. ၀ိမုတ္တိ ရောက်ဖို့ အတွက် ဘုရားက လမ်းခင်းထားတာပဲ ရှိသေးတယ်.. သာသနာမှာ ဆိုရင် အပွေးလေး ခွါတာ.. တဲ့.. ဘာခွါတာတုန်း.. အပွေး ခွါတာနော်..

တစ်ခါ တစ်ဆင့်တက်.. ဒါက ဘာလဲ ဆိုရင် ပညာ ၀ိမုတ္တိ သွားဖို့အတွက် ဘုရားက ဟောတဲ့ တရားနော်.. သာသနာတော်ကြီး ခိုင်မြဲဖို့ အတွက်ကတော့ သီလက အဓိကပေါ့.. ၀ိနည်းက အဓိကပေါ့.. သဘောပေါက်လား.. ရေရှည်ခိုင်ဖို့ ထားနော်.. သို့သော် လုပ်ငန်းခွင် ကျတော့ကာ.. ကြည့်လိုက်တော့ အပွေး လောက်ပဲ ရှိတယ်လို့ ဘုရားက ပြတာ.. ၀ိမုတ္တိ လုပ်ငန်းစဉ်မှာကျတော့ ဘာခေါ်လဲ.. အပွေး အဆင့်ပဲထား.. သာသနာ အရှည်တည်ဖို့ကျတော့ စည်းကမ်း မို့လို့.. စည်းကမ်းဘောင် ရှိမှ သာသနာက နှစ်ပေါင်းများစွာ ခိုင်မှာ.. ဒါက တစ်ပိုင်း.. သဘောပေါက်လား.. ဒါလည်း မြဲအောင် ကြိုးစားရ မှာပဲနော်.. အဲ ဒါပေမယ့်လို့ လုပ်ငန်းခွင် ကျတော့ ၀ိမုတ္တိ လမ်းကြောင်းကျတော့.. ဘုရားက ဘယ်လို ပြတုန်း.. သာသနာမှာဆို အပွေးပဲ ရှိသေးတယ်.. အကာတောင် မရောက်သေးဘူး.. အခေါက်တောင် မရောက်သေးဘူး..

တစ်ချို့ကျတော့ သီလကလည်းပဲ ဘာမှ မဟုတ်သေးဘူး.. ထပ်တိုးပြီး တစ်ဆင့် တက်ရဦးမယ်.. ကမ္မဋ္ဌာန်းတွေ ပွားရဦးမယ်.. ဆိုပြီး ကမ္မဋ္ဌာန်းကို အားစိုက်တော့ကာ သမာဓိတွေ မြဲပြီး.. အားကောင်းလာတော့ ကြည်လင်တော့ကာ.. ဘေးလူတွေကို ကြည့်ပြီး.. “ငါ့လို ကမ္မဋ္ဌာန်း မပွားကြဘူး” သူများနှိမ့်ချ.. ကိုယ့်ကိုယ်ကို မြှင့်တင်.. သောင်တင်နေပြန်ရော.. နားလည်မလား.. အဲဒီမှာလည်း တစ်ခါ အဲဒါ အခေါက် ခွါတာ.. နားလည်ပြီနော်.. မျက်စိ မလည်နဲ့နော်.. ရှိတယ်နော်.. ဒါ သတိထားပါ..

တစ်ခါ တစ်ဆင့်တက်လိုက်တော့ကာ သမာဓိ ဈာန် ပါ ရပြီတဲ့ အဘိဉာဉ် တန်ခိုးပါ ရပြီတဲ့.. ဒေ၀ဒတ်ကြီးလို.. သဘောပေါက်လား.. လောကီ အဘိဉာဉ် ဈာဉ်တွေ ရပြီး အကြားအမြင်တွေ ရတယ်.. ဖောက်မြင်တယ်.. အားအင်တွေ ကောင်းပြီး ကောင်းကင် ပျံနိုင်တယ်.. အားရှိသွားတာ.. အဲဒီတော့ကာ မာန တက်ပြီးတက်ပြီးတော့ “ဒင့်ဖြင့် ပုဂ္ဂိုလ်တွေက တကယ်မှ မကျင့်ဘဲ.. ငါ့လိုဘယ်ရမလဲ. ငါသာ ပျံနိုင်တာ” ဆိုပြီးတော့ တစ်ဖက်သား နှိမ့်ချ.. ကိုယ့်ကို မြှင့်တင်ပြီးတော့ မာန တက်ပြီးတော့ အဲမှာ သောင်တင်နေ ပြန်ရော.. အဲဒါ ကပ်နေပြီနော်.. အကာ ရောက်နေပြီ.. အနှစ်နား ကပ်နေပြီ.. အလှည့် လိုတော့တာနော်.. အဲဒီမှာ တစ်ခါ သွားပြန်တာပဲ.. တစ်ချို့ရှိတယ်.. နာရီပေါင်းများစွာ ထိုင်နိုင်တယ်.. သမာဓိ ကောင်းတာကိုး.. အကြာကြီး ထိုင်ပြီး.. ငြိမ်ပြီး အေးချမ်းနေပြန်တယ် ဆိုရင်ပဲ အထိုင်ကျနေတာပဲ.. “ငါက အထိုင်နိုင်ဆုံး.. ဒင့်ဖြင့်လူက ငါ့လို မထိုင်နိုင်ဘူး” ဆိုပြီး.. မာန်တက်တာ.. အဲဒီမှာ သောင်တင်တာ အများကြီးပဲ.. သဘောပေါက်လား.. လူများရင် ထိုင်ကြပြီ.. လေးငါး ဆယ်ရက်.. တစ်ချို့ လေးငါးရက်.. လေးငါးနာရီ ထိုင်ကြပြန်ပြီ.. မသိမသာ မာန်တက်တာ မသိဘူး..

အမှန် ဒီအကျင့်က သူများသိအောင် ကျင့်တာမှ မဟုတ်ဘဲနဲ့.. ကိုယ့်ကိုယ့်ကို စောင့်ရှောက်တဲ့ အလုပ်.. ဘုရားဟောမှာ မထေရ်တစ်ပါး.. ရဟန်းတာနေပြီ.. ရှင်ဘုရင် ပင့်တာ မလိုက်ချင်တော့ ရှင်ဘုရင် ကြွတဲ့ အချိန် ကုတင်ပေါ်မှာ ၀မ်းလျားမှောက်ပြီး.. တုတ်နဲ့ မြေကြီး ခြစ်ပြနေတာ.. ဘုရင်က တွေ့တော့ “ဟင်” ဆိုပြီး ပြန်သွားရော.. အဲတော့ ဘေးက သံဃာတွေက အရှင်ဘုရား ဘယ်လိုလုပ်လိုက် တာတုန်း.. သာသနာ ကြည်ညိုရာ မဖြစ်တော့ဘူးပေါ့.. ဆိုပြီး ၀ိုင်းပြောကြတာ.. အေးကွယ်.. သာသနာ ကြည်ညိုဖို့က ငါ့တာဝန်ထား ဆိုပြီး အဓိဋ္ဌာန်ပြီးတော့က ပရိနိဗ္ဗာန် ပြုသွားကော..

နောက်ပြီး ရဟန်းတစ်ပါး.. စာချရင်းနဲ့ ရဟန်းတာနေတာ.. ဒါပေမယ့် ရဟန္တာ ဖြစ်နေတာ လူမသိကြဘူး.. အရှင်ဘုရား ကျောင်း ခေါင်မိုးထက်မှာ အခေါင်းနှစ်ခေါင်း ဆန်းဆန်း ကြယ်ကြယ် ရောက်နေပါတယ် ဆိုတော့.. အော် အော် အော်.. ဘုန်းရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ရောပြီး အပူဇော် ခံရမှာပေါ့ဆိုပြီး သင်္ကန်းလေး ရုံပြီး ကောင်းကင် ပျံသွားရော.. နောက်ပြီး အခေါင်းထဲ ၀င်လိုက်တာ ပရိနိဗ္ဗာန် ပြုသွားရော.. အခေါင်း တစ်ခေါင်းက ခုန ပျံလွန်တော်မူ သွားတဲ့.. မြေကြီး တုတ်နဲ့ခြစ်တဲ့ ရဟန္တာရဲ့ အခေါင်း.. အခေါင်း နှစ်ခေါင်းက အပေါ်မှာ တံ့နေတာနော်.. ဘယ်သူမှ ချလို့ မရဘူး.. ဘုရင်ကိုယ်တိုင် ကန်တော့မှ ကျတယ်.. သဘောပေါက်လား.. သာသနာကို ကြည်ညိုအောင်လည်း လုပ်တော့ လုပ်ပစ်ခဲ့တာပဲ..

အဲတော့ သတိထားရမှာ ဘာလဲ ဆိုတော့.. သူများ အထင်ကြီးအောင် ဟန်ဆောင်ပြီးတော့ ထိုင်တာမျိုး မလုပ်ရဘူးနော်.. သိမ်မွေ့တဲ့ မာန.. မာန.. ငါအကြာကြီး ထိုင်နိုင်တာပဲ.. ဆိုပြီး မာနနဲ့ ထိုင်တော့ ကောင်းပါ့မလား.. မလုပ်နဲ့.. သဘောပေါက်လား.. သူများသိအောင်.. သိမ်မွေ့တဲ့ မာနနော်.. ငါထိုင်တာ သူများသိအောင်၊ ငါကျင့်တာ သူများ သိအောင်.. ညဘက်က ငါ ဘယ်နှစ်နာရီ ကြာအောင် ပွားမိတာ.. မကြွားနဲ့.. သဘောပေါက်လား.. တစ်ချို့က ညက ငါ ဓုတင် ဆောက်တည်တာ.. သူများကို သိအောင် ကြွားတယ်.. ကြွားစရာ အလုပ်မှ မဟုတ်ဘဲနဲ့နော်.. သဘောပေါက်လား.. အဲဒါကိုက သိမ်မွေ့တဲ့ မာန.. ငါဘယ်လောက် ထိုင်နိုင်တယ် ဆိုတာလည်း ကောင်းပါ့မလား.. လုပ်မပြရဘူးနော်.. ဆုံးမပြီးသား. ဆရာတော်တွေ ၀ိသုဒ္ဓိမဂ်မှာ.. ဆုံးမပြီးသားနော်.. ဓုတင် ဆောက်တည်တာ တောင်မှ သူများ အသိမခံရဘူး..

ရဟန်းနှစ်ပါး ရှိရာမှာ.. တစ်ပါးက ကျောမချ ဓုတင်ကို တစ်သက်လုံး အဓိဋ္ဌာန် ထားတာ.. အဲဒါ ညကျရင် ထိုင်နေပြီ.. ညကျရင် တုံးလုံး မလှဲဘူး.. ထိုင်နေပြီနော်.. အဲဒါ တစ်ပါးက အိပ်တာ.. မိုးရွာတော့ လျှပ်လက်တဲ့ အခါ နိုးတော့ ကြည့်လိုက်တဲ့အခါ.. ထိုင်လျက် သွားတွေ့တာ.. အရှင်ဘုရား.. ဓုတင် ဆောက်တည်တာလား ဆိုတော့ လှဲလိုက်တယ်.. မပြောဘူး.. ဆောက်တည်တယ် မပြောဘူး.. တုံးလုံးလှဲလိုက်တယ်.. သူများ အသိမခံဘူး.. ဘာမှ မပြောဘဲ လှဲအိပ်လိုက်တယ်.. နောက်မှ သူ့အလုပ်သူ ပြန်လုပ်တာ.. ဓုတင် ဆောက်တည်တာ တောင်မှ အသိမခံဘူး.. အဲလို ဖြစ်ရမယ်တဲ့.. နားလည်တယ်နော်.. ကိုယ်ကျင့်တာကို သူများ သိစေချင်တဲ့ စေတနာလေး ပါတာကိုက သိမ်မွေ့တယ်နော်.. သူများနှိမ့်ချ ကိုယ့်ကို မြှင့်တင်တဲ့ မာန.. သိမ်မွေ့တယ်နော်.. ပါမနေဘူးလား.. အဲမှာ သောင်တင်တတ်တယ်.. နားလည်ကြရဲ့လား.. သဘောပေါက် တယ်နော်.. အရေးကြီး တယ်နော်.. အဲတော့ကာ.. အထိုင်ပြိုင်တာလည်း ဘုန်းကြီးက သတိပေးပါတယ်.. မပြိုင်ကြပါနဲ့.. တစ်ချို့ နာရီတောင် ပြိုင်တယ်.. နာရီပေါင်း ဘယ်လောက် ထိုင်ထားတာ..

အဲလို မဟုတ်ဘူးနော်.. ဘုရား ဟောတာက.. ဘယ်လို ပုံစံဖြစ်ဖြစ်.. အမူအယာ တိုင်းမှာ တဏှာအစပ် ပြတ် မပြတ် သိအောင် ကြိုးစားရမယ်.. ဖြတ်တတ်ရမယ်.. တုံးလုံးလှဲရင်းလည်း မသေနိုင် ဘူးလား.. မေးပါဦးမယ်.. ကဲ.. တစ်နိုင်ငံလုံးမှာ သေတဲ့ မသာကို တွက်လိုက်.. တစ်ရာမှာ တစ်ယောက် ဆိုသလိုနော်.. ရှာကြည့်လိုက်.. ထိုင်သေတဲ့ မသာက နည်းမနေဘူးလား.. လဲသေတဲ့ မသာက များပါတယ်နော်.. တုံးလုံးလှဲရင်း တရားကျင့်လို့ မရနိုင်ဘူးလား.. တုံးလုံး လှဲရင်ပဲ တစ်ချို့က တရားကျင့်တယ် မထင်ဘူးလေ.. တုံးလုံးလှဲရင်းလည်း တရားကျင့်လို့ ရပါတယ်.. သဘောပေါက်လား.. ဒါ သက်သာသော ဣရိယာပုတ် ခေါ်တယ်.. ညာတော့ မညာနဲ့ပေါ့.. တရားကျင့်တယ် ဆိုပြီး အိပ်တော့ မအိပ်နဲ့ပေါ့.. အဲဒါတော့ ညာလို့ မရဘူးပေါ့နော်.. ရှိဘူးတယ်.. ဘုန်းဘုန်းတို့ တောသွားတော့.. ဘုန်းဘုန်းနဲ့အတူ တစ်ပါးပါတယ်.. အဲဒီ ကိုယ်တော်ကြီးက သူက ခပ်ပျော်ပျော် နေတာကိုး.. အဲဒါ နေ့ခင်းဘက် အိပ်ချင်တော့.. ကျောင်းသားကို မှာတယ်.. ဘုန်းကြီး မေးလို့ရှိရင် တရားထိုင်နေတယ် ပြောလိုက်တဲ့.. အဲဒါ ကျောင်းသားက တင်ပါ့ဘုရား ဆိုတော့ သူက ၀င်အိပ်တာ.. ဧည့်သည်လာတော့ ကလေးက ချောင်းကြည့်တယ်.. ကလေးက မညာတတ်ဘူး.. အဲဒါ ချောင်းကြည့်တော့ အိပ်နေတာ တွေ့တော့.. ဘုန်းဘုန်း ဘာလုပ်နေလဲ ဆိုတော့.. တရား ကျိန်းနေတယ်တဲ့..  ထိုင်တယ် မပြောဘဲ တရားကျိန်းနေတယ်တဲ့.. အခုလည်းပဲ တရား မကျိန်းကြနဲ့ ပေါ့နော်.. အဲတော့ ညာတော့ မညာကြနဲ့ ပေါ့နော်.. တုံးလုံးလှဲလည်းပဲ.. အိပ်တော့ တကယ် မအိပ်နဲ့ပေါ့နော်.. တရား ကြိုးစားပေါ့.. နားလည်ပြီလား.. ဒီတော့ကာ ဘုရားဟောတာက အင်မတန် ဖြောင့်စင်းဖို့..

ဒါဖြင့်ရင် သာသနာရဲ့ အနှစ်သာရ ကို ရှာတဲ့ နေရာမှာ.. လာဘ်လာဘ ပူဇော်တာတွေ နာမည် ကြီးတာက.. သာသနာမှာ ဘာခေါ်လဲ.. အခက်အရွက်၊ နားလည်မလား.. သီလမှာ သောင်တင်တာ ကျတော့.. အပွေး၊ ကမ္မဋ္ဌာန်းတွေမှာ မြဲတာက.. အခေါက်၊ အဘိဉာဉ် တန်ခိုးပါ ရတဲ့ ပုဂ္ဂိုလ်ကျတော့.. အကာ ပဲ ရှိသေးတယ်တဲ့.. ဒါဖြင့်ရင် အဓိက အနှစ်က ဘာလဲ ဆိုတော့.. အချိန်မရွေးနော်.. လွတ်မြောက်နေဖို့ ပါ။ လွတ်မြောက်မှုကို ဘုရားက လိုချင်တာ.. နားလည်ပြီလား.. အချိန်မရွေး၊ ကာလ မရွေးမှာ.. ဉာဏ်တည့် လွတ်မြောက်မှု သဘောတရား ရဖို့သာ အနှစ်သာရ.. ကျန်တာတွေက ရှေ့ကနေ လမ်းခင်းထားတာ ခေါ်တယ်..

သို့သော် သီလသည် သာသနာရဲ့ အသက်ပါနော်.. သီလကိုလည်း အရှည်တည်အောင် အားလုံး စောင့်စည်းကြရ မှာပေါ့.. သို့သော် အလုပ်ခွင် ကျတော့ကာ မာန ထားရမှာလား.. သီလ မာန မထားရဘူး.. ဖြတ်သွားရ မှာနော်.. ဒါ သတိထားပါ.. “သူများ နှိမ့်ချ ကိုယ့်ကို မြှင့်တင်” တဲ့ မာနမျိုး မဖြစ်စေရဘူးတဲ့.. သဘောပေါက်လား.. သေချာမှတ်ကြနော်.. အဲတော့ ဒီမှာ ဘုန်းကြီးတို့ သတိပေးနေကြတယ်.. သိမ်မွေ့တယ်နော်.. တရားအတင်း ဆိုတာလည်း ပေါ်တတ်တယ်.. တရားအတင်း ဆိုတာလည်း ရှိတတ်တယ်.. ခဏခဏ ဘုန်းဘုန်း ပြောဘူးပါတယ်.. တောင်ငူနယ်မှာ ကလေးတွေ ပြောတာကို တစ်ဆင့် မှတ်ရတာ.. ဗလီ သွားတတ်တော့ ညီအစ်ကို နှစ်ယောက်.. အဲမှာ ညီက ပြန်လည်း ပြန်ရော.. အိမ်ရောက်တော့ အဖေကို တိုင်တယ်.. “အဖေ အဖေ.. အစ်ကိုရယ်တဲ့.. ဘုရားရှိခိုးတာ ဘုရားဆီမှာ စိတ်မရှိဘူး.. ဟိုကြည့် ဒီကြည့်နဲ့တဲ့” “မင်း ဘယ်က မြင်တာတုန်း” ဆိုတော့ “ကျွန်တော် သူ့ကြည့်နေတာတဲ့”  သဘောပေါက်လား.. သူကော ဘုရားဆီမှာ စိတ်ရှိလား.. မရှိဘူးလေ..

တစ်ချို့ရှိတယ်နော်.. ယောဂီတွေ အချင်းချင်း အတင်းပြောကြတာ.. ယောဂီတွေက ရိပ်သာမှာ လာပြီး စကားတွေ များနေကြတာ.. တရားလည်း မထိုင်ဘူး.. လို့ ပြောကြတယ်.. ပြောတဲ့သူကော ထိုင်လား.. 

တစ်ချို့ ပြောတယ်နော်.. အမလေး.. ရိပ်သာနဲ့ မတူဘူး.. စကားတွေ များနေကြတာပဲ.. တရားလည်း မလုပ်ကြဘူး ပြောတော့.. ပြောတဲ့ ပုဂ္ဂိုလ်ကကော.. သူကော ထိုင်လား ဆိုတော့.. ဒီအချိန်မှာ မထိုင်လို့ ပြောတာ.. ဟို ရိုးရိုးတန်းတန်း ပြောတဲ့ ပုဂ္ဂိုလ်က မေ့မေ့ လျော့လျော့ ပြောတာမို့လို့ တော်သေးတယ်.. သူက သူများအပေါ် အထင်သေး ပြောတာ.. ပိုတောင် ညံ့သေးတယ်.. သဘောပေါက်လား.. သူက မာနနဲ့ပြောတာ ပိုတောင် ညံ့သေးတယ်.. နားလည်တယ်နော်.. သတိထားနော်.. သိမ်မွေ့လွန်း အားကြီးလို့ ပြောနေတာနော်.. တစ်ဖက်သား နှိမ့်ချ.. ကိုယ့်ကို မြှင့်တင်တာ အင်မတန် သိမ်မွေ့တာ.. သဘောပေါက်လား.. နားလည်တယ်နော်.. ရိပ်စားမိလား.. အဲတော့ ကိုယ့်ကိုယ်ကို သတိထား.. မမှားစေနဲ့နော်..

အင်မတန် ဆိုးတာ.. သီလလေး မြဲထားလို့ ရှိရင်လည်း တင်းထားပြီးတော့ကာ.. ဒင့်ဖြင့် ပုဂ္ဂိုလ်က ငါ့ထက်နိမ့်တယ်လို့ မြင်သွားရင်ကော ကောင်းလား.. မကောင်းဘူး.. အဲဒီမှာ ခံရတာပဲ.. သဘောပေါက်လား.. နားလည်တယ်နော်.. အားလုံးကို နားလည် ခွင့်လွှတ်ထားပါ.. သူမသာ ကိုယ်မသာပဲ  ဘာမှ မထူးပါဘူးနော်.. နားလည်ကြတယ် မှတ်လား.. အဲတော့ကာ သူလည်း မှားမှာပဲ.. ကိုယ်လည်း မှားမှာပဲ.. မောဟ မကင်းသေးရင် အမှားက ဘယ်ရမလဲ.. ရှိမှာပေါ့.. စံကင်း ဆရာတော်ဘုရားကြီး ပြောသလို “သူမှားလည်း ကိုယ်ပြင်၊ ကိုယ်မှားလည်း အပြင်ခံ” ဒီလိုစိတ် မွေးရမှာနော်.. ယှဉ်ပြိုင်ပြီးတော့ကာ မာနနဲ့ ဆက်ဆံရမှာလား.. အဲဒီ မာနမျိုး မ၀င်ရဘူးနော်.. သတိထားကြ.. ပြင်ကြနော်.. ကဲ.. ဆက်ရအောင်..

တကယ့် အရှိ သဘောတရားကတော့ ၀ိမုတ္တိ ခေါ်တယ်နော်.. ကာလသုံးပါး လွတ်ပြီးတော့ ချုပ်ငြိမ်းနေတာပဲ.. အခု ပြောရင်း ဆိုရင်း ကဲ.. ကြားသိ၊ တွေးသိ၊ သိသဘောတွေဟာ.. အပေါင်းအားဖြင့်နော်.. လောင်ပြီးတော့ကာ ပြီးဆုံး မနေဘူးလား.. အချိန်ထားလိုက်၊ အချိန် ထားလိုက်နော်.. ကုန်မနေဘူးလား.. ကုန်တဲ့ အချိန်က ပြန်လာပါ့မလား.. မလာဘူးနော်.. ခုန ပြောတဲ့ အသံတွေ၊ အသိတွေ လိုချင်တယ်.. ရမလား.. ဘယ်တော့မှ မရတော့ဘူး.. ကဲ ခုနပြောတဲ့ ခံစားမှုတွေ လိုချင်တယ်.. ရမလား.. ကဲ အသက်ရှူလိုက်တဲ့ ခံစားမှုကော ပြန်လိုချင်တယ်.. တစ်ပေါင်းတည်း နော်.. ထုတ်လိုက်တဲ့ ခံစားမှုကိုလည်း ပြန်လိုချင်တယ်.. ရမလား.. မရဘူးလေ.. ခံစားမှုနောက်မှာ အရိပ်ပါ ပါသွားတာနော်.. အရိပ်ကို ထူးပြီးတော့ လုပ်မနေနဲ့.. သဘောပေါက်လား.. တစ်ပေါင်းတည်း ပါတာ.. ပျောက်အောင်လည်း မကြိုးစားနဲ့.. နားလည်ပြီလား.. သူ့သဘော အတိုင်းပဲ.. ပျောက်တာလည်း ရှိပြီးသား.. ပျောက်အောင်လို့ ငါနဲ့ အားမစိုက်နဲ့နော်.. အမှန်သိ လိုက်ရင် သူ့ဟာသူ ပျောက်နေလိမ့်မယ်.. ဒါဖြင့် ကဲ ထပ်ရှူမယ်.. ရှူဆဲကာလ ပေါ်သမျှ ခံစားမှုနဲ့ အရိပ်တွေကို ပြန်လိုချင်တယ်.. ရမလား.. မရှိတော့ဘူးလေ.. သဘောပေါက်လား.. ကဲ ထပ်ပြီး တစ်ခါ ထုတ်လိုက်ပြန်တယ်.. အဲမှာ ရှိတဲ့ ခံစားမှုတွေကို မြဲအောင် ခိုင်အောင် ရပ်ထားမယ်.. ရလား.. ပြန်လိုချင်လို့ကော ရလား.. ပြီးဆုံးနေတာပဲ ရှိတယ်.. နားလည်ပြီနော်.. အချိန်နဲ့ ယှဉ်ထားတာကိုး..

သုတ္တန်က ဘာတုန်း.. ဘဒ္ဒေကရတ္တ သုတ္တန် နော်.. မနက်ဖြန် သဘက်ခါ စိတ်မချရဘူး.. ဒီနေ့ပဲ လုပ်ပါ.. ဘုရားက ဆုံးမခဲ့တာနော်.. အင်မတန် ရှင်းအောင် ဟောပစ်ခဲ့တာ.. နားလည်ပြီလား.. ဒါကြောင့် နတ်တွေ ကြိုက်လွန်းလို့ ဘုရားက လေးခါတောင် ဟောရတာကိုး.. အတိတ်ခန္ဓာ အစဉ်မလိုက်ပါနဲ့.. ပြီးဆုံးခဲ့ပြီ.. အနာဂတ်ခန္ဓာ မတောင့်တပါနဲ့.. မလာသေးဘူး.. ခု ပေါ်ဆဲ ခန္ဓာကကော.. ရေမှာ အရုပ်ရေးသလို၊ ရဲနေတဲ့ သံအိုးကင်းပေါ် ရေစက်ကျသလို.. ထိရင်းပျောက်၊ သိရင်းပျောက်၊ လောင်ရင်းကုန်.. ပြီးဆုံးနေတာ.. ဒါ ခန္ဓာငါးပါးကို ရှုတဲ့နေရာမှာ ဒီနည်းက အမြင့်ဆုံးပဲ.. ဘုရားပေးတာ.. အဲဒါ ဘုရားပြောတဲ့ ၀ယဓမ္မာ သင်္ခါရာ.. ဒါနဲ့မှ သဘောပေါက်ကြ လိမ့်မယ်.. ရပြီလား.. ကိုယ်လုံးထဲက ရွရွမွမွ ရှုတာ ဟုတ်ရဲ့လား.. မဟုတ်ဘူးလေ.. ကိုယ်လုံးကြီး အထည်ထင်ထား ကတည်းကိုက ငြိမ်နေပြီလေ.. ငါ့ကိုယ်လုံးလို့ ထင်ထား ကတည်းကိုက ဒိဋ္ဌိ ပါမနေဘူးလား.. ငါ့ကိုယ်ထဲက လက်ခြေတွေ လိုက်ပြီး ချာလပတ် ရမ်းနေတာပဲ.. ဘယ်တော့ ဆုံးမလဲ.. ငါနဲ့ တိုက်တာကိုး.. မျက်နှာက ငါ ထင်ထားတာကိုး.. အဲလိုဆိုရင်တော့ လည်နေမှာပဲ.. သေအောင်ရှု၊ နိဗ္ဗာန် မပေါ်ဘူး.. သဘောပေါက်လား.. နားလည်တယ်နော်..

ပြန်ပြောမယ်နော်.. ၀ိပဿနာ ရှုတာက ရှေ့စိတ် နောက်စိတ် စကားပြောခဲ့တယ်လေ.. မိုးကုတ် ဆရာတော် ဘုရားကြီးက ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုတာဟေ့ လို့ မပြောခဲ့ဘူးလား.. ပြောခဲ့ပြီးသား.. အစဉ် ကိုပြောခဲ့ပြီးသား.. ပုစ္ဆာသင်္ချာ တွက်သလိုပဲ..

တစ်ခေါက် ပြန်ပြောမယ်နော်.. ငါးဆယ် အမြှောက် လက္ခဏာ လေး.. ညီမျှခြင်း.. ကဲ ဘာအဖြေ ပေါ်တုန်း.. မနောမှာ ဘာပေါ်လာတုန်း.. ပေါ်တယ်နော်.. အဲတော့ ပြောတဲ့ အသံထဲမှာ အဖြေပါလား.. မနော ပေါ်ပေါ်ချင်းကော အဖြေပေါ်လား.. မပေါ်ဘူး.. နောက်စိတ် အစုကနော်.. နှစ်ရာ ဆိုတဲ့ ပုံလေး ပေါ်မလာဘူးလား.. ပေါ်လာတာ.. အဲဒါ ပညာအလင်းက ဖော်ပေးတာ.. ငါမဟုတ်ဘူး.. အဲဒီအတိုင်းပဲ အသက် ဒီလို ရှူလိုက်ပြီ ဆိုတာနဲ့ ကိုယ်မှာ ထိတာနဲ့ မနောမှာ ပေါ်တာ.. ပေါ်တာကို ခေါင်းမဟုတ်ကြောင်း၊ လက်လို့ မဟုတ်ကြောင်း၊ စကား မပြောကြောင်း.. တံလျှပ်လို ကြည့်ပြီး တရိပ်ရိပ် ကုန်ဆုံးကြောင်း ကြည့်တာက.. ပညာအလင်း.. နားလည်ပြီလား.. အဲဒီအတိုင်း ရှုတာပါ..

တဏှာဆိုတာ အဲဒီ အာရုံကို ဆက်တာ.. အကောင်ထင်ပြီး ဆက်တာက တဏှာ.. ဆက်တော့မှ ငါ့ခေါင်း၊ ငါ့ကိုယ်၊ ငါဘယ်လို နေချင်တာ၊ ငါဘယ်လို ဖြစ်ချင်တာ.. ဆိုရင် ဥပါဒါန်.. နားလည်ပြီလား.. အဲလို အားစိုက်လိုက်တာနဲ့ ရင်ထဲမှာ တင်းပြီး တွန်းအားထွက်ရင် ဓါတ်ရိပ် ဓါတ်ခိုးပြောင်းပြီး တော့ကာ ကမ္မဘ၀ ပဲ.. မကျေမနပ်ဆိုရင် မျက်နှာက ငြှိုးကျပြီး ပူလောင်နေရင် အပါယ် ဇာတိပဲ.. ပြန်ပြောမယ်နော်.. သေချာမှတ်ကြ.. ကိုယ့်ကိုယ်ကို ပြန်ပြီး မကျေမနပ် ဖြစ်နေလို့ မျက်နှာ ငြှိုးကျသွားလည်း ဘာခေါ်လဲ.. အပါယ်ဇာတိ ဖြစ်နေတာပဲ.. ညံ့တာ.. ပူလောင်တယ် ဆိုကတည်းက ညံ့နေပြီ.. အားမရရင် ပူလောင်ပြီ ဆိုကတည်းက ဘာတုန်း.. အပါယ် ဇာတိပဲ.. ဓါတ်ရိပ်ဓါတ်ခိုး ညံ့နေပြီ.. အမှန်က မျက်နှာ အမြဲတမ်း ရွှင်လန်းနေမှ ကောင်းတာ.. ကုသိုလ်သမား ဆိုတာ ရင်ထဲအေးပြီး အမြဲတမ်း ရွှင်လန်းနေရမှာ.. နားလည်လား.. တစ်နေ့ တစ်နေ့ မျက်နှာ ငြှိုးနေပြီ ဆိုရင်.. အဲဒီ ငြှိုးနေတာကိုက အပါယ်ဇာတိ ဖြစ်နေတာ.. ကိုယ့်ကိုယ်ကို ဒါကြောင့်မို့ အရှုံး မခံနဲ့နော်.. အမြဲတမ်း ပြုံးနိုင်အောင် ကြိုးစားရမှာ..

တဏှာဆိုတဲ့ သဘောတရားက တခြား မဟုတ်ဘူး.. ပေါ်တဲ့အာရုံ၊ မြင်ဖူးတဲ့ အဆင်း၊ ကြားဖူးတဲ့ အသံ၊ နံဖူးတဲ့ အနံ့၊ စားဖူးတဲ့ အရသာ၊ တွေ့ဖူးတဲ့ အတွေ့အထိ.. ပုံရိပ်တွေ ပါပဲနော်.. အဲဒါကို အကောင်အထည် ထင်လိုက်တဲ့ ဒိဋ္ဌိရှိတော့မှ.. ငါထင်တော့မှ တဏှာက ဆက်တာ.. သဘောပေါက်လား.. သူ့သဘောတရား အမှန်ကတော့ ကာလနဲ့ ယှဉ်ပြီး တရိပ်ရိပ်နဲ့ ကုန်ဆုံးဖို့ ပေါ်လာတာ.. ပျောက်ဖို့ ပေါ်တာ.. စကားပြောတာ ပါလား.. မပါဘူး.. တောင်းဆိုချက် ရှိပါ့မလား.. မရှိဘူးနော်.. အဲဒီအတိုင်း သိနေမယ်ဆိုရင် ဒါက ၀ိမုတ္တိ ခေါ်တယ်.. အနာဂတ်လည်း မဟုတ်၊ အတိတ်ကော ဟုတ်လား.. မဟုတ်ဘူးနော်.. ပစ္စုပ္ပန်ကော တင်လား.. လွတ်မြောက်နေတယ်.. အဲဒီရောက်အောင် သွားဖို့ကို ဘုရားက သင်တာ.. နားလည်ပြီနော်.. ဒါ အဓိက သာသနရဲ့အနှစ်ပဲလို့ ဘုရားက ဆုံးမတာ.. ဒါကလိုရင်းပဲလို့ ဘုရားက အမိန့်ရှိတာ.. ဒေ၀ဒတ်ကြီးက အဲဒီ လိုရင်း မရောက်ဘဲနဲ့ ဈာဉ်အဘိဉာဉ်မှာ သောင်တင်ပြီးတော့ ငရဲ ကျသွားတာကိုး.. သဘောပေါက်လား.. နားလည်တယ်နော်.. ဒီအဆင့်ရောက်မှ စိတ်ချရမှာ.. သီလမှာ တင်လည်းပဲ အနှစ် ရောက်ပ့ါမလား.. မရောက်.. သို့သော် သီလသည် သာသနာရဲ့အသက်ဆိုတော့ စောင့်စည်းရမယ်နော်.. လုပ်ငန်းခွင်မှာတော့ ဒါ အပွေး လောက်ပဲ ရှိတယ်လို့ မှတ်ထားရမှာ.. သီလ မာနလည်း မထားရဘူးနော်..

********************************

ပိုင်းလော့ ဆရာတော်ဘုရား ဟောကြားတော်မူသော ကိလေသ သံယောဇဉ်ဆယ်ပါး ပယ်ပုံ တရားတော်မှ ထုတ်နုတ်ရေးသား ပူဇော်ပါသည်..။

လေးစားရိုသေစွာဖြင့်
ဖိုးသား

7/11/2010, SUN:, 1:25:13 AM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

3 comments

  1. ထက်စုနှင်းဆီ
    July 10, 2010 at 8:14 PM

    လိုက်နာစရာ အနှစ်သာရအပြည့်အဝပါသော ဆုံးမစာလေးပါပဲ ဖိုးသားရေ.... ကျေးဇူးနော်.

  2. ဖိုးသားရေ.. အရမ်းကောင်းတဲ့တရားလေးတစ်ပုဒ်ပါပဲ။ မျှဝေတဲ့အတွက် အထူးကျေးဇူးပါ။ အမလည်းအခုမှ စာကြွေးတွေလိုက်ဖတ်ရလို့ပါ။ အဆင်ပြေပျော်ရွှင်ပါစေ။

  3. အခုဆောင်းပါးနဲ့ တိုက်ရိုက်တော့ မသက်ဆိုင်ပါဘူး။ ကျန်းမာရေးနဲ့ သက်ဆိုင်နေတဲ့ ဗီဒီယိုလေးတွေကို တင်ပြချင်လို့ပါ။ ကာကွယ်ဆေးကို အကောင်းပဲမြင်နေသူများ သတိထားသင့်တဲ့ ဗီဒီယိုလေးတွေဖြစ်ပါတယ်။ လောဘနဲ့ အတ္တတွေကြီးနေတဲ့ စီးပွားသမားတွေနဲ့ နိုင်ငံရေးသမားတွေ စုပေါင်းပြီး လူသားတွေကို သတ်ဖြတ်ဖို့ ပြောဆိုနေတဲ့ ကိစ္စလေးတွေကို သတိထားမိသင့်တယ်လို့လည်း ယူဆမိပါတယ်။ အနှောင့်အယှက်ပေးမိရင် ခွှင့်လွှတ်ပေးပါလို့ တောင်းပန်ပါတယ်။

    Bill Gates says:
    "The world today has 6.8 billion people. That's heading up to about nine billion. Now if we do a really great job on new VACCINES, health care, reproductive health services, we could LOWER that by perhaps 10 or 15 percent."


    STRAIGHT UP DEPOPULATION QUOTES FROM THE GLOBAL ELITE:

    "A total world population of 250-300 million people, a 95% decline from present levels, would be ideal."
    Ted Turner

    "In order to stabilize world population, we must eliminate 350,000 people per day. It is a horrible thing to say, but it is just as bad not to say it."
    J. Cousteau, 1991 explorer and UNESCO courier

    "We must speak more clearly about sexuality, contraception, about abortion, about values that control population, because the ecological crisis, in short, is the population crisis. Cut the population by 90% and there aren't enough people left to do a great deal of ecological damage."
    Mikhail Gorbachev

    "World population needs to be decreased by 50%"
    Henry Kissinger

    "If I were reincarnated I would wish to be returned to earth as a killer virus to lower human population levels."
    Prince Phillip

    "Childbearing should be a punishable crime against society, unless the parents hold a government license. All potential parents should be required to use contraceptive chemicals, the government issuing antidotes to citizens chosen for childbearing."
    David Brower, first Executive Director of the Sierra Club

    ☀ Bill Gates EXPOSED! Wants Depopulation Through Vaccines!

    ☀ Bill Gates, " Vaccinate to Depopulate": His Logic Explained

    ☀ Warren Buffett donation to Bill Gates foundation

    ☀ Bill Gates talking about Warren Buffett

    ☀ Bill Gates Confronted on Eugenics by We Are Change

    ☀ Fuck The New World Order

    ★ မြန်မာဆိုတာ မင်းမမေ့နဲ့ ★
    ★ မြန်မာဆိုတာ မင်းမမေ့နဲ့ ★
    ★ မြန်မာဆိုတာ မင်းမမေ့နဲ့ ★

Leave a Reply