Latest News

*ကြိုးနဲ့စွန်*

စာရှုသူ အခုဖတ်မယ့် ကဗျာလေး ကလည်း လိုက်နာသင့်တဲ့ ကဗျာလေး တစ်ပုဒ်တော့ မဟုတ်ပါဘူး… ပုထုဇဉ်တို့ရဲ့ သံယောဇဉ်ကို ကြိုးနဲ့ စွန်ပမာ တင်စား ရေးဖွဲ့ထားတာ လေးပါ… ပယ်သတ်ရမယ့် အကြောင်း တရားတွေပါတဲ့ ကဗျာကောင်းလေး တစ်ပုဒ်လို့ ကျွန်တော် ဆိုရင်လည်း မိတ်ဆွေတို့ လက်ခံမလားမသိ…။


*ကြိုးနဲ့စွန်*


တစ်ခါတစ်လေ...

ဝေဟင်ထိုးဖေါက်

မိုးရောက်အောင်သွား

ငှက်များဘုရင်

လင်းယုန်ရှင်လို

ဖြစ်ချင်တယ်…။



တစ်ခါတစ်လေ...

ရှင်နေမင်းနား

ခစားဝပ်စင်း

တိမ်ကိုခွင်းတဲ့

သိမ်းငှက်မင်းလို

ဖြစ်ချင်တယ်...။



တစ်ခါတစ်လေ...

ရေပေါ်လှိုင်းစီး

ပြီးတော့ထပျံ

မိုးသားထံပျော်

မုန်တိုင်းစင်ယော်

ဖြစ်ချင်တယ်...။



ဒါပေမယ့်ကွယ်…

ငါပျံပါလည်း

မိုးသားထဲတက်

ပင့်သက်ခဏ

တစ်ချမျှသာ

ဆင်းရပြန်ပြီ

နဖားသီဖွဲ့

ကြိုးနဲ့စွန်လေ... ကြိုးနဲ့စွန်။



>>> ဒီကဗျာလေးကိုတော့ ကျွန်တော့်ရဲ့ အစ်ကို ကိုဥပါသကာ ဘလော့မှ ကူးယူဖော်ပြ မျှဝေလိုက်ရပါတယ်...။

လေးစားစွာဖြင့်
ဖိုးသား

10/02/2009, TUE:, 3:43:48 AM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

1 comments

  1. ဒေါင်းမင်း
    February 10, 2009 at 9:38 AM

    ကြိုက်တယ်ဗျာကဗျာလေးကိုကဗျာကောင်းလေးပဲ

Leave a Reply