Latest News

*အကြောင်းနဲ့ အကျိုး (၂)*

ခြောက်၍ ကြောက်ပါသည်၊
မြှောက်၍ မြောက်ပါသည်။

ခွဲ၍ ကွဲပါသည်၊
ဖြဲ၍ ပြဲပါသည်။

နှဲ့၍ နဲ့ပါသည်၊
နှပ်၍ နပ်ပါသည်။

ခွါ၍ ကွာပါသည်၊
ချန်၍ ကျန်ပါသည်၊

ဖျောက်၍ ပျောက်ပါသည်။
ဖောက်၍ ပေါက်ပါသည်။

မကြောက်ချင်ရင် မခြောက်နဲ့၊
မမြောက်ချင်ရင် မမြှောက်နဲ့။

မကွဲချင်ရင် မခွဲနဲ့၊
မပြဲချင်ရင် မဖြဲနဲ့။

မနဲ့ချင်ရင် မနှဲ့နဲ့၊
မနပ်ချင်ရင် မနှပ်နဲ့။

မကွာချင်ရင် မခွါနဲ့၊
မကျန်ချင်ရင် မချန်နဲ့။

မပျောက်ချင်ရင် မဖျောက်နဲ့၊
မပေါက်ချင်ရင် မဖောက်နဲ့။

ကြောင်းကျိုးဆက်နေတာ ဆက်နေတာ။
ကြောင်းကျိုးဖြတ်နေပါ ဖြတ်နေပါ။
ကြောင်းကျိုးပြတ်စေမှာ ပြတ်စေမှာ။ ။

>>> အကြောင်းနဲ့အကျိုး(၁) ကိုတော့ ကျွန်တော်ရေးခဲ့ ပြီးပါပြီ... အခု အကြောင်းနဲ့ အကျိုး (၂)ကို ဆက်လက်ရေးသား လိုက်ပါတယ်...။

အားလုံးသော ဓမ္မမိတ်ဆွေများအားလုံး ကြောင်းကျိုးဆက် တရားမှ ကြောင်းကျိုးပြတ် တရားသို့ အရောက် လှမ်းနိုင်ပါစေ၊ အရောက် လှမ်းနိုင်အောင်လည်း အားထုတ်နိုင်ပါစေ။


လေးစားစွာဖြင့်
ဖိုးသား

2/18/2009, WED:, 4:34:29 PM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

1 comments

  1. စကားလုံးတွေက တန်ဖိုးရှိတယ် မောင်လေးရေ... လောကမှာ အကြောင်းနဲ့ အကျိုး စပ်ဆက်နေတာလေးတွေကို ပြောပြပေးတာ ကျေးဇူးတင်ပါတယ်...
    နောက်ရေးမယ့် သုံး တွေ လေးတွေ ကိုလည်း စောင့်မျှော်ဖတ်ရှု ပါ့မယ်.. နော်..

Leave a Reply